အပိုင်း ၁၃

3.6K 42 0
                                    

( ၁၃ )

ဒီနေ့ တနင်္ဂနွေ တမနက်။ ခပ်စောစော ၅နာရီလောက်ကပဲ အဖေတို့ အမေတို့ပါ ထကြတယ်။ အင်မတန် ရင်းနှီးခင်မင်တဲ့ အဖေ့ အထက်အရာရှိ ညွှန်ချုပ်ရဲ့ ဆွမ်းကျွေးအလှုမို့လို့ အာရုဏ်အမီ အဖေတို့သွားကြတယ်။ ဗိုလ်ဗိုလ် တို့ အိမ်ကလည်း ဆနွင်းမကင်း တစ်ဗန်း ကူတယ်။

ဗိုလ်ဗိုလ် ကားဂိုဒေါင် တံခါးအဖွင့်မှာ ကိုလင်း ရောက်လာတာမို့ အဖေ့ကား နောက်ဆုတ်တာကို ဝိုင်းကြည့်ပေးလိုက်သေးတယ်။

“သားတို့ .. အိမ်တံခါးတွေ သေချာပိတ်နော်။ မောင်လင်းလင်းရေ သိပ်အဝေးကြီးလည်း မပြေးကြနဲ့၊ စောစောပြန်ကြနော်။”

အမေက ကားပေါ်တက်ရင်း မှာသွားတာပါ။

“ဟုတ်ကဲ့ပါ အန်တီ။”

ချိုလိုက်တဲ့ ကိုလင်းရဲ့အသံ။ ကိုလင်း နှုတ်ခမ်းပေါ်မှာ ပုရွက်ဆိတ်လေးတွေ လျှောက်ပြေးနေတာတောင် တွေ့လိုက်ရတယ်။

အဖေတို့ကားထွက်သွားတာနဲ့အတူ ဗိုလ်ဗိုလ် နဲ့ ကိုလင်းလည်း ကတ္တရာလမ်းအတိုင်း ခပ်ရွရွပြေးလာလိုက်ကြတယ်။ ၁၅ မိနစ်သာသာလောက်ရောက်တော့ ..

“ချစ် .. ကိုတို့ အိမ်ပြန်ကြရအောင်။”

“ဟင် .. ဘာဖြစ်လို့လဲ ကိုကို။”

“အိမ်မှာ ဘယ်သူမှ မရှိတုန်း ကိုတို့လုပ်ကြရအောင်။”

“ဟုတ်။”

ဗိုလ်ဗိုလ် မြန်မြန်ပဲ သဘောပေါက်လိုက်ပါတယ်။

ဗိုလ်ဗိုလ် ထမင်းစားခန်းထဲ တန်းဝင်သွားပါတယ်။ ရေခဲသေတ္တာနားက မှန်ရှေ့ အရောက်မှာ ကိုလင်းက ဗိုလ်ဗိုလ့် ကို နောက်ကနေ သိုင်းဖက်လိုက်ပါတယ်။ ဗိုလ်ဗိုလ့် ခါးကို လက်ဖျံနှစ်ဘက် ယှက်ဖက်ထားရင်း ဗိုလ်ဗိုလ့် ရဲ့ ဇက်ပိုးနေရာလေးကို ကိုလင်းက ဖွဖွလေးနမ်းလိုက်ပါတယ်။ ကိုလင်း နှုတ်ခမ်းတွေက ဗိုလ်ဗိုလ့် ရဲ့ ပုခုံးထက်ဆီကို သက်ဆင်း နမ်းရှုပ်လာခဲ့ပါတယ်။

ဗိုလ်ဗိုလ့် ခါးကို ဖက်ထားတဲ့ လက်နှစ်ဘက်ကလည်း ခါးတဝိုက်မှာ ဝိုက်ကျနေတဲ့ ဗိုလ်ဗိုလ့် ရဲ့ အားကစား တီရှပ် အောက်အနားသားပတ်လည်ကို .. ဦးခေါင်းဘက်ဆီကို တဖြေးဖြေး ပင့်တင်ပြီး ဗိုလ်ဗိုလ့် ရဲ ့ ခေါင်းကနေ တဆင့် တီရှပ်ကို ဆွဲတင်ချွတ်ပေးလိုက်ပါတယ်။

" နွဲ့ဆိုးဗိုလ် "Where stories live. Discover now