⚠𝙼𝚈𝚂𝚃𝙴𝚁𝙸𝙾𝚄𝚂 𝙹𝙴𝙾𝙽⚠2

19.5K 2K 195
                                    

Uni

Taehyung သူ့နေရာတွင်ထိုင်ပြီးဆရာမသင်ကြားနေသည်များကိုလိုက်မှတ်လိုက်ငည်။

အချိန်ပြီးသောအခါအကုန်လုံးပစ္စည်းများသိမ်းပြီးပြန်ရန်ပြင်ဆင်ကြ၏။

"Annyeong"

Taehyung သူ့ကိုနှုတ်ဆက်လာသောကြောင့်ဘေးကိုလှည့်ကြည့်လိုက်သည်။

လက်ရှေ့ထုတ်ကာ ပြုံးပြပြီးနှုတ်ဆက်နေသောသူတစ်ယောက်

"Nae annyeong"

Taehyung ​ပြန်ကာနှုတ်ဆက်လိုက်သည်။

"ငါက Kim Yugyeom ပါ"

"Nae ငါက Kim Taehyung"

"ဝေါင်း ငါတို့တွေမျိုးရိုးတူကြတာဘဲ ဆက်ပြီးသူငယ်ချင်းလုပ်ကြရအောင်"

ထပ်မံကမ်းပေးလာသောလက်ကြောင့် Taehyungလဲလက်ဆွဲပြန်နှုတ်ဆက်လိုက်၏။

"ပြန်ပြီနော်Taehyung"

Yugyeomအရင်နှုတ်ဆက်ကာထွက်သွားသည်။

TaehyungလဲJimin ကျောင်းအောက်သွားကာJiminကိုစောင့်နေလိုက်သည်။

တအောင့်ကြာတော့Jiminဆင်းလာပြီး

"ဟာ Alphaကြီးကငါ့ကိုစောင့်နေပါလား"

"Jimin မနောက်နဲ့ဟာ...လာပြန်ကြရအောင်"

"အေးပါ အေးပါ"

Jiminနဲ့အတူတူပြန်ဖြစ်သည်။

"Jimin"

"အေးပြော"

"ငါမင်းမရှိတော့အရမ်းပျင်းတယ်သိလား"

"အေးဟာ ငါရောဘဲအရမ်းလွမ်းတယ်မင်းကို ဒါပေမယ့် ဒီနေ့ငါသူငယ်ချင်းအသစ်တွေအများကြီးရခဲ့တယ်သိလား"

"တကယ်လား?ငါတော့၁ယောက်လာမိတ်ဆက်တယ်"

"အေးဟာ ငါ့ကိုမေ့မသွားနဲ့အုန်း"

"ငါကပြောရမှာကွ"

Jiminနဲ့စကားပြောရင်းအိမ်သို့ပြန်ရောက်သွား၏။

အပေါင်းအသင်းများတဲ့Jiminအတွက်တော့သူငယ်ချင်းမရှိဖို့စိတ်မပူရ
Taehyungလေးအတွက်ကျ ငယ်ငယ်ကတည်းကJiminနဲ့ပေါင်းလာပြီး အခုမှခွဲထွက်သွားတော့ပေါင်းစရာလူမရှိပေ။

Betaကျောင်းဘဲတက်ခဲ့မိရင်ကောင်းသားဟာ အခုတော့လျှာရှည်ပြီးနာမည်ကြီးတဲ့ကျောင်းတက်ချင်တဲ့ကိုယ့်ကိုယ်ကို နောင်တရလို့မဆုံး

⚠𝙼𝚈𝚂𝚃𝙴𝚁𝙸𝙾𝚄𝚂 𝙹𝙴𝙾𝙽⚠ (Uni+Z) {COMPLETED}Where stories live. Discover now