အပိုင်း ၁၇

2.8K 39 0
                                    

( ၁၇ )

ကောင်မ တစ်ကောင်နဲ့ ငှက်ပျောတောစပ်မှာ အကြည်ဆိုက်နေကြတာ .. ဗိုလ်ဗိုလ့်ကိုတောင် မမြင်ကြဘူးပေါ့ ..

ဗိုလ်ဗိုလ် အသားတွေ တဆတ်ဆတ် တုန်လာပြီး ..

“ကိုကိုး ..”

ဗိုလ်ဗိုလ် သိမ်းကျုံး အော်ခေါ်ပစ်လိုက်တယ်။

ကိုလင်းက ရုတ်တရက် ခေါင်းထောင်ကြည့်လိုက်ပြီး ..

“ဟာ .. ဗိုလ်ဗိုလ် .. လိုက်လာတယ် ..”

လက်က ဂစ်တာကို ကိုင်ရင်း ဗိုလ်ဗိုလ့် ဆီကို လျှောက်လာပါတယ်။

ဗိုလ်ဗိုလ် .. ကတုန်ကရင် ဖြစ်နေတဲ့ ညာလက်ကို ရအောင် ထိန်းချုပ်ရင်း .. ညာဘက်လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး .. အနားရောက်လာတဲ့ ကိုလင်း မျက်ခွက်ကို အားကုန် ထိုးချလိုက်ပါတော့တယ်။

ကိုလင်း လက်က ကိုင်ထားတဲ့ ဂစ်တာဟာ မြေကြီးပေါ်ကို လွတ်ကျသွားပါတယ်။

ကိုလင်း အငိုက်မိသွားပြီး လဲကျ မသွားပေမယ့် .. သူ့ မျက်နှာကို လက်နှစ်ဘက်နဲ့ အုပ်ပြီး ခေါင်းကို ငုံ့ထားလိုက်ပါတယ်။

“လာကြပါဦး .. ဒီမှာ သတ်နေကြပြီ .. လာကြပါဦး ..”

ကိုလင်းနဲ့တွေ့နေတဲ့ ကောင်မလေးက အော်ခေါ်လိုက်တာကြောင့် အနီးအနားက လူတွေ ပြေးလာကြပါတယ်။

“ဟင် .. ဗိုလ်ဗိုလ် .. .. ”

ရန်ကုန်အဖွဲ့က ဗိုလ်ဗိုလ့်ကို ချက်ချင်းသိတာပေါ့။

ကိုလင်းက လက်တစ်ဘက်နဲ့ သူ့မျက်နှာကို အုပ်ထားရင်း .. ကျန်လက်တစ်ဘက်နဲ့ ရောက်လာကြတဲ့ သူတွေကို လက်ကာပြပါတယ်။

ပြီးတော့ ဘေးနားက အဆောင် အပေါ်ထပ်ကို တက်သွားပါတော့တယ်။

ဗိုလ်ဗိုလ် ခဏတော့ ကြောင်အန်းအန်း ရပ်နေလိုက်သေးတယ်။ လူတွေကလည်း ဝိုင်းလာကြတာကိုး။ ပြီးမှ ကိုလင်းတက်သွားတဲ့ အဆောင်ပေါ်ကို ဗိုလ်ဗိုလ် လိုက်တက်သွားတယ်။

ခွားလေးက နောက်က လိုက်မလို့ပြင်လိုက်သေးတယ်။ ဒါပေမယ့် သင်းအုပ်ဆရာက ခွားလေးကို တားထားလိုက်တယ်။

" နွဲ့ဆိုးဗိုလ် "Where stories live. Discover now