အပိုင်း ၁၈

2.8K 34 0
                                    

( ၁၈ )

ဒီနေ့ ကိုလင်း မျက်နှာ မကောင်းပါ။ ဘာဖြစ်လို့လဲ ..

ကိုလင်းက ဗိုလ်ဗိုလ့် မျက်နှာကို သေချာကြည့်လိုက်ပြီး .. .. ..

“ချစ် .. .. ကို့ မေမေ အမေရိကားကို သွားမလို့ ..”

“အော် .. ကောင်းတာပေါ့ .. ကိုကို ..”

“ကိုလည်း လိုက်သွားရမယ် ..”

“ဟင် .. ဘယ်တော့သွားမှာလဲ .. ကိုကို ..”

“သံရုံးမှာ ဗီဇာ ဝင်ကြည့်ပြီး .. ရရင် သွားမှာပဲ ..”

“ဘယ်လောက်ကြာကြာနေမှာလဲ .. ဘယ်တော့ပြန်လာမှာလဲ”

“ .. .. .. .. .. .. .. အခြေအနေ အရပဲ .. ချစ် ..”

“ဟင် .. ကို့ ဟာကလည်း .. ..”

ဗိုလ်ဗိုလ် မေးသာမေးကြည့်လိုက်တာပါ။ ဘာဆို ဘာကိုမှ နားမလည်ပါ။ နိုင်ငံခြား ဆိုတာ ရုပ်ရှင်တွေထဲမှာသာ မြင်ဘူးတာပါ ..

“အစကတော့ .. ကို့အမေပဲသွားမလို့ပါ .. ဟိုက ဆွေမျိုးတွေက ခေါ်တာလေ .. Sponsor လုပ်ပေးတယ် .. အမေရိကန် ဥပဒေ အရ အသက် ၂၁နှစ်အောက် ဆိုရင် .. မိဘနဲ့ မှီခိုလိုက်လို့ ရတယ်တဲ့ .. .. အဲဒါ .. ပါပါး နဲ့ မာမားတို့က .. ကို့ကို လိုက်သွားရမယ်တဲ့။”

“ဟုတ် .. ကောင်းတာပေါ့ ကိုကို ..”

“ဘာကောင်းတာလဲ .. ချစ်ရာ .. ကို တော်တော်နဲ့ ပြန်လာရမှာ မဟုတ်ဘူး ..”

ဗိုလ်ဗိုလ် ဘာတွေမှန်းကို တကယ် မသိ။ ကိုလင်းကတော့ မျက်နှာကို ရှုံ့မဲ့နေပြီ။ နဖူးကျောတွေကိုလည်း ရှုံ့လို့ထားပြီ ..

“ကို .. ချစ်လေးနဲ့ မခွဲနိုင်ဘူး .. ချစ် ..”

“ကိုကိုက ပြန်မလာတော့ဘူးလား ..”

“လောလောဆည်တော့ ကို ပြန်မလာနိုင်သေးဘူးပေါ့ .. ဟိုရောက်တာနဲ့ ကို ကျောင်းပြန်တက် ရမယ်လေ .. ၁၀ တန်း ပြန်နေရင် နေရမှာ ..”

ဗိုလ်ဗိုလ် နားမလည် .. ဘာကိုမှ နားမလည် .. တက္ကသိုလ် ဒုတိယနှစ်ကျောင်းသား ကိုလင်းက ၁၀တန်းပြန်တက်ရဦးမယ် ..

ဗိုလ်ဗိုလ် ဘာမှ ဆက်မမေးတော့ပါ .. မေးစရာရယ်လို့ကို ရှာမတွေ့ ..

" နွဲ့ဆိုးဗိုလ် "Where stories live. Discover now