အနမ်းနဲ့စတဲ့ အချစ်တစ်ခု

Start bij het begin
                                    

"မ...ခုကစပြီး ကျွန်တော်ကိုပဲ ကလေးလို့ခေါ်ရမယ်...မရဲ့သားတွေမပြောနဲ့ မကိုတိုက်ခတ်သွားတဲ့ လေ​​​ကလေးနဲ့ တောင်သဝန်တိုတယ် သိရဲ့လား ''

သစ်ပင်ကိုလက်တစ်ဖက်နဲ့ထောက်ပြီး လက်ကိုလာကိုင်တဲ့ကောင်စုတ်လေး...ခုရုပ်က ကောင်ဆိုးလေးပုံစံနဲ့ ငါလေးကို ကယ်မဲ့သူမရှိ​တော့ဘူးလား

"သေမို့ လက်လာကိုင်တာလား...ငါ ငါ့ လက်ကိုလွှတ်.. ''

"ဘာ​ဖြစ်တာလဲ မရဲ့သားတွေနဲ့ကျတော့ မကိုဖက်လိုက်ထိလိုက်နဲ့ကို ''

"အဲ့ဒါဆို ငါ့သားလုပ်ပါလား ''

ငါ​လေးစကားလဲဆုံးရော ကလေးကရယ်လိုက်တယ်..က​လေးရယ်လိုက်ရင် ပေါ်သွားတဲ့သွားကလေးတွေကဖြူ​ဖွေးပြီး နေပါအုံးခုမှသေချာကြည့်မိတယ် ကလေးမှာ သွားစွယ်လေးတွေရှိတာပဲ...သိပ်တော့မချွန်​​ပေမဲ့ သိသာပါ့... နောက်လေပြေလေး တစ်ချက်တိုက်လာတော့ က​လေးကသူ့ဆံပင်လေးကိုလက်နဲ့အသာသပ်လိုက်တယ် (အဲ့တုန်းက ဆံပင်အမဲ ဘိုကေ)

ကလေးကြည့်ရတာ သိပ်ကိုကြည့်ကောင်းလွန်းတယ် သူလေးကလဲ ဘဝင်လေဟပ်နေတဲ့အသံနဲ့

"သားမလုပ်ချင်ပါဘူး...သားတွေကဖက်တာထိတာလောက်ပဲလုပ်လို့ရ​တာလေ..ကျွန်တော်က မရဲ့သားတွေ မ ကို မလုပ်နိုင်တာကို​လုပ်ချင်တာ ''

ပြောရင်း လက်ကိုကိုင်ထားတာဖြုတ်လိုက်ပြီး ခါးကိုဖက်လာတဲ့အ​ပြင် သစ်ပင်ကိုထောက်ထားတဲ့လက်ကပါ ကိုယ့်မျက်နှာကိုလာကိုင်ရင်း

"မကလေ သိပ်ချစ်ဖို့ကောင်းတယ် ဒါ​ပေမဲ့အရမ်းဆိုးတယ် ပြောစကားနားမထောင်ဘူး ''

"ဘာ..ဘာလုပ်နေ ''

ပြောမလို့ဟာကို ပါးကိုကိုင်နေရင်းကနေ နှုတ်ခမ်းလေးကို လက်မနဲ့ဖိပွတ်လိုက်ပြီး ကလေးအကြည့်တွေက ရီဝေဝေလေးနဲ့နှုတ်ခမ်းလေးကိုကြည့်လာပြီ

"ရည်းစားလို့ပြောလဲ မဟုတ်ဘူးပြောတယ် လင်လဲပေးစါးတုန်း သား​တောင်တော်ချင်သေးတယ်မလား ကလေးလို့ သူများကိုမခေါ်နဲ့ဆိုတာလဲ ခေါ်ချင်တယ် သိပ်ကိုဆိုးနေပြီ... မကလေ အရမ်းဆိုးနေတာ..အဲ့တော့ ''

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Waar verhalen tot leven komen. Ontdek het nu