အပိုင်း ၂၂

2.4K 31 0
                                    

( ၂၂ )

ငုပ်မိရင် သဲတိုင် .. စွဲခိုင် .. တက်နိုင်ရင် ထိပ်ဖျားရောက်နိုင်တာ .. ဆိုတာ ဗိုလ်ဗိုလ့် ကို ပြောတာပါ။

ဗိုလ်ဗိုလ် တက္ကသိုလ်တက်တော့ .. ကျောင်းကို ပထမဆုံးလာလည်တဲ့ သူငယ်ချင်းက .. သီဟန်။

Fresher လေးတွေကို .. ဒိုင်လာလုပ်ပေးတာတဲ့။ ဘယ်ကောင်မလေးက .. ဘယ်နှမှတ် ရတယ်၊ ဘယ်စော်လေးက .. ဘယ်နေရာက ဘာဖြစ်နေလို့ .. ဘယ်နှမှတ် လျှော့လိုက်တယ်နဲ့ .. သူ့ ဟာသူ .. မစားရ ဝခမန်း အမှတ်တွေ ပေးပြီး .. မယ်ရွေးပွဲ လုပ်သွားလေရဲ့။

ဗိုလ်ဗိုလ် .. တက္ကသိုလ် ရောက်တယ်ဆိုရင်ပဲ .. သူငယ်ချင်း ၈ယောက်လောက်နဲ့တွဲဖြစ်ပါတယ်။ မိန်းခလေး ၄ယောက်ပါ ထပ်ဝင်ပါလာတော့ .. ဗိုလ်ဗိုလ် တို့အင်ပါယာကြီးဟာ .. အားလုံး ၁၃ယောက် ဖြစ်သွားပါတယ်။

အင်း .. .. ဗိုလ်ဗိုလ် တို့မေဂျာမှာတော့ .. အတော်အတန်ကြီးတဲ့ .. အင်ပါယာပေါ့နော်။ ဒါတောင် .. နောက်ထပ် မိန်းခလေး ၂ယောက်က .. မိတ်ဆွေဖွဲ့ရုံ သက်သက် .. အင်ပါယာထဲကို .. ဝင်လိုက်ထွက်လိုက်နဲ့ Full member တော့ မဟုတ်ကျ။

သူတို့ထဲမှာ .. အပေါ်လွင်ဆုံးက .. .. .. နော်ဇာခိုင်။

လှလိုက်တဲ့ နာမည် .. လှလိုက်တဲ့ ရုပ်ရည် .. လှလိုက်တဲ့ အသားအရည် .. ဥနေတာပဲ။

သူလေးက လူပျိုတိုင်း .. လည်မှာ .. ဆွဲပေးချင်နေကြတဲ့ .. နော်ဇာကုံးလေး။

ရလိုက်တဲ့ ဣန္ဒြေ ညက်လို့.. အိလိုက်တဲ့ အသံ ညောလို့ ..

မိန်းခလေးထဲမှာတော့ အပေါ်လွင်ဆုံး။ .. .. .. အချောဆုံး။

ယောက်ျားလေးထဲမှာ အပေါ်လွင်ဆုံးလား။ အချောဆုံးလား။

၂ယောက်တော့ ဖြစ်နေပါတယ်။

အပေါ်လွင်ဆုံးက .. ချိုဆက်။ သူ ထင်ပေါ်တာက ပိုက်ဆံသုံးနိုင်တာထက် .. နော်ဇာ့ကို လိုက်လို့ ပါ။ သူသာလျှင် .. အဦး ပထမတဲ့။

နော်ဇာ့ နောက်က .. တကောက်ကောက် .. လိုက် .. လိုက်တာမှ (ကန်တော့ပါရဲ့) ခွေးမ နောက်က .. ခွေးထီးလိုက်သလိုမျိုး။

မိဘက .. ပြေလည်တော့ .. ချိုဆက် သုံးနိုင် စွဲနိုင်တယ်။ အပေါင်းအသင်း ရံနိုင်တယ်။ အရာရာ ငွေနဲ့ ခင်းတယ်။ သြရသ သားကြီး တဲ့။ မိဘ စီးပွား .. သူ့စီးပွားပဲ။ တက္ကသိုလ်တက်တယ် ဆိုတာ .. ဘွဲ့ ရချင် လို့။ ပြီးတော့ .. ကြင်ယာ .. ရချင်လို့။

" နွဲ့ဆိုးဗိုလ် "Where stories live. Discover now