37. The Darkness' Takeover

5.4K 508 22
                                    

37. The Darkness' Takeover

A/N: :အပိုင်းနည်းနည်းရှည်​မယ်​​နော်​။ Data Connection ပိတ်​ဖတ်​ကြပါလို့။ Wifi သုံးတဲ့သူ​တွေကို ဘာမှမ​ပြောဘူး​နော်​။ :)

~••~••~••~

နေမင်းကြီးရဲ့အ​ရောင်​​တွေ ​ဖျော့​တော့​တော့မှိန်​တိန်​တိန်​ ဖြစ်​လာချိန်...

သစ်​​တောအုပ်​ထဲတွင်​ခါတိုင်းလို​ ငှက်​​တွေအိပ်​တန်းတက်​၍ ဆူညံ​နေတာကိုမကြားရ။

ဘယ်​ကြားရပါ့မလဲ​လေ။ ဝံပု​လွေ​အချို့ရဲ့ စစ်​ပွဲက​ပေါ်ထွက်သည့်အသံ​​တွေက အကုန်​လုံးကို လွှမ်းမိုး​ကျော်​လွန်​ပြီး ဆူညံ​နေတာကိုး။

နာရီဝက်​အကွာက ဝံပု​လွေဆယ့်​​ငါး​ကောင်​နဲ့ လူသားအသွင်​တစ်​​ယောက်​တို့ရဲ့ တိုက်​ပွဲက အခု​တော့ ဝံပု​လွေ ဆယ့်တစ်​​ကောင်​နဲ့ ဝံပု​လွေတစ်​​ကောင်​ရဲ့ တိုက်​ပွဲဖြစ်​လို့​နေသည်​။ Kris ကဝံပု​လွေတစ်​​ကောင်​ရဲ့ အသွင်​အပြင်​ကို ယူထားရတယ်​​လေ။

အရင်​က Kris ရဲ့ နို့နှစ်​​ရောင်​ဖြူဝင်း​သော အသားတို့က အခုလည်း နှင်းပွင့်​​တွေလို ဆွတ်​ဆွတ်​ဖြူ​သော အ​မွေးတို့နဲ့။ အဖြူ​ရောင်သာမက ​ငွေ​ရောင်​နုနု​ရော​​နေ​သော ဝံပု​လွေ​ပေမဲ့ ​ပျော့​ပျောင်းနူးညံ့တယ်​လို့ မထင်​ရ​အောင်​ မျက်​လုံး​တွေက ပြည်​တန်​ပတ္တမြားလုံး​တွေလို နီရဲ​တောက်​ပ​နေသည်။ နှစ်​နှစ်​ရာကာလပတ်​လုံး အသက်​ရှင်​လာရလို့လားမသိ၊ ရန်​သူ​တွေထက်​ အ​ကောင်​​ကြီး​နေသည်​။

Kris ရဲ့ ကိုယ်​​ပေါ်က အဖြု​ရောင်​သား​မွေးအချို့မှာ​ ​စေးကပ်​ကပ်​ အနီ​ရောင်​​သွေးတို့​ပေကျံ​နေ​တော့ အချို့​နေရာ​တွေမှာ ပန်းနု​ရောင်​ဖြစ်​​နေ​သည်​။

မြေ​ပေါ်မှာကြံကြံခိုင်​ရပ်​ရင်း အားလုံးကို ပြန်​လည်​ခုခံ​နေ​သော Kris ရဲ့သွားစွယ်​​ဖျားမှာ ဝံပု​လွေအချို့ရဲ့အသက်​​တွေ ငြိတွယ်​ပါသွားခဲ့ပြီးပြီမို့ ဟိုဘက်​ဘယ်​သူမှ လက်​လွတ်​စပယ်​ဝင်​မတိုက်​ရဲကြ။ အဲ့ဒါ​ကြောင့်​ပဲ Kris ဒဏ်​ရာဒဏ်​ချက်​ သိပ်​မများ​သေးတာ။ ​ကျောဘက်​ဆီမှ အစွယ်​ရာတစ်​ခု။ ညာဘက်​​နောက်​​ခြေမှာ အခဲခံထားရ​သော ဒဏ်​ရာတစ်​ခု။ နားရွက်​ဖျားမှ ​သွေးစို့​နေ​သော သွားရာတစ်​ခု။ လည်​ကုပ်​ဆီမှ သွားရာတစ်​ခု။ ပြီး​တော့ အချို့​နေရာ​တွေမှ ​သွေးထွက်​သည်​ဆိုရုံ ဒဏ်​ရာဆယ်​ခု​လောက်​ကလွဲရင်​​တော့ အားလုံးအဆင်​​ပြေတယ်​ပဲ ​ပြောရမှာပါပဲ။ မ​သေ​သေးသ​ရွေ့​တော့ အဲ့ဒီ့ဒဏ်​ရာ​တွေက တစ်​သက်​တာရှိ​နေမှာမဟုတ်​။ အလိုလိုပြန်​ကျက်​မှာပဲ​လေ။ အခု​တောင်​ ငါးစက္ကန့်​​လောက်​ကြာရင်​ ​သွေးစို့​ရုံဒဏ်​ရာ​တွေ ပြန်​ကျက်​​နေတာ။ ကံ​ကောင်းသွားတာက Kris က Alpha ဖြစ်​​နေတာပါပဲ။ ရိုးရိုးဝံပု​လွေမျိုးဆိုရင်​ ဒီ​လောက်​ဒဏ်​ရာအမြန်​ကျကနိုင်​မှာမှမဟုတ်​ဘဲ။

Mythical Creatures Also Have Hearts [EXO OT12 Myanmar]Where stories live. Discover now