⚠𝙼𝚈𝚂𝚃𝙴𝚁𝙸𝙾𝚄𝚂 𝙹𝙴𝙾𝙽⚠13

14.1K 1.6K 170
                                    

Uni

သူရကန် နေမင်းကလဲ ထွက်ပေါ်လို့လာပြီ
ကျေးငှက်သာရကာများကလဲ မြည်သံများပေးလို့နေပြီ အလင်းရောင်မှာလဲ ကမ္ဘာပေါ်သို့ဖြာကျလျက်

နိုးစက်၏အသံမှာလဲ တစ်ခန်းလုံးကိုဖုံးလွှမ်းသွားသောကြောင့် Taehyung မထချင်ပါလျက် လွန့်လူးကာနိုးထလာရသည်

အချိန်အားဖြင့် နံနက် ၆နာရီခွဲ
Taehyung စုတ်တစ်ချက်သက်ကာ

"ကျစ် ငါ Alarm ကြီးပေးထားမိပြန်ပြီ"

ယခုအချိန်ကာလသည် ကျောင်းပိတ်ရက်ဖြစ်သောကြောင့် ကျောင်းဖွင့်ရက်တုန်းကလို အစောကြီးထစရာမလိုသော်လဲ Taehyung မှာ Alarm ပေးထားတာကိုမေ့လျော့သောကြောင့် ယခုအချိန်ထလိုက်ရခြင်းပင်

ပြန်၍ပင်မအိပ်ချင်သောကြောင့်ဖုန်းကိုသာထိုင်သုံးနေလိုက်သည် ဤသည်ကိုဖုန်းဖြင့်မျက်နှာသစ်သည်ဟုဆိုသည်

*ကိုယ့်အတိုင်းဘဲ😗*

၈နာရီအချိန်သို့ရောက်သောအခါ အခန်းတံခါးခေါက်သံကြားလိုက်ရသောကြောင့် Taehyung တံခါးဘက်သို့ လှည့်ကာကြည့်လိုက်သည်

"သား အောက်မှာ Seok Hoon ရောက်နေတယ်ဆင်းလာတွေ့အုန်း"

Taehyung စိတ်ပျက်စွာဖြင့်ရွှေအိုရောင်ဆံစများကိုခပ်ကြမ်းကြမ်းဆွဲဖွလိုက်သည်

"ကြားလား?"

Eomma ကသူမကြားဘူးထင်ကာထပ်မေးလိုက်တော့

"ကြားတယ် ကြားတယ်"

ထိုသို့ဆိုလိုက်မှ ထွက်သွားသည်

"သူကဘာလာလုပ်အုန်းမှာလဲ?"

Taehyung စိတ်ပျက်လက်ပျက်ညည်းညူကာ မျက်နှာသစ်ရေချိုးပြီး အောက်ထပ်သို့ဆင်းလာလိုက်သည်

အောက်ထပ်ထမင်းခန်းသို့ရောက်သောအခါ မနက်စာဝိုင်းတွင် Taehyung ကိုထိုင်ကာစောင့်နေကြသော ၃ယောက်

Appa eomma ရယ်ပြီးတော့ Lee Seok Hoon ဆိုသူ

Taehyung စိတ်ပျက်ပျက်ဖြင့်မျက်လုံးကိုအပေါ်ထောင့်လှန်ကပ်လိုက်ပြီး ထမင်းစားခန်းထဲဝင်လာလိုက်သည်

"Morning appa Morning eomma"

Appa နဲ့ Eomma ကိုနှုတ်ဆက်ပြီး Lee Seok Hoon ကိုတော့မသိချင်ယောင်ဆောင်ကာ မနက်စာကိုစားနေတော့

⚠𝙼𝚈𝚂𝚃𝙴𝚁𝙸𝙾𝚄𝚂 𝙹𝙴𝙾𝙽⚠ (Uni+Z) {COMPLETED}حيث تعيش القصص. اكتشف الآن