နောင်တရပါပြီဗျာ😥

3.9K 375 23
                                    

#Uni

ခုလဲကြည့်...ကျောင်းတောင်ရောက်နေပြီ အဲ့အမမနိုးသေးဘူး တကယ်ဗျာ အိပ်တာကိုလဲကြည့်အုံး လွယ်အိတ်ကလေးကိုဖက်ပြီး သရေတောင်ကျလို့ လာပြောတဲ့သူကလဲ မပြောချင်ဘူး သူများအိပ်ချိန်​တောင်အားနာရမှန်းမသိဘူးလား

မကြီးကနှိုးလိုက်တော့ အင်း အဲ ဆိုပြီး ထထိုင်တယ် မျက်လုံးကမပွင့်သေး ပြီးတော့ သူ့လက်နဲ့သရေတွေသုတ်လိုက်တောင်သုတ်လိုက်သေးတယ်

တကယ်ညစ်ပတ်အိုးပါဗျာ ကားပေါ်ကအရင်ဆင်းပြီးသာ နေခဲ့လိုက်တယ် မကြီးကတော့ကားပါကင်သွားထိုးပြီး အဲ့အမကလဲ ထိုင်ရက်အိပ်ပြီးပါသွားပါလေရဲ့...

လာပါပြီ မျက်လုံးတောင်မဖွင့်သေးဘူး မကြီးလက်ကိုမှီပြီးလမ်း​လျှောက်လာတာလား အိပ်လာတာလားမသဲကွဲ

အဲ့လိုနဲ့ အတန်းရော မေဂျာရောမတူတော့ လမ်းခွဲသွားကြရတာပေါ့...ကျွန်တော်လဲသူငယ်ချင်းရှိပါတယ် တော်သေးတယ် ဟိုကောင် အာကာကကျွန်တော်နဲ့မေဂျာတူလို့...ပြောသာပြောတာ သိပ်ပြီးတော့တပူးပူးတတွဲတွဲမရှိပါဘူးဗျာ သူကကောင်မလေးနဲ့ဆိုတော့ တော်ရုံ သူ့ကောင်မလေးပဲအချိန်ပေးတါ..

အတန်းထဲမှာတော့ ကျွန်တော်တို့တွေ့ဖြစ်​ကြ တယ်လေ ငယ်သူငယ်ချင်းဆိုတော့လဲတကယ်ညီအကိုလိုပါပဲ..စာသင်ချိန်တွေကမြန်တယ်ပြောရမလား ကျွန်တော်ပဲသတိမထားမိလို့လားမသိဘူး နေ့လည်စာစားချိန်တောင်ရောက်လာရော...

အဲတော့လဲ လုပ်နေကြအတိုင်း မကြီးတို့ဆီသွားရတာပေါ့.. မကြီးတို့အတန်းနားရောက်တော့ ထွက်လာပါပြီ... ဒါ​ပေမဲ့ ဟိုအမဘေးမှာ အကောင်တစ်ကောင်နဲ့ သိတယ်သူပြောတဲ့သူ့သားပဲနေမှာပေါ့..တကယ်ဗျာ ဘယ်လိုများယုံရတာလဲ အဲ့ကောင်ကတကယ်မgayဘဲ အသားယူတာဆို ဘယ်လိုလုပ်မလဲ....

ကြည့်လေ အဲ့အမလက်မောင်းလေးကိုကိုင်ပြီး အနားကပ်ရင်း ဘာတွေပြောနေလဲမသိ ကျွန်တော့်အနားရောက်တော့ အဲ့လူမေးလိုက်သေးတယ်

"ဟယ်..အဆင်လေးတော်..မား..သူလေးကဘူလဲ''

"မား သူငယ်ချင်းရဲ့မောင် ''

"အမြန်လာ ကျွန်တော်ဗိုက်ဆာနေပြီ ''

ပြောပြီးတော့ အဲ့အမလက်မောင်းကိုကိုင်ပြီး အမြန်သွားမလိုလုပ်တာတောင် ဟိုအကောင်ကကပ်လိုက်လာတုန်း အဲ့အမလက်မောင်းကိုကိုင်ထားတာလဲမလွှတ်ပေးဘူး..တကယ် ဘာအလိုမကျတာလဲကိုမသိတော့ဘူးကွာ လမ်းလျှောက်​နေရာကရပ်လိုက်ပြီး ပြောလိုက်မိတယ်

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now