part 1

47K 1.1K 17
                                    

"သာထက် ရေ သာထက်"

လင်းပြည့်စုံတစ်ယောက် သူ့ရဲ့သူငယ်ချင်းဖြစ်သူ ကာလနဂါး မင်းသာထက်ကို ကျောင်းမသွားခင် လာရောက်နှိုးပြီးခေါ်ရသည်မှာ သူ့ရဲ့ပုံမှန်အလုပ် ဖြစ်လို့နေပြီဖြစ်သည်။

"သား လင်းပြည့်ရေ အပေါ်သာ တက်သွားတော့စောနကအန်တီနှိုးထားသေးတယ် ပြန်အိပ်နေတယ်ထင်တယ်"

"ဟုတ် အန်တီ"

လင်းပြည့်တစ်ယောက်လည်း သာထက်အခန်းရှိရာအပေါ်ထပ်သို့တက်ကာလာတော့သည်။

"ဟေ့ကောင် သာထက်ထတော့" ဟုဆိုကာခြေထောက်နဲ့သာကန်နှိုးလိုက်ပါတော့သည်။ ထိုချိန်မှသာ သာထက်တစ်ယောက်အင်းအဲလုပ်ကာ

"ဘယ်ချိန်ရှိသေးလို့လည်း စောသေးတဲ့ဟာကိုကွာ"

"မင်းကြီးတော်ကိုပဲ စောနေလိုက် အခု8နာရီခွဲတော့မယ်အတန်းချိန်က 9နာရီစမှာ ခွေးကောင်ရဲ့ အဲ့အချိန်လွတ်လို့မဖြစ်ဘူးကွ"

ထိုသို့ပြောလိုက်တော့မှ သာထက်တစ်ယောက်
"ဟာ သေပြီ" ဟုဆိုကာရေချိုးခန်းသို့အသည်းသန်ပြေး၀င်သွားတော့သည်။

သာထက်အမြဲတမ်းနောက်ကျနေရတဲ့အကြောင်းရင်းကတော့ သူများတွေလို ညလုံးပေါက်ဂိမ်းဆော့နေခြင်းကြောင့် မဟုတ်ဘဲ သူငယ်ချင်းမ တွေပို့ပေးတဲ့ bl ကားတွေကို စိတ်၀င်တစားဖြင့် ညလုံးပေါက်ထိုင်ကြည့်နေခြင်းကြောင့်သာဖြစ်ပါသည်။

...................................

"လ၀န်း သာထက်တို့ကမလာသေးဘူးလားနောက်ကျနေပြီကို"

"လာနေပြီလို့ပြောတယ်ထုံးစံအတိုင်း သာထက်အိပ်ရာထနောက်ကျနေတာနေမယ်"

"အေးဟုတ်မယ်  ဒါနဲ့ငါပြောရအုံးမယ် ငါမနက်က ကျောင်းလာတော့နင်နဲ့မတွေ့ခင်လေ ငါကောင်လေးတစ်ယောက်နဲ့၀င်တိုက်မိမလိုဖြစ်သွားသေးတယ် သိလား"

"ဟုတ်လား အဲ့တစ်ယောက်ကချောလား"

"ချောတယ်ဟ တော်တော်လေးကိုချောတာမျက်မှန်အ၀ိုင်းလေးနဲ့ချစ်စရာလေး ငါကြိုက်တယ် ဟီးးဟီးးး"

မြင်းလို တဟီဟီနဲ့ဖြစ်နေတဲ့ ယွန်းကိုလ၀န်းတစ်ယောက်မျက်စောင်းထိုးလိုက်ကာ

My Baby (Only You ) {completed}Where stories live. Discover now