အပိုင်း ၂၈

2.4K 34 0
                                    

( ၂၈ )

To

Colin Lim တဲ့။

မြန်မာပြည်က ကိုလင်းလင်းက USA ရောက်တော့ အမေရိကန် နာမည် Colin Lim ဖြစ်သွားတယ်။

အာပါး .. ကြီးလိုက်တဲ့ Vinyl ဓါတ်ပုံကြီး။ တံခါးတစ်ချပ်စာနီးနီးရှိတယ်။ နံရံမှာ ထီးတည်း ချိတ်ဆွဲထား လို့သာ .. Wallsheet မှန်း သိရတာ။

အဖြူကောင်လေး တစ်ယောက်နဲ့ .. ကိုလင်းနဲ့ .. တွဲရိုက်ထားတဲ့ ပုံပါ။

With all my love,

Francois LaPierre တဲ့။

ဖရန်ဆွာ လာ့ပြဲ တဲ့။ ဓါတ်ပုံအောက်နားမှာ လက်မှတ်တောင်ထိုးထားတယ်။ တကယ့် ပြင်သစ်နာမည် စစ်စစ်ပဲ။ မြန်မာလို ဆိုရင်တော့ .. ပြင်သစ်သား လပြဲ လို့ ဆိုလေမလား။

ဟာ .. မဟုတ်သေးပါဘူး။ သူ့ကောင်လေးကို .. လပြဲ လို့ သွားခေါ်လို့ စိတ်ဆိုးနေပါဦးမယ်။

ကောင်လေးက .. ဆံပင်က .. ရွှေညိုရောင် Dark Blonde Hair နဲ့ .. မျက်လုံးက ပြာလဲ့လဲ့ Blue Eyes နဲ့.. မျက်နှာပေးက တည်တည်တံ့တံ့ လေးပါ။ ကိုလင်းထက်တော့ ငယ်သား။ ဗိုလ်ဗိုလ့် ထက်တောင် ငယ်သေးတယ်။ အင်း လေ .. ကိုလင်းက .. အစထဲက ငယ်တာမှ ကြိုက်တာကလား။ ကိုလင်းရယ် ရွေးတတ်ပါပေ့။

ပါရီမြို့က ကမ္ဘာကျော် အီဖယ်လ် မျှော်စင်ကို နောက်ခံထားပြီး .. ကိုလင်းရော .. သူပါ .. အင်္ကျ ီ ချွတ်နဲ့ .. ဘောင်းဘီတိုတွေနဲ့ပါ။ ကိုလင်းက လမ်းဘေး အကာအရံ လက်တန်းပေါ်မှာ တက်ထိုင်လို့.. ကောင်လေးက ကိုလင်း ပေါင်ကြားထဲမှာ .. ကိုလင်းကို ကျောမှီပြီး .. ခြေဆင်းရပ်လို့။

ကိုလင်းက .. ကောင်လေးရဲ့ အနောက်ကနေ .. ကောင်လေးကို သိုင်းဖက်ထားတဲ့ ပုံပါ။ ပြီးတော့ ကောင်လေးရဲ့ ပုခုံးပေါ်မှာ .. ကိုလင်းက မေးတင်ထားပြီး .. ပါးချင်းအပ် လို့ .. နှစ်ယောက်စလုံး ပြုံးလို့ .. ရယ်လို့။ ကြည့်မိတဲ့ သူကိုတောင် .. ပြုံးသွားစေအောင် .. အပျော်တွေ ကူးစက်စေတဲ့ ပုံပါ။

ဗျာ .. .. Jogging လုပ်တဲ့ ဘိနပ် ကိုယ်စီ စီးထားလို့ပါလား။ .. ဒါဆို ပါရီမြို့ကြီးမှာ အပြေးလေ့ကျင့်ကြရင်း .. ရိုက်ထားကြတာပေါ့။ ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ .. ပြီး .. အားကစား ဘောင်းဘီ ကိုယ်စီ ဝတ်ထားကြလို့ပဲ။

" နွဲ့ဆိုးဗိုလ် "Where stories live. Discover now