⚠𝙼𝚈𝚂𝚃𝙴𝚁𝙸𝙾𝚄𝚂 𝙹𝙴𝙾𝙽⚠21

12.1K 1.4K 145
                                    

Uni

ခြေလှမ်းများမှာ ဦးတည်ချက်မဲ့စွာပြေးနေသည်မဟုတ် တစ်နေရာတည်းသို့သာတစိုက်မတ်မတ်ပြေးနေခြင်းပင်...

စိတ်ခံစားချက်အရ မည်မျှပင်ဝေးကွာပါစေ ဇွဲမလျော့ဘဲပြေးမြဲပြေးဆဲသာ...

စိတ်၏ထွက်ပေါက်လို့လဲဆိုနိုင်သည်

ဦးတည်ထားသောနေရာသို့ရောက်သောအခါတံခါးခေါက်လိုက်တော့ ပွင့်လာသောတံခါးနှင့် JungKook ၏အသံထွက်ပေါ်လာသည်

"Baby ဘာလို့နောက်.."

စကားမဆုံးခင်ပင် ကျွန်တော့်လည်ပင်းကိုသိုင်းကာပွေ့ဖက်လာသော Taehyung...
တင်းကြပ်စွာဖက်ထားသောလက်များကြောင့်ကျွန်တော်အသက်ရှူကြပ်ပေမယ့် တွန်းမလွှတ်ရက် မဖယ်ခိုင်းရက်

ခါးကနေတစ်ဆင့်ပြန်ဖက်ပေးလိုက်တော့ ကျွန်တော့်ပုခုံးစိုစွတ်သွားသည်ကိုခံစားလိုက်ရသည်

"Baby?..."

တစ်ခုခုပြောလိုပြောငြားခေါ်လိုက်တော့တုံ့ပြန်သံမလာပေမယ့် ကိုယ်လေးတသိမ့်သိမ့်တုန်နေသောကြောင့် အသံတိတ်ငိုနေသည်ကို ကျွန်တော်အတပ်သိလိုက်သည် ခါးကနေဖက်ရင်း ကျောကုန်းလေးကိုပုတ်ကာနှစ်သိမ့်ပေးလိုက်တော့ ဖြည်းဖြည်းချင်းပြေလျော့သွားသောသူ၏လက်များ

"Baby ကိုယ်တံခါးပိတ်ရအုန်းမယ်လေနော်"

ထိုသို့ချော့မြူကာပြောလိုက်တော့ Taehyung ဖက်ထားသောလက်များ ဖြေလျော့ကာလွှတ်ပေးလိုက်သည်

JungKook တံခါးပိတ်ကာလှည့်ကြည့်လိုက်တော့ Taehyung မှာဆိုဖာပေါ်တွင် ခေါင်းငိုက်စိုက်လျက်ထိုင်နေသည်

JungKook စိတ်ပူကာမေးစေ့လေးကိုကိုင်ပြီးမော့ကြည့်လိုက်တော့ ပါးတစ်ဖက်မှာနီရဲကာအနည်းငယ်ဖူးယောင်ချင်သယောင်

JungKook ဒေါသထောင်းခနဲထွက်ကာ မျက်လုံးများရဲလာသည်

"Baby! ဒါဘယ်သူလုပ်တာလဲ! ဘယ်ကောင်လုပ်လိုက်တာလဲ!"

"မား...eomma"

"ဟမ်?"

JungKook ပြောစရာစကားများပျောက်ရှသွားတော့သည်

"ဘာလို့လဲ ဘာလို့ baby ကိုအဲ့လိုလုပ်ရတာလဲ?"

"ငါက သူတို့ဖြစ်စေချင်တဲ့ကိစ္စကိုငြင်းလို့"

⚠𝙼𝚈𝚂𝚃𝙴𝚁𝙸𝙾𝚄𝚂 𝙹𝙴𝙾𝙽⚠ (Uni+Z) {COMPLETED}Where stories live. Discover now