အန်ရလွန်းလို့ ရင်ခုန်နေတာ

2.8K 246 15
                                    

#Uni

"အော့....အော့ အဟွတ် အော့.... ''

သန့်စင်ခန်းအပြင်ကတောင် ကြားနေရတယ်ဆိုတော့... သန့်စင်ခန်းဝင်မဲ့သူတွေလဲအသံကြားပြီး မဝင်​တော့ဘဲထွက်သွားကြသလို... အနားကဖြတ်သွားတဲ့သူတိုင်း မျက်နှာကြီးမဲ့ပြီးအမြန်ဖြတ်သွားကြတယ်

ဖြစ်မှာပေါ့... ကြားနေရတဲ့အသံကိုက စိတ်မချမ်းသာစရာကြီးလေ... အန်နေတာလဲအပြင်ကတောင်ကြားရတယ်

အန်ဆို ဖြစ်တာတောင်နည်းသေး... ထမင်းကိုဘီလူးသရဲဝင်ပူးခံရသလိုစားတာကို...အရင်ကတည်းက ဒီချိန်ဆိုစားကျင့်မရှိတာရော သေချာမစားဘဲမြိုချတော့ ရင်ပြည့်တာပေါ့

ဒါတောင် အကုန်စားပစ်တာ ထမင်းဗူးဆို ထမင်းရောဟင်းပါမကျန်ဘူး... အဲ့တော့အန်တာနည်းသေး

"မင်း...ဟူးး အဟွတ် ''

အားမရှိတဲ့လေသံနဲ့ ခြေထောက်တောင်သေချာမရပ်နိုင်​​တော့တဲ့ဆရာလေချိုသွေးကို ကူတွဲပေးတော့

ဘောင်းဘီအိတ်ထဲက​နေဖုန်းထုတ်လိုက်ပြီး နံပါတ်တစ်ခုကို နှိပ်လိုက်တယ် ပြီးတော့ လူကိုဖုန်းလာပေးပြီး

"ကိုယ် သင်တန်းတချိန်ကျန်သေးတယ်... ဟူး...ခွင့်တိုင်ပေး ''

အရင်လိုမာမာထန်ထန်မဟုတ်ဘဲ အားမရှိတဲ့လေသံနဲ့ အကြည့်တွေကအစ အကူညီတောင်းသလိုဖြစ်လို့ ခွင့်တိုင်ပေး​ပြီးတော့

"ဖုန်းပြန်ပေး ''

"အော်...အင်း ''

ကျေးဇူးလို့ မပြောဘဲ ဖုန်း​ပြန်ယူပြီး ကိုင်ထားပေးတဲ့လက်ကို​တောင်ဖယ်ရင်း လမ်းလျှောက်ပေမဲ့ အဲ့ဆရာကိုကြည့်ရတာ စိတ်မသပ်မသာဖြစ်မိတယ်...ရင်ဘတ်လေးဖိပြီး ယိုင်နဲ့နဲ့ လျှောက်နေတာများ

"မင်းဘာလုပ်တာလဲ ''

"အိမ်ပြန်ပို့ပေးမယ်...ဒီတိုင်းဆို ကားဘယ်မောင်းနိုင်မလဲ ''

"ရတယ် မလ်ိုဘူး''

လက်မောင်းကိုကိုင်ထားတဲ့လက်ကိုတောင် မဖြုတ်နိုင်တော့ရုံတင်မက လက်နှစ်ဖက်လုံးကပါရေခဲတွေလိုအေးစက်နေတာပဲ... နှုတ်ခမ်းတွေကလဲဖြူဖတ်နေပြီ

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now