အပိုင်း ၃၁ - ဇာတ်သိမ်းပိုင်း

Start from the beginning
                                    

အကျိုးလိုလို့ .. ညောင်ရေလောင်းနေကျတဲ့ .. အလုပ်တွေပါ။

သဘာ၀ အချစ်၊ ပင်ကိုယ် အချစ်၊ နဂိုနေ အချစ် .. အချစ် .. အချစ် .. အချစ်မှ .. မပါကြတာ။

လုပ်ယူတဲ့ အချစ်တွေနဲ့ ဂဟေ ဆက်နေကြတာပါ။

ကောင်းတာပေါ့။ သိပ်ကောင်းတာပေါ့။ တစ်ဘဝစာ အေးရောပေါ့။

ဒါပေမယ့် .. .. ..

ဗိုလ်ဗိုလ် .. အံဆုံးက .. သွားကို .. ကျိတ်ပြီး .. ခေါင်းကို .. ခါလိုက်ပါတယ်။

ဆံနွယ်တွေတောင် ဖွာရာကျဲသွားရဲ့..

“အဖေတို့ အမေတို့တွေ .. အသက်ကြီးကုန်ပြီ။”

ဟုတ်တယ်လေ။ အမေရိကား လာတာ .. မိန်းမ ယူဘို့မှ မဟုတ်တာဘဲ။

“မင်းမိဘကို .. ဒီကနေ ငွေလွှဲပို့လေကွာ၊ မင်းပြောတော့ We’re grown up ပါဆို။ မင်း .. စာတွေ အများကြီး ဖတ်လာတာပဲ။ ဒီမှာ အလုပ်လုပ်ရင် .. လစာကောင်းကောင်းရမယ်လေကွာ။”

ဟား .. .. .. ကိုလင်းကလည်း .. မလျှော့ပါလား။

“ဘာလဲ .. မင်း .. လွတ်လွတ်လပ်လပ် နေချင်လို့လား။ မင်းရဲ့ Privacy ကို .. ကိုနားလည်ပါတယ်။ ကိုတို့ အသင်းတော်က မြန်မာတွေနဲ့သွားနေမလား .. ကို .. စီစဉ်ပေးမယ်လေ။”

ဗိုလ်ဗိုလ် မထုံတက်တေး ရပ်နေဆဲ .. .. ..

“ဗိုလ်ဗိုလ် .. ညီလေး .. You’re my kid bro! .. Still .. still .. .. still .. .. .. boy!”

ကိုလင်း .. ဗိုလ်ဗိုလ့် ရဲ့ နားထင်ကို .. လက်နှစ်ဘက်နဲ့ ဖမ်းကိုင်လိုက်ရင်း .. မျက်နှာချင်းဆိုင် ပြောလိုက်တာပါ။

ကိုလင်းရဲ့မျက်ဝန်းအိမ်ထဲမှာ .. အရည်လဲ့လဲ့လေးတွေ .. ဗိုလ်ဗိုလ် တွေ့လိုက်ရတယ်။

ကိုလင်း .. ဗိုလ်ဗိုလ့် ကို နားလည်ပါတယ်။ ဗိုလ်ဗိုလ့် ရဲ့ လူပျိုဘဝကို .. ဦးစွာ ရယူ ပိုင်ဆိုင်လိုက်ရတဲ့သူ .. ဗိုလ်ဗိုလ်ရဲ ့ လူပျိုရည်ကို .. ဦးစွာ သောက်သုံးလိုက်ရတဲ့ သူပဲ လေ။ သူ့ လက်ထဲမှာ ဗိုလ်ဗိုလ် ကြီးလာတာပါ။ လူရော  -ီးရောပေါ့ .. ..

ဒီကောင် .. .. စိတ်ကြီးတယ်။ မာနကြီးတယ်။ ခေါင်းမာတယ်။ ချော့ရ ခက်တယ်။

" နွဲ့ဆိုးဗိုလ် "Where stories live. Discover now