《𝓔𝔁𝓽𝓻𝓪》

13.8K 1.1K 204
                                    

Uni

ချမ်းအေးလှသောနံနက်ခင်းတွင်ဂွမ်းစိုင်တိမ်တိုက်များမှာကောင်းကင်ထက်တွင်ကင်းရှင်းလို့နေသည်
ဘေးပတ်ပတ်လည်ရှိသဘာဝပေါက်သောသစ်ပင်ကြီးများမှာစိမ်းစိုလျက်လေတိုက်လိုက်လျှင် သစ်ရွက်ကလေးများမှာလှုပ်လီလှုပ်လျက်
ထိုသစ်ပင်အတွင်းခိုအောင်းနေထိုင်ကြသောကျေးငှက်သာရကာများ၏တေးသီသံများမှာလဲညံလို့နေသည်

သီးသန့်ဆောက်လုပ်ထားသောဝရံတာတွင်ထွက်ရပ်ပြီး ကော်ဖီခွက်လေးကိုင်ကာ မနက်ခင်းစောစော၏သဘာဝကိုအပြည့်အဝခံစားနေသည်

မြူမှုန်တစ်စနှစ်စကျကာ အုံ့မှိုင်းလျက်...

ထိုစဥ်ခါးပေါ်သို့လက်ကလေးနှစ်ဖက်သိုင်းဖက်လာပြီးကျောပေါ်သို့မျက်နှာအပ်ကာတစ်စုံတစ်ယောက်မှီအိပ်လာသည်ကိုခံစားလိုက်ရသည်

"Baby....babyလဲအစောကြီးနိုးလာတာလား"

JungKook ၏ကျောပေါ်သို့ပြုံးလျက်မျက်နှာဘေးတစ်ခြမ်းအပ်ကာ

"Jeon ကဘေးမှာမှမရှိတော့တာ baby ကလွမ်းလို့လိုက်လာတာ"

*အမယ်လေးလေးငါနော်😭*

JungKook ပြုံးလိုက်ပြီး ဖက်ထားသော Taehyung ၏လက်ကိုအသာလေးကိုင်ကာဖယ်လိုက်ပြီးမျက်နှာချင်းဆိုင်စေသည်

ဘေးနားကစားပွဲပုလေးပေါ်သို့ကော်ဖီခွက်လေးချလိုက်ပြီးဆိုလာသည်

"Baby ပြန်ချင်ပြီလား"

JungKook တို့သည်တစ်လတစ်ခါထိုတောနက်ကြီးထဲရှိနန်းတော်တွင်၂ရက်၃ရက်လောက်လာလာနေဖြစ်သည်
ရက်အကန့်အသတ်မှာ Taehyung ၏ဆန္ဒအတိုင်းပင်

JungKook ၏လက်နှစ်ဖက်လုံးကိုသူ၏လက်နှစ်ဖက်ဖြင့်စုကိုင်ပြီး

"အင်းပြန်ချင်ပြီ eomma appa တို့ကိုလွမ်းလို့"

နှုတ်ခမ်းလေးစူကာပြောလာသော Taehyungie ကြောင့်ခေါင်းကိုအရှေ့တိုးကာ ထိုဆူထော်ထော်နှုတ်ခမ်းလေးပေါ်သို့အနမ်းခြွေလိုက်သည်

"အာ....မနမ်းနဲ့လေ မျက်နှာမသစ်ရသေးဘူး"

JungKook ကိုတွန်းထုတ်ပြီး သူ့နှုတ်ခမ်းသူလက်နှစ်ဖက်ဖြင့်ကာ ကာပြောနေသောပေါက်စမှာအတော်ပင်အူယားစရာကောင်းလှသည်

⚠𝙼𝚈𝚂𝚃𝙴𝚁𝙸𝙾𝚄𝚂 𝙹𝙴𝙾𝙽⚠ (Uni+Z) {COMPLETED}Where stories live. Discover now