7. Vamps

7.1K 695 11
                                    

7. Vamps

"Park Chan Yeol."

BaekHyun ​ရေရွတ်​ရင်း ဓာတ်​ပုံထဲမှလူ၏ မျက်​ဝန်းအစုံ​တို့ကို စိုက်​ကြည့်​​နေမိသည်​။ အကြည့်​တွေထဲမှာ ​ပျော်​ရွှင်​ခြင်းတို့ပါဝင်​​နေ​သော်​လည်း ဝမ်းနည်းမှုအချို့​လည်း​ရောစပ်​​နေသလိုမျိုး။ High Quality ဓာတ်​ပုံ​ပေါ်က သူ့နှုတ်​ခမ်းပါးတို့​ ​​ကွေး​နေပုံက စိတ်​ရင်းမှန်​ကို ဖုံးကွယ်​ပြီးပြုံးထားသလိုမျိုး အသက်​သိပ်​မပါလှ...

"အင်း... Park ChanYeol ​လေ... ဘာဖြစ်​လို့လဲ..."

Chen ၏ ရုတ်​တရတ်​ စကား​ကြောင့်​ ဓာတ်​ပုံကိုစိုက်​​ငေး​နေမိသည့်​ BaekHyun ​ခေါင်းခါရင်း ပြုံးလိုက်​သည်​။

"ဘာမှမဟုတ်​ပါဘူး... ဒါနဲ့... အခုမြို့ဝန်​ကဘယ်​သူလဲ..."

"အာ... Kim Ki Bum တဲ့... မင်းကို​တောင်​ညစာဖိတ်​ထား​သေးတယ်​​လေ..."

ဟုတ်​တာ​ပေါ့... BaekHyun သတိရသွားသည်​။ သူဒီမြို့ကို​ရောက်​လာရတာလည်း ထိုမြို့ဝန်​၏ စာ​ရေးဖိတ်​​ခေါ်မှု​ကြောင့်​​လေ...

Byun BaekHyun ဆို​သော နာမည်​ဖြင့်​ ဘဝအမျိုးမျိုးတွင်​ ကျင်​လည်​ခဲ့ရတာ ရာစုနှစ်​တစ်​ခုစာ​တောင်​ရှိ​တော့မည်​။ ဒါ​ပေမဲ့ သူစုံ​ထောက်​ဖြစ်​ခဲ့ရတာ နှစ်​​ခေါက်​ရှိပြီ။ လွန်​ခဲ့​သောနှစ်​ရှစ်​ဆယ်​ကတစ်​ခါ။ အခုတစ်​ခါ။ နာမည်​မကြီးလွန်း​အောင်​လည်း သတိထား​နေရသည်​။ နာမည်​ကြီးလွန်းရင်​လည်း အကုန်​ပြန်​စစ်​ရင်း Byun BaekHyun ၏ ဘဝမှန်​ကို သိသွား​နေကြဦးမည်​။

BaekHyun အ​တွေးစ​တွေကို ဖြတ်​ချလိုက်​သည်​။

"Jong Dae... ငါသွား​တော့မယ်​..."

"​အေး... နည်းနည်းပါးပါးလည်း အသွားအလာ ဂရုစိုက်​ဦး... မြို့ရဲ့အ​ခြေအ​နေကလည်း မင်းသိတဲ့အတိုင်းပဲ..."

Chen စကား​ကြောင့်​ BaekHyun ​ခေါင်းကိုခပ်​သွက်​သွက်​ညိတ်​ရင်း ​နေရာမှထထွက်​လာခဲ့သည်​။

နေ​ရောင်​ကကွယ်​စပြု​နေ​ပေမဲ့ လူ​တွေရှိ​နေဆဲ... လမ်းမကို BaekHyun အကဲခတ်​ကြည့်​​တော့ တိုးတက်​​နေသည့်​ ​ခေတ်​ကြီးဖြစ်​သည့်​တိုင်​​အောင်​ ကင်​မရာ​တွေကို တပ်​ဆင်​ထားတာမ​တွေ့ရ။ ကင်​မရာအချို့ကလည်း ခွဲထားခံရသလိုမျိုး ဖြစ်​​နေသည်​။ လူမိုက်​​တွေက CCTV ​တောင် ခွဲရဲ​နေမှတော့ ဒုစရိုက်​မှု​တွေ ဘယ်​​လောက်​များ​နေမလဲ စဉ်းစားစရာ​တောင်​မလို။

Mythical Creatures Also Have Hearts [EXO OT12 Myanmar]Όπου ζουν οι ιστορίες. Ανακάλυψε τώρα