⚠𝙼𝚈𝚂𝚃𝙴𝚁𝙸𝙾𝚄𝚂 𝙹𝙴𝙾𝙽⚠17

13.1K 1.5K 165
                                    

Uni

ကျောင်းပြန်ဖွင့်ချိန်နီးနေပြီ ကျောင်းသားဖြစ်သည့် Taehyung အတွက်တော့ရယ်ရခက်ငိုရခက် စာမသင်ချင်သည်မှာအမှန် သို့သော် JungKook နှင့်အချိန်များစွာဖြုန်းရမည်ကိုတွေးမိ၍အတိုင်းမသိဝမ်းသာမိသည် နောက်ထပ်ဝမ်းသာစရာကိစ္စတစ်ခုရှိသေးသည် ဤသည်မှာ Lee မိသားစုသည် နိုင်ငံခြားသို့ပြန်သွားခြင်းပင် စီးပွားရေးအဆင်မပြေသောကြောင့် နိုင်ငံခြားသို့အပြီးအပိုင်ပြန်သွားခဲ့သည် Lee Seok Hoon ပါ ပါသွားသည်

နောက်၂နှစ်မှပြန်လာကာ Taehyung ကိုမစေ့စပ်တော့ဘဲ တစ်ခါတည်းလက်ထပ်ကာတပါတည်းခေါ်သွားမည်ဖြစ်သည် မည်သို့ပင်ဆိုစေကာမူ ၂ နှစ်ဆိုတဲ့အချိန်သည်နည်းသည်မဟုတ်ပါလေ

ကျောင်းသားတော်တော်များများမှာ တတိယနှစ်ရောက်တိုင်း အဆောင်မှာဖြစ်ဖြစ်တိုက်ခန်းလေးတစ်ခုဝယ်ကာဖြစ်ဖြစ်နေကြသည်ကများသည်

ထို့ကြောင့်မနေ့ညက JungKook ကိုမေးကြည့်လိုက်တော့သူသည်ပင်ဝယ်ထားသောတိုက်ခန်းတွင်နေမည်ဖြစ်ကြောင်း Taehyung ကိုပါလာနေရန်ခေါ်သည်လေ

Taehyung လဲသွားနေခြင်သည်မှာအမှန်ပင် သူတို့အိမ်နှင့်ကျောင်းကမူ အတော်လေးဝေးသည်
JungKook တိုက်ခန်း၌သာနေလျှင်အဆင်ပြေမည် သို့ဖြစ်၍ Taehyung မိဘတွေကိုခွင့်တောင်းရန်ဆုံးဖြတ်လိုက်သည်

"မားရေ ပါးရေ"

Taehyung အော်ခေါ်ကာ appa နဲ့ eomma ရှိရာဧည့်ခန်းသို့ပြေးလာသည်

"ဘာပြောမလို့အဲ့လောက်အော်နေရတာတုန်း"

Eomma ကဆိုသောကြောင့်

"မား သားလဲသူများတွေလို ကျောင်းနဲ့နီးတဲ့တိုက်ခန်းလေးမှာနေချင်တယ်"

ထိုသို့ဆိုတော့အလိုလိုက်သော eomma မှာ appa ဘက်သို့လှည့်ကြည့်ကာမျက်လုံးမှာ "နေခိုင်းလိုက်ပါလား" ဟူ၍အဓိပ္ပါယ်များကမူပြည့်​ကြပ်လျက်

"တိုက်ခန်းတစ်ခန်းရှာဖို့ဘယ်လောက်ခက်တယ်မှတ်လဲ? အဲ့လောက်ထိပိုက်ဆံကိုရေလိုမသုံးနိုင်ဘူး"

Taehyung တို့မှာမဆင်းရဲသော်လဲ မချမ်းသာသည်မှာအမှန်ပင် ကားဆိုလဲ appa မောင်းသောတစ်စီးတည်းသာအကောင်းစား အိမ်ကိုလဲအများကြီးမဝယ် တစ်အိမ်တည်းကိုဘဲ အကောင်းဆုံးပြင်ဆင်သည်

⚠𝙼𝚈𝚂𝚃𝙴𝚁𝙸𝙾𝚄𝚂 𝙹𝙴𝙾𝙽⚠ (Uni+Z) {COMPLETED}Where stories live. Discover now