⚠𝙼𝚈𝚂𝚃𝙴𝚁𝙸𝙾𝚄𝚂 𝙹𝙴𝙾𝙽⚠16

13.5K 1.4K 217
                                    

Uni

အိမ်ရှေ့ထိလိုက်ပို့ပေးသော JungKook ၏ပါးကိုအနမ်းခြွေကာ ကားပေါ်မှဆင်းလိုက်တော့ တွေ့လိုက်ရသည်မှာ Lee မျိုးနွယ်၏ကား အိမ်ရှေ့တွင်ထိုးရပ်ထားသည်.....

Taehyung လှည့်ထွက်မည်အပြု JungKook ဘက်မှကားမှန်တံခါးချကာ

"Baby တို့အိမ်ရှေ့က ကားကဘယ်သူ့ကားလဲ"

JungKook ပေါ့ပေါ့ပါးပါးမေးလာသည်

"အော်အဲ့တာလား ပါးရဲ့အသိတွေထင်တယ်"

ချစ်ရသူ၏အပျော်များကိုမဖျက်စီးလိုသော်လဲ မုသားဟုလဲမဆိုနိုင်သောစကားကိုရွေးကာပြောလိုက်သည်

ထိုသို့မှ နှာခေါင်းလေးရှုံ့ကာ

"ဟွန်း...နောက်ကျလိုက်တာသူတို့ကလဲ"

Taehyung မှာရှုံ့နေသောနှာခေါင်းကိုအသည်းယားသောကြောင့်လက်ညှိုးနှင့်လက်မသုံးကာဖွဖွလေးညှစ်လိုက်သည်

"Aigoo...မင်းမှာလဲအဲ့လိုချစ်ဖို့​ကောင်းတဲ့အမူအရာရှိတယ်ပေါ့"

"ဟားဟား ကိုယ်ကချစ်ဖို့​ကောင်းတယ်ပေါ့?"

"ဒါပေါ့"

"အဲ့တာက baby တစ်ယောက်တည်းရှေ့မှာဘဲလို့မှတ်လိုက်"

ထိုစကားကြောင့်ရှိုန်းတိမ်းတိမ်းဖြစ်သွားသော်ငြားလဲ

"ပြန်တော့မိုးချုပ်နေပြီ"

"အေးပါ ပြန်ပြီနော် ညဖုန်းမဆက်တော့ဘူး ကိုယ်အလုပ်လေးရှိသေးလို့ ဒါပေမယ့် message လေးတော့ပို့လိုက်မယ်"

ကျွန်တော့်ချစ်ရသူက ထိုသို့ချစ်ဖို့ကောင်းတာ မအားသည့်ကြားထဲက ကျွန်တော့်အတွက်အချိန်ကိုမရှိ ရှိအောင်ဖဲ့ပေးတတ်သူမျိုး...ဒါကိုအခုဖတ်နေတဲ့ FA တွေသိမှာမဟုတ်ပါဘူးလေ~

Taehyung ခေါင်းငြိမ့်ပြလိုက်တော့ ကားဘီးလေးမှာတရွေ့ရွေ့ထွက်ခွာသွားကာ ကားမှာလဲ တဖြည်းဖြည်းမြင်ကွင်းမှပျောက်ကွယ်သွားသည်

အိမ်ထဲတွင်ရင်ဆိုင်ရမည်များကိုတွေးမိတော့လေပူများကိုခပ်ကြမ်းကြမ်းပါးစပ်မှ မှုတ်ထုတ်မိသည်

အိမ်ထဲသို့ဝင်လိုက်သောအခါ မိသားစုစုံစုံလင်လင်ဖြင့်ဧည့်ခန်းထဲတွင်လက်ဖက်ရည်သောက်ကာ စကားစမြည်ပြောနေကြသည် Taehyung ဝင်လာတာကိုပြောသောအခါ appa မှ

⚠𝙼𝚈𝚂𝚃𝙴𝚁𝙸𝙾𝚄𝚂 𝙹𝙴𝙾𝙽⚠ (Uni+Z) {COMPLETED}Where stories live. Discover now