အပိုင်း ၂၆

2.4K 31 0
                                    

( ၂၆ )

တစ်နေ့ ဗိုလ်ဗိုလ် စခန်းအတွင်းမှာ အလုပ်လုပ်နေတုန်း လူနှစ်ယောက် ဗိုလ်ဗိုလ့် အနားကို ရောက်လာပါတယ်။

 “ Are you Zauzau Bo from Burma?”

“ Yeah.”

“ I’m Hernandez, Azul.”

“ Oh oh! Nice to meet you, Azul. Ko Lin’s told me that you’d come.”

“ Oh ya! Good! And this is Rosso.”

“ Hi, Rosso.”

“ Hi.”

ကိုလင်း ပြောပြောနေတဲ့ အာဇူးလ် ဆိုတဲ့သူ ရောက်လာတာပါ။ သူနဲ့အတူ အဖော်တစ်ယောက် ပါလာပြီး ဗိုလ်ဗိုလ် နဲ့ မိတ်ဆက်ပေးပါတယ်။ Rosso (ရော့ဆို) တဲ့။

မြန်မာနဲ့အတော်ဆင်တာကြောင့် ကိုလင်းရဲ့ သူငယ်ချင်း တစ်ယောက်ပဲလို့ ထင်ပြီး ..

“Are you Burman?”

“No. I’m a Philipino decent.”

သူက နိုးတဲ့၊ ဖိလစ်ပိုင် နွယ်ဘွား အမေရိကန် ပါတဲ့။

အမေရိက မှာက အမေရိကန်လူမျိုးရယ်လို့ သီးခြားမရှိပါဘူး။ ဌာနေ တိုင်းရင်းသား ဆိုလို့ ဥရောပသားတွေ အခြေမချခင်က ရောက်နှင့်နေကျတဲ့ အင်ဒီးယန်းလူမျိုးတွေပဲ ရှိပါတယ်။ Azul ဆိုရင် Puerto Rico ကျွန်းသား အမေရိကန်ဖြစ်ပြီး၊ ကိုလင်း ဆိုရင်တော့ မြန်မာပြည်ဘွား အမေရိကန်ပေါ့။

Azul က သူ့ Apartment ကို လာလည်ဘို့ Tampa ကို လျှောက်သွားဘို့ Tourist Attractions တွေရှိတဲ့ နေရာတွေကို နှံ့နှံ့စပ်စပ် လည်နိုင်ဘို့အတွက် သူ့အခန်းမှာ ညအိပ်နိုင်ပါကြောင်း ဖိတ်ခေါ်ပါတယ်။ ဒါမှ ညဈေးတန်းတွေနဲ့ Night Club တွေဘက် ရောက်မှာလို့ ဆိုပါတယ်။

ဗိုလ်ဗိုလ် က စနေ၊ တနင်္ဂနွေလို အားလပ်ရက်တွေမှာ လာခဲ့ပါမယ်လို့ပဲ ပြောလိုက်ပါတယ်။ Azul က သူ့လိပ်စာနဲ့ ဖုံးနံပါတ် ပေးသွားပါတယ်။

ဗိုလ်ဗိုလ် Tampa မှာ မိတ်ဆွေ နှစ်ယောက် တိုးသွား ပြီပေါ့။

ကျေးဇူးပါ ကိုလင်း။

စနေ တစ်ရက်မှာတော့ ဗိုလ်ဗိုလ် Azul တို့ဆီ သွားလည်ဘို့ ဆုံးဖြတ်လိုက်ပါတယ်။

စနေည Azul အခန်းမှာအိပ် .. တနင်္ဂနွေ တစ်နေကုန် လျှောက်လည်ပြီး .. တနင်္ဂနွေ ညနေမှာပဲ စခန်းကို ပြန်ဝင်မယ် .. နောက်တစ်နေ့ တနင်္လာနေ့ အလုပ်ပြန်ဆင်းမယ် .. ချိန်သားကို ကိုက်ရောပဲ။

" နွဲ့ဆိုးဗိုလ် "Where stories live. Discover now