စိတ်မကောင်းဖြစ်တာ

3.1K 297 2
                                    

#Uni

"ချီလေး...အကိုပြောပြမယ်...အောင်မြင်တဲ့လူတိုင်းက ချို့ယွင်းချက်ဆိုတာ ရှိကိုမရှိသင့်တာ...အဘက်ဘက်ကပြည့်စုံရမယ်လေ..စီးပွားရေး ကျန်းမာရေး လူမှုရေးဝတ်စားပုံ ရုပ်ရည်ကအစကွာ...

အဲ့​တော့မှ ကိုယ့်ကိုသူများကယုံကြည်လာမယ်..လေးစားလာမယ်..ချီလေးက ကလေးဆန်ရတာ သဘောကျပေမဲ့ လုပ်ငန်းခွင်မှာဆို ခုလိုကလေးဆန်နေရင်အဆင်မပြေဘူး...မကြာခင် ဘွဲရတော့မယ်လေ...ကိုယ်ကဦးဆောင်သူလုပ်မယ်ဆို အားလုံးထက်သာနေရမယ်..''

အကိုမိုးယံပြောတာလဲ မှန်ပါတယ် ဒါပေမဲ့ ငါလေး တစ်ခါမှခုလိုမျိုးမလုပ်ဖူးဘူး...အဲ့လောက်လိုလို့လား

ကလေးနဲ့ချစ်ကိုကြည့်မိတော့ ငါ​လေးကိုစိတ်မကောင်းသလို..သနားသလိုကြည့်နေတာမို့ စိတ်ထဲဝမ်းနည်းလာရော...မာမားတို့ကိုသတိရလာသလိုခံစားလာရတယ်

အရင်တုန်းကဆိုကျောင်းပိတ်ရင် ကိုယ်ကအရမ်းပျော်နေသလောက် ချစ်နဲ့ကလေးက ပျင်းစရာအချိန်ဇယားကြီးအတိုင်း စက်ရုပ်တွေလို လုပ်နေခဲ့ရမှာ

နောက်အရမ်း ကြောက်လာတယ်...အလေးတုံးကြီးတစ်ခုခုက ငါ​လေးအပေါ်မှာလာပိနေသလိုခံစားချက်မျိုး...ဝန်ပိတယ်လို့ခေါ်မလား..အဲ့ဇယားအတိုင်းငါလေးမလုပ်နိုင်ရင် ဆိုတာမျိုးတွေးမိပြန်တော့ မျက်ရည်တွေကတစ်စက်ပြီးတစ်စက်ကျလာရော...ပါးစပ်ကနေလဲ

"တောင်းပန်ပါတယ်...တကယ် တကယ်တောင်းပန်ပါတယ်...''

ပြောရင်း ရင်ဘတ်ထဲကနေ အလုံးကြီးတစ်လုံးအပေါ်တက်လာသလို ပျို့တက်လာပြီး မထိန်းနိုင်​တော့အောင် အော်ငို​နေမိတယ်...တကယ်ကို အရမ်းစိတ်မသက်မသာဖြစ်လွန်းလို့ ငိုမိတာပါ

"ချီချီ...နင်ကလဲဟာ..ဘာလို့ငိုရတာလဲ...ခုပြောပြလို့သာခက်တယ်ထင်ရတာ နောက်ကျ အကျင့်ပါသွားလိမ့်မယ်...''

"ဗြဲ...မာမားတို့ကိုသတိရတယ်..နောက် ချစ်တို့အတွက် စိတ်မကောင်းဘူး...နောက်...နောက်...မသိဘူး...ငိုချင်လို့...''

ခုရင်ထဲအရမ်းမခံနိုင်လို့ ငိုနေတုန်း ချစ်က အနားကပ်ပြီး တိုးတိုးလေးပြောလာတယ်

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now