You bad bad bad😒

Start from the beginning
                                    

သိပါတယ် သူက ကိုယ့်ရည်းစားပေမဲ့ ဝါသနာအရ ကလေးကိုမြင်တာနဲ့ Ukeလို့မြင်နေတာတော့ မတက်နိုင်ဘူး အဲ့တာတောင် လင်ပေးစါးနေမိလို့ ရန်ဖြစ်ကြရတာလဲများပြီ

"မိချီမ ရပ်ပြီး အသက်ထွက်နေတာလား တက်တော့ ''

ချစ်ရဲ့ နူးညံ့တဲ့စကားသံကြားမှ ကားပေါ်တက်ဖို့ သတိရတော့တယ်
ကားထဲဝင်လိုက်တော့

"မကို အရမ်းသတိရနေတာ ''

"ကိုယ်ရောဘဲ ''

"ဘာကိုယ်လဲ...​ မ လို့ပြောပါဆိုပြောထားတယ်လေ ''

"မခေါ်ချင်ဘူး ကလေးကuke ကိုယ်ကseme''

က​လေးက လက်ကလေးကိုလာကိုင်ပြီး ဆံပင်လေးကိုသပ်ပေးရင်း  နူးနူးညံ့ညံ့လေးလူကြည့်နေရင်း

"မကလေ..တကယ် ဘယ်လ်ိုနေနေ ကလေးလေးလ်ိုပဲဗျာ ''

"ဟီးးးး ''

"နင်တို့နှစ်ကောင်ကို ငါကားပေါ်က ကန်ချရမလား ငြိမ်ငြိမ်လေးထိုင်လိုက်မလား ပြော...''

"ချစ်က faမကြီးဆိုတော့ ဘယ်ကိုယ်ချင်းစာမလဲ ''

"ဘာ..မိချီမ..မသွားတော့ဘူး ပြန်တော့မယ် ''

"မကြီးကလဲဗျာ ''

"အေး..အဲ့တာဆို နင်တို့ ခွဲနေကြ မျက်စိနောက်တယ် ''

"ချစ်ကအရှေ့ကိုကြည့်မောင်း​နေတာကို ငါတို့ကိုမြင်ရလို့လား ''

"နင်တို့...တမမ တကိုယ်ကိုယ်နဲ့ဖြစ်နေတာ နားညီးတယ်ဟဲ့ တကယ် ဟိုကောင်ကလဲ မပြောချင်ဘူး ''

"ကျွန်တော်ကဘာလုပ်လို့လဲ ''

"ကိုယ့်မောင်မလို့ပေါ့..ငါနဲ့ဆိုရင်တောင် ရေခဲတုံးကြီးကျနေတာပဲ သူ့ မ နဲ့တွေ့တော့ ပြောလိုက်တဲ့စကား သဲလိုက်ကဲလိုက်တာဆိုတာ အမှန် နင်လင်ရရင်တောင် ငါနားအေးအုံးမယ် ''

"အင်း..ချစ်ပြောတာမဆိုးဘူး လင်ရရင်လဲကောင်းသား ''

"မ...ခုကျွန်တော်က မ ချစ်သူနော် ခုထိ လင်ပေးစါးချင်နေတုန်းလား ''

"ကလေးကလဲ ချီ သားတွေကတောင် ပြောတယ်သိလား ကလေးကမသိရင် Ukeလေးလိုပဲတဲ့ ''

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now