အပိုင်း ၂၉

Start from the beginning
                                    

အောင်မငေး ဗျာ .. .. ဖဲချပ်တွေမှာလည်း .. ဘဲ ၄ဗွေရဲ့ Postures အမျိုးမျိုးနဲ့ Naked ပုံတွေချည်းပဲ။

Internet နဲ့ လုပ်စရာရှိတာတွေလည်းပြီပြီး .. မျက်စိကလည်းညောင်းလာပြီ .. Tampa ကနေ တစ်နေကုန် နီးပါး လေယာဉ်စီးလာရတာမို့ .. အိပ်တော့မယ် ဆိုပြီး .. ဗိုလ်ဗိုလ် ကုတင်ပေါ်တက်လှဲ လိုက်ပြီး .. မျက်နှာကျက်ကို မော့ကြည့်လိုက်တော့ .. ဟင် .. မျက်နှာကျက်ပေါ်မှာလည်း .. ဗိုလ်ဗိုလ် တစ်ယောက်ပါလား။

Ceiling မှာ မှန်တစ်ချပ် ကပ်ထားပြန်ပါပြီ။

တော်ပြီ .. တော်ပြီ .. အိပ်တော့မယ် ..

ကုတင်ဘေး Side drawer ပေါ်မှာ တင်ထားတဲ့ .. Bed lamp ကို မီးပိတ်ဘို့ ထလိုက်တော့ .. Drawer ထဲမှာလည်း Condom တွေ .. Lube ဗူးလေးတွေ .. ..  ကြိုက်တာယူသုံး။ ၁ .. ၂ .. ၃ ..

ဗိုလ်ဗိုလ် .. ကမန်းကတန်း မီးကို ပိတ် .. စောင်ကို ခြုံပြီး အိပ်လိုက်ပါတော့တယ်။

ကိုလင်း အလုပ်သွားချိန်က မနက် ၁၁ နာရီကနေ ညနက် ၁၁ နာရီ အထိပါ။ တစ်နေ့ ၁၂ နာရီ အိမ်က ပျောက်နေတာပါ။ စနေနေ့ ပါ အလုပ်သွားရတယ်။ Networking သမားမို့လို့ .. သူများတွေ အလုပ်နားတဲ့ ရက်တွေမှာ .. သူက အလုပ်ဆင်းပြီး .. Cable တွေ Network တွေကို စစ်ဆေးရ .. Maintenance လုပ်ရတာတဲ့။

အလုပ်မသွားခင် Breakfast ကိုတော့ .. ဗိုလ်ဗိုလ် နဲ့ အတူတူ စားတယ်။ ဒါလည်း ၉နာရီလောက်မှ စားတာပါ။ Lunch နဲ့ Dinner တော့ ဗိုလ်ဗိုလ် .. ကိုယ့်ဟာကိုယ် စားတော့ပဲ။ ရေခဲသေတ္တာထဲမှာ ရှိတာ စားပဲ။ ဗိုလ်ဗိုလ် ကြိုက်တာလုပ်။ အနီးအနား လျှောက်သွားချင်ရင် .. သွားလို့ရအောင်တဲ့ .. Mountain bike စက်ဘီး နှစ်စီး ပြထားခဲ့တယ်။ အပျင်းပြေ VDO ကြည့်ချင်ရင် .. TV စင်ဘေးက ဘီရိုထဲမှာ .. အခွေတွေ ရှိတယ်တဲ့။

ကိုလင်း ထွက်သွားတော့ .. ဗိုလ်ဗိုလ် အိမ်ကို သော့ပိတ်ခဲ့ပြီး .. Mountain bike တစ်စီးနဲ့ .. ဟိုဟိုဒီဒီ လျှောက်နင်းလိုက်ပါသေးတယ်။ ဗီယက်နမ် ဆံပင်ညှပ်ဆိုင်တစ်ဆိုင်တွေ့တာနဲ့ .. တို့ Asian ဆိုင် တစ်ဆိုင်ပဲ .. အားပေးလိုက်ဦးမှ ဆိုပြီး .. ဗိုလ်ဗိုလ် ဆံပင်ကို .. အမေရိက ရောက် အမှတ်တရ အနေနဲ့ .. Marine ကေ တိုနံ့နံ့ ဝင်ညှပ်လိုက်ပါသေးတယ်။ ပိုက်ဆံရှင်းတော့မှ $10 တဲ့။ သွားပါပြီ .. ကုန်ပါပြီ ဗျာ။ တော်သေးတယ် .. ကိုလင်းက .. မုန့်ဘိုးပေးခဲ့လို့သာပေါ့။

" နွဲ့ဆိုးဗိုလ် "Where stories live. Discover now