⚠𝙼𝚈𝚂𝚃𝙴𝚁𝙸𝙾𝚄𝚂 𝙹𝙴𝙾𝙽⚠23

11.6K 1.5K 110
                                    

Uni

အသင့်အတင့်အရွယ်အစားလောက်ရှိသော cafè ဆိုင်လေးသည် ဇွန်းသံခွက်သံသာ ကြားရသည်အထိ ငြိမ်သက်လျက်ရှိသည်

ထိုတိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သော Jimin

"ငါမင်းအတွက်အလုပ်ရှာတွေ့ထားတယ်"

"အေးပြော ဘယ်မှာလုပ်ရမှာလဲ"

"ငါတို့ company မှာတစ်နေရာလွတ်တယ်"

"တကယ်?!"

Taehyung အားရဝမ်းသာမေးလိုက်သည်

"အေး ငါပြောပေးထားတာ Gi ကို Gi တို့ company မှာ Taehyung နဲ့လိုက်ဖက်မယ့်တစ်နေရာလေးလုပ်ပေးပါ ဆိုပြီး"

Jimin ကော်ဖီတစ်ငုံ​သောက်ပြီးဆက်ပြောသည်

"အဲ့တာငါမနေ့အရှေ့တစ်ရက်ကပြောတာကွာ နောက်နေ့လဲကျရော အဲ့ Omega ကောင်မလေးကိုအလုပ်ထုတ်လိုက်တယ်သိလား"

"ဟာ...ငါ့ကိုခန့်ဖို့ မင်းပြောလိုက်တာနဲ့ အဲ့​ကောင်မလေးကိုအလုပ်ထုတ်လိုက်တယ်တဲ့လား... အားနာစရာတွေဖြစ်ကုန်ပြီ"

"အေးအဲ့တာကြောင့်ငါပြောတော့ Gi ကပြန်ပြောတယ် အဲ့တစ်ယောက်ကကွာ Gi တို့ရဲ့ company ကစာရင်းတွေကိုလိမ်နေတာတဲ့...ပြောရရင်တော့အတော်ဘဲဖြစ်သွားတာပေါ့ဟာ တိုက်ဆိုင်တာဘဲလား ဘာလားတော့မသိဘူးအဲ့တာမင်းမနက်ဖြန်ကြရင် interview လာဖြေသိလား"

"အေးအေး ငါဘာတွေပြင်ဆင်ရမလဲ?"

"လိုအပ်တဲ့အချက်တွေငါ Gi ကိုမေးပေးပြီး မင်းကိုပို့လိုက်မယ်"

"အေးပါကျေးဇူးတော့တင်ပါရဲ့ ဒါပေမယ့်ငါ့ရှေ့မှာ တ Gi Gi နဲ့မခေါ်စမ်းပါနဲ့ဟာ"

"ဟား...ဟား...ကိုယ့်ချစ်သူကိုယ်ခေါ်တာဘဲဘာဖြစ်လဲ"

Jimin ကခပ်စစလေးမေးတော့ Taehyung မှာလည်ပင်းလေးကိုပွတ်လျက် သူများအတွဲကြားထဲတွင်ခေါ်သောအမည်နာမဆိုသောကြောင့် Taehyung လဲမပြောချင်တော့

"ထားလိုက်ပါတော့ ခေါ်ချင်သလိုသာခေါ်တော့"

"အေးပါစတာပါ Yoongi ဆို Yoongi လို့ဘဲခေါ်မယ် မင်းရှေ့ကျရင်"

"အေးပါကျေးဇူးဘဲ ဘာရယ်တော့မဟုတ်ပါဘူး မင်းခေါ်သံကြားရင် နားကြားပင်းကပ်လွန်းလို့"

⚠𝙼𝚈𝚂𝚃𝙴𝚁𝙸𝙾𝚄𝚂 𝙹𝙴𝙾𝙽⚠ (Uni+Z) {COMPLETED}Where stories live. Discover now