#Uni
"ဦးကနောက်တာပါ...''
နောက်တယ်သာပြောတယ်...ခုနက အတည်ကြီးပြောနေသလိုပဲ
"ပြောရရင် လူယုံတော့လိုသား...ဦးကအဖိုးကြီးဖြစ်လာပြီမလား...အဲ့တော့ ဦးသာသေသွားရင် သမီးကြီးကိုစိတ်ချပေမဲ့ သားကိုတော့စိတ်မချနိုင်သေးဘူးလေ..''
အပိုပြောလိုက်တာဟယ် မသိရင် အသက်၄၀ဝန်းကျင်လောက်ပဲ ရှိသေးတယ်လို့ ထင်ရတာကိုများ...သူများတွေလို အဆီအခေါက်လဲသိပ်မရှိသလို ကြည့်ကောင်းတဲ့ အဲ့လိုလူက ခုပဲသေတော့မယ့်ပုံနဲ့ လိမ်နေတာရယ်
"သားကို သားခန့်လေးလို အလုပ်ကိုဦးစီးနိုင်ပြီး အရည်အချင်းရှိစေချင်တာ...ဒါပေမဲ့ ပြောရမှာတောင်ရှက်တယ်...''
ဂျက်ဆင်ကိုကြည့်မိတော့လဲ...ခုလိုနားထောင်နေရတာကိုစိတ်ပျက်နေသလိုလို...ငါလေးအမြင်ကတော့ အဖေတစ်ယောက်က သားကိုအရမ်းနှိမ်လွန်းတယ်
"သားကတော့ အလေလိုက်
ရတာကြိုက်တယ်လေ...မိဘမရှိရင် ခွေးဖြစ်မှာကိုမသိရှာဘူး..''"ဟို...ဒါပေမဲ့..''
ပြောမလို့လုပ်ရုံရှိသေး... ချစ်က မပြောဖို့မသိမသာလှမ်းတားတော့ ငြိမ်လိုက်ပေမဲ့ ဂျက်ဆင်အဖေက
"သမီးချီက ဘာပြောချင်လို့လဲ..''
ချစ်ကိုကြည့်တော့ မပြောနဲ့ဆိုပြီးမသိမသာခေါင်းခါပြပေမဲ့ မရပါဘူး...ငါလေးက မတရားတာမြင်ရင်ကိုမနေနိုင်တာ... မပြောရရင် သေနိုင်တယ် စ်ိတ်မသက်မသာဖြစ်ပြီး
"အမြင့်မှာ ပျံနေတဲ့ငှက်ကိုကြည့်ပြီး ပျံတတ်လိုက်တာလို့ မတွေးသင့်ဘူးလေ...ငှက်တိုင်း မွေးကတည်းက ပျံတတ်တာမှမဟုတ်တာ..''
"မိချီ..တော်တော့..''
ချစ်ကတော့ ငါလေးစိတ်ကိုသိလို့ ဆက်မပြောဖို့တားနေတယ်...ဘာကိုကြောက်နေရတာလဲ ငါလေးကတော့ကိုယ်မှန်ရင်ပြောရဲတယ် ...ပြောလို့သေရမယ်ဆိုရင်တောင် နောင်တမရဘူး အဲ့တော့ဂျက်ဆင်အဖေကနေ
"သမီးချီ...ဆက်ပြောပါ သမီးအတွေးလေးသိရတာပေါ့..''
"ဦးက ဂျက်ဆင်ကို သူများတွေလိုအောင်မြင်စေချင်ပေမဲ့ အထင်မကြီးဘူးမလား...သူ့အပေါ်ယုံကြည်မှုလဲမရှိသလို... အလေးပေးမဆက်ဆံဖူးဘူးလေ..''
YOU ARE READING
fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed)
FantasyFujoမလေးနဲ့..အမြဲတွေ့တာနဲ့..ဂေးခိုင်းလိုက်..လင်ပေးစါးလိုက်လုပ်တတ်တဲ့..fujoမလေးကိုမှကြိုက်မိတဲ့..uke..အဆင်လေးတို့ရဲ့ရယ်စရာဟာသအလွဲများ