အပိုင်း ၈

3.9K 65 0
                                    

( ၈ )

 “ကိုကို .. သား ကို .. စန္ဒယား တီးပြပါလား။”

ကိုလင်းနဲ့ အတူတူ ထမင်းထိုင်စားတိုင်း ဧည့်ခန်းထဲက စန္ဒယားကြီးကို ဗိုလ်ဗိုလ် မြင်နေကျ။

ကိုလင်း တီးတာလည်း မတွေ့။ အသင်းတော်မှာ ဓမ္မတေးဆရာ .. စန္ဒယားဆရာ .. ဂီတဆရာ လို့ လည်း ဆိုသေး .. ကိုလင်း စန္ဒယားတီးတာ တစ်ခါမှ မတွေ့။ အိမ်မှာ စန္ဒယား မရှိလို့ ဆိုရင်လည်း ထားပါတော့။ ခုဟာက အလှထား ထားတာလား။

“ဘာသီချင်း နားထောင်ချင်လို့လဲ။ ကိုက ခေတ်သီချင်းတွေ သိတာမဟုတ်ဘူးနော်။ တီးဝိုင်းတွေက လာခေါ်တာတောင် လိုက်တာ မဟုတ်ဘူး။”

ဟုတ်ပါတယ်။ ဒီနေ့ စတီရီယို အဆိုတော် အတော်များများကို စင်တင်ပေးနေတဲ့ ဧရာမ တီးဝိုင်းကြီး အရှိန်ယူ ကုန်းထနေခဲ့စဉ် အခါက ကိုလင်းကို Keyboard တီးပေးဘို့ ကမ်းလှမ်းခဲ့ဘူး ပါတယ်။ ကိုလင်းက လက်မခံခဲ့ပါ။ ဂီတလိုင်းချင်း မတူဘူးတဲ့။

“သားမှ မသိတာ။ သားလည်း ဘာသီချင်းမှ ရတာ မဟုတ်ဘူး။ ကိုကို ကြိုက်တာတီးလေ .. သား နားထောင်မှာပေါ့။”

“မရဘူး။ အတီးချည်းပဲ မရဘူး။ ဆိုတီးလေးမှ တီးချင်တာ .. ရတာ တစ်ခုခုဆို။”

လုပ်ပြီ .. ကိုလင်း .. ဗိုလ်ဗိုလ်ကို စပြီ။

“ရတယ်လေ .. သား ကမ္ဘာမကြေ ဆိုမယ်။”

“ဟေ့ရောင် .. ဟေ့ရောင် .. ဒါ .. စာသင်ခန်း မဟုတ်ဘူး။”

“ဟာ .. .. သား .. စန္ဒယား သီချင်းတွေမှ မသိတာ။ သိတာ ဆိုမယ်လေ။ မြနန္ဒာ သင်္ကြန်သီချင်း ဆိုမယ်။”

“ကဲ ကဲ .. တော်ပါကွာ .. မင်းအသံကြီးနဲ့ ဆိုမနေပါနဲ့တော့။ ဘာမှလဲ အသေအချာ ရတာလည်း မဟုတ်ဘူး။ နားထောင် နားထောင် .. သေချာ နားထောင်နော် .. .. ကို .. သီချင်းတစ်ပုဒ် တီးပြမယ်။”

ကိုလင်းရဲ့ သွယ်သွယ်လျလျ လက်ချောင်း ၁၀ချောင်း စလုံးဟာ ဆင်စွယ်ရောင် စန္ဒယား ခလုတ်တွေ အပေါ် .. ကားကားလျားလျား ဝဲပျံကျဆင်း သွားပါတော့တယ်။ စန္ဒယား ခလုတ်တွေကို တွဲတွဲပြီး .. ဆက်တိုက် တီးသွားရာမှာတော့ .. .. ..

" နွဲ့ဆိုးဗိုလ် "Where stories live. Discover now