နှာခေါင်းသွေးလျှံခြင်း အနုပညာ

4K 352 27
                                    

#Uni

"ကလေး...ဘာလုပ်နေတာလဲ စားလေ ''

ကျောင်းပိတ်ရက်ကြီးကို သပ်သပ်ရပ်ရပ်ဝတ်လာပြီး

"ချစ်ရေ ဒီနေ့ ကလေးနဲ့လျှောက်လည်လို့ရမလား ''

လို့ပြောတော့ ကျွန်တော်မှာ ရင်ခုန်လိုက်ရတာ
ခုတော့ ကြည့်.....

အဲ့အမက ကျွန်တော်ကိုလင်ပေးစါးချင်လို့ မကြီးလွှတ်အောင် တမင်အကွက်ချခဲ့တာကို

"စားလေ..ကိုယ်ကမင်းကြိုက်တာတွေ မှာပေးထါးတာကို ''

"ကျွန်တော် အဲ့တာတွေမကြိုက်ဘူး ''

"ဟုတ်လား.... အဲ့တာဆို တခြားဟာမှာမလား ''

"ကလေး ကမကြိုက်ဘူးလား ချီက ကလေးအကြိုက်တွေဆိုပြီး မှာထားတာ ''

ဟမ်ဘာဂါကြီးကို ပါးစပ်အပြည့်ကိုက်စားနေရာကနေ ကျွန်တော်ကိုမျက်နှာငယ်လေးနဲ့ ကြည့်ပြီး ပြောလာတဲ့ အမကြောင့်

"အဟွန့် သေချာကြည့်တော့ ဟမ်ဘာဂါ က စားချင်စရာပဲ ''

"မင်းက မားစကားတော့ နားထောင်သား ''

"ဒီအမေကြီးစကားကို နားမထောင်တဲ့ သားတွေရှိလို့လား ''

ပလုတ်ပလောင်းကြီးနဲ့ စကားပြောနေတာများ ဘာတဲ့ သူ့ကိုယ်သူ ဟုတ်လှပြီ ထင်နေတယ်

"ရော့...ပါးစပ်မှာပေနေတာ သုတ်လိုက်အုံး ''

ပါးစပ်သုတ်ပြီး ဆက်စားနေပြန်ပြီ စားနေတာက ကလေးလိုပဲကွာ ဟန်ဆောင်ပြီး စားတာမျိုးမဟုတ်ဘဲ တကယ် ကလေးတစ်ယောက်လိုအားရပါးရစားနေတာ

"ကိုယ်တို့ စားပြီးရင် ရုပ်ရှင်သွားကြည့်မယ်နော် ''

"ကျွန်တော် မအားဘူး စာလုပ်ရအုံးမယ် ''

"ကလေးကလဲ ချီကဝယ်တောင်ဝယ်ပြီးနေတာကို ကြည့်မယ်နော် ''

"အမ အရမ်းရှုပ်တာပဲ ''

အဲ့လိုနဲ့ ရုပ်ရှင်ရုံရောက်လာတာပေါ့လေ ရုပ်ရှင်ပြဖို့လဲ အချိန်သိပ်မလိုတော့ဘူး အဲ့အမကိုကြည့်လိုက်တော့ တံခွန်ဆိုတဲ့လူက အနားကပ်ပြီး တစ်ခုခုပြောနေပုံရတယ် နောက်ကျွန်တော်အနား အဲ့အမကကပ်လာပြီး

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now