ကံမကောင်းလောက်ဘူး

2.6K 254 13
                                    

# Uni

ဟုတ်တယ်... စ​သိကတည်းက​ အခုထိသိခဲ့တဲ့တလျှောက် အဖေလို့တော်ရုံမပြောဖူးသလို သူ့အဖေအကြောင်းကိုလဲသိပ်မပြောဖြစ်...

ငါ​လေးကပြောလိုက်တော့ အဲ့ဦးလေးက သူ့သားကို လှမ်းကြည့်တယ်...ဂျက်ဆင်ကတော့ သူ့အဖေကိုရော ဘယ်သူကိုမှ မကြည့်ဘဲ ကိုယ့်ကိုသာ ကြည့်နေလေရဲ့

"သူအမှန်ဆို ​ခေါ်ချင်တာပေါ့...သူ့အဖေပဲဟာ သူများမိဘ​တွေလာကြိုတာ​မြင်ရင် သူလဲဦးကိုမျှော်နေခဲ့မိမှာ...သူများကလေးတွေပျော်နေတာ​​မြင်တိုင်း  သူသိပ်အားကျခဲ့ရမှာပါ ဦးရယ် ''

"...''

"သူကစားကွင်းကိုသွားတတ်တယ်... ခနခနဆိုသလိုပဲ...အဲ့ကမိသားစု​တွေကိုကြည့်ပြီး အရမ်းအားကျ​နေ​ခဲ့ရတာပါ.. အဲ့တာကို​ရော ဦးသိလား..''

"....''

"သူကအပေါင်းအသင်းမထားတာမဟုတ်ဘူး...သူငယ်ငယ်က အပေါင်းအသင်းတွေရှိကောင်းရှိမယ်... သူတို့မိဘတွေကသူတို့ကို အချိန်ပေးတာကိုမြင်ရတဲ့အခါ ဝမ်းနည်းရသလို့ အားကျရလို့...''

"....''

"သူတို့မိဘတွေက သူတို့အပေါ်ဘယ်လောက်ကောင်းတဲ့အကြောင်းပြောနေကြတဲ့အခါ သူကရော ဘယ်အကြောင်းအရာကိုပြောပြရမလဲ...သူ့မှာပြောပြစရာမှမရှိတာ...''

"....''

"ငါ့အဖေကငါ့ကိုသိပ်အထင်​သေးတာကွ...ငါကသူများနဲ့ယှဥ်လို့တောင်မရတဲ့အကောင်လေ..အဲ့စကားတွေကိုပြန်ပြီး ကြွားလုံးထုတ်ရမှာလား..''

"....''

"အဲ့လိုနဲ့... အပေါင်းအသင်းဆိုတာမျိုးကို ရှောင်ဖယ်လာရင်း သူငယ်ချင်းဆိုတာ​တောင် မထားရဲတော့ရာကနေ လူတွေနဲ့ ပြေလည်အောင်မနေတတ်တော့တာပါ..''

".....''

"အခမ်းအနားတွေဆို ဂျက်ဆင်ကိုပွဲထုတ်ဖူးလား...သူဘာပြောချင်လဲဆ်ိုတာကိုရော နားထောင်​ပေးဖူးလား...ဂျက်ဆင်ကမအောင်မြင်ချင်တာမဟုတ်ဘူး...ဦးကသာသူ့ကိုအောင်မြင်အောင် လမ်းမဖွင့်ပေးခဲ့တါပါ..''

"....''

"နောက်လေ... ဂျက်ဆင်ဘာလို့ဆိုးတာလဲ​ရောသိချင်လား...အမှန်က ဆိုးချင်ယောင်ဆောင်နေခဲ့တာ.. ချီမှာမောင်တစ်ယောက်ရှိတယ်..သူကငယ်ငယ်က လူကောင်သေးလို့ အနိုင်ကျင့်ခံရတယ်​လေ အမြဲလိုလို...အဲ့အချိန်ဆို ချီကပဲ လူမိုက်​ကြီးသွားလုပ်ခဲ့ရတာ..''

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now