#Uni
"ခန့် တစ်ပတ်တောင်ရှိပြီ...နင်တို့ပြန်မခေါ်ကြသေးဘူးလား..''
"....''
ကိုယ်မေးတာကိုမဖြေဘဲ မနက်စာသာဆက်စားနေတဲ့ ခန့်ကိုကြည့်ပြီး
"နင်တကယ် အဲလစ်ကိုရွေးမှာလား ''
"ကျွန်တော်အလုပ်သွားနှင့်မယ်..''
"ခန့်....''
ပြောတာတောင် ဆက်နားမထောင်တဲ့မောင်ဖြစ်သူကြောင့် မနက်စာတောင်ဆက်မစားချင်...မိချီမကလဲ မနက်အစောကြီးကတည်းကထွက်သွားပြီး ညနေပြန်လာရင်လဲ ဟိုကောင်ကနောက်ကျမှပြန်လာတတ်တယ်...ဒင်းတို့က မျက်နှာချင်းတောင်မဆိုင်မိကြ
ဟိုဆရာကလဲ ပေးထါးတဲ့ကတိအတိုင်း မိချီကိုလက်ထောက်အဖြစ်၁နှစ်လုပ်ထားပေးမယ် ပြောတာကိုခုမှ၁လ ကျော်ပဲရှိသေး...တကယ်လို့၁နှစ်မပြည့်ခင် ရည်းစားစကားပြောလိုက်ရင်
"စိတ်ပျက်လိုက်တာ...''
"အကို့ကိုလား...''
"ဟမ်...''
ကြည့်လိုက်တော့ အကိုမိုးယံ
"မဟုတ်ပါဘူး ''
"ဘာတွေတွေးနေတာလဲ... ဘာလဲ ဟိုနှစ်ယောက်ကအစောကြီးထားပြီး ထွက်သွားလို့လား..''
အကိုမိုးယံကလဲ မိချီတို့ကိုသံသယဝင်နေသလို စကားလာနှိုက်တတ်တာကြောင့်
"သိပ်စပ်စုတာပဲ... စိတ်ပျက်တဲ့အထဲ အကိုကထိပ်ဆုံးကပဲ သိရဲ့လား..''
မျက်စောင်းလေးထိုးပြီး ထွက်သွားပေမဲ့ ကျန်ခဲ့တဲ့မိုးယံမှာတော့ ရင်ဘတ်လေးကိုလက်နဲ့ဖိပြီး
"စိတ်ကောက်သွားတာလား...ချစ်ဖို့ကောင်းလိုက်တာကွာ..''
ခုလိုကလေးဆန်ဆန်ပုံစံမျိုးက ကလေးဘဝကသာမြင်ဖူးခဲ့ပေမဲ့ ဒီကလေးမကလူကြီးဆန်ဆန်လာတော့မမြင်ရတာ အတော်ကြာခဲ့ပြီမလား...ဒါပေမဲ့ခုထိ ချစ်စရာကောင်းနေတုန်းကွာ..
----------------------------------------------
"ချာတိတ်...အခုတလော အရမ်းငြိမ်နေသလားလို့ ''
".....''
"ချာတိတ်...''
"ဟင်...ခေါ်လားဆရာ ''
YOU ARE READING
fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed)
FantasyFujoမလေးနဲ့..အမြဲတွေ့တာနဲ့..ဂေးခိုင်းလိုက်..လင်ပေးစါးလိုက်လုပ်တတ်တဲ့..fujoမလေးကိုမှကြိုက်မိတဲ့..uke..အဆင်လေးတို့ရဲ့ရယ်စရာဟာသအလွဲများ