အနမ်းနဲ့စတဲ့ အချစ်တစ်ခု

Beginne am Anfang
                                    

"ဟယ်..မားစိတ်ဓာတ်ပဲနော်..အဆင်လေးကိုဆွဲစိထားတယ်ပေါ့..ဒီသားကိုလဲဝေမျှပါအုံး ''

"လိုချင်ယူသွားလေ ''

"မ ....''

"အမလေးလန့်လိုက်တာ...သုကစတာပါ...ဖြစ်နေလိုက်တာ ရုပ်ကိုကြည့်..မားရေ.. စိတ်တိုနေတာကိုက ukeကျနေတာပဲ..မားရှနေအုံးမယ်နော် ''

"ကလေး..နောက်မနေနဲ့ ''

"မ....လာသွားမယ် ''

"မားရေ...မားသားတို့ကိုပေးထါးတဲ့ကတိမမေ့နဲ့နော် ''

က​လေးက လူကိုအတင်းဆွဲခေါ်သွားတာကြောင့် သုနဲ့တောင်စကား​သေချာမပြောရဘူး နေပါအုံး ကလေးကလူကိုအမြဲလူရှင်းတဲ့နေရာပဲ ခေါ်နေရလား

"ကလေး..နာတယ်..လက်လွှတ် ''

"ဘာသဘောလဲပြော ''

"ဘာကိုလဲ ''

"မ ကဘာလို့ တွေ့တဲ့သူတိုင်းကို ကလေးလို့ ခေါ်နေတာလဲ ''

"သားတွေပါဆို...ကလေးလို့ခေါ်တာပေါ့ ''

"ကျွန်တော်ကိုကျတော့ရော ''

"အရင်ကသားတော်မလို့လေ..အဲ့တာကြောင့် ကလေးလို့ခေါ်တာ ''

"ကျွန်တော်မကြိုက်ဘူး ''

"ကလေးလို့ခေါ်တာကိုလား ''

"အင်း...ဒါပေမဲ့ ကျွန်တော်ကိုခေါ်တာမဟုတ်ဘူး သူများတွေကိုခေါ်တာ ''

"ဘာဆိုင်လို့လဲ ''

"မ ရဲ့ ကလေးဆိုတဲ့အသုံးအနှုန်းက ကျွန်တော်အတွက်ပဲ ဖြစ်ရမယ် ''

ကလေးကလူကိုစိုက်ကြည့်ပြီး အနားကိုကပ်လာတာနေပြီ

"ငါလေးက အမိန့်တွေပေးတါမကြိုက်ဘူး ''

"ပေးသင့်ရင်ပေးရမှာပေါ့ မက ကျွန်တော်ချစ်သူလေ..ပြီးတော့ မ သိလား...မ ရဲ့ ကလေးလို့ ခေါ်သံကြားရင် ကျွန်တော် မကို အရမ်းအသဲယားတာပဲဗျာ ''

သူကအနားကပ်လေ ကိုယ်ကအနောက်ကိုဆုတ်လေ...ဆုတ်ရင်းဆုတ်ရင်းနဲ့ ကျောကုန်းကို သစ်ပင်ကြီးကြီးတစ်ခုနဲထိသွားပြီးနောက်ကိုထပ်ဆုတ်လို့မရတော့

ဘာလား...ဘာလို့ ငါတို့ကျောင်းမှာ သစ်ပင်အကြီးကြီးတွေနဲ့လူရှင်းတဲ့နေရာတွေပေါနေရတာလဲ...ငါလေးတော့ လုံးပါးပါးတော့မယ်

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Wo Geschichten leben. Entdecke jetzt