⚠𝙼𝚈𝚂𝚃𝙴𝚁𝙸𝙾𝚄𝚂 𝙹𝙴𝙾𝙽⚠19

12.8K 1.6K 135
                                    

Uni

"ငါက oppa နဲ့စေ့စပ်မယ့် Jung Mi Young!"

ထိုစဥ် ရေချိုးခန်းတံခါးပွင့်လာကာ JungKook ထွက်လာခဲ့သည်

"Baby ဘယ်သူလဲ?"

"Jung Mi Young တဲ့"

"အော်"

Taehyung ဆီကဖုန်းတောင်းကာ JungKook ကိုင်လိုက်သည်

"ဟယ်လို ဘာကိစ္စလဲ"

"Oppa ကလဲကိစ္စရှိမှ ခေါ်ရမှာလားလို့"

"မရှိဘူးဆိုလဲ ငါချလိုက်တော့မယ်"

"Oppa ကလဲစိတ်ကြီးလဲပြောမယ်ပြောမယ် ကိစ္စကို"

"ဒါဆိုမြန်မြန်ပြော ငါမအားဘူး"

ဟိုဘက်မှ ကောင်မလေးမှာမကျေမနပ်ဖြင့်ဆောင့်အောင့်ကာ

"နောက်တစ်ပတ်အိမ်လာခဲ့တဲ့မိသားစုကိစ္စဆွေးနွေးစရာရှိတယ်တဲ့အဲ့တာပြောတာ ဟွန့်"

"အဲ့တာဆိုလဲ ဘာလို့အစောကြီးဆက်လဲ ဒါဘဲ"

JungKook ဘက်မှဖုန်းဦးစွာချလိုက်သည် ဟိုဘက်တွင်တော့တွန့်တွန့်လူးကာမည်သို့ပင်ကျန်ခဲ့စေကာမူ JungKook နဲ့မဆိုင် JungKook အလုပ်မဟုတ်
သို့သော် ကုတင်ပေါ်တွင်မျက်နှာလေးညှိုးကာထိုင်နေသော ကောင်လေးကမူ JungKook အပိုင် JungKook နှင့်ဆိုင်လေသည်

ရေချိုးခန်းထဲကထွက်လာကတည်းကမျက်နှာလေးညှိုးနေသည်ကို JungKook သတိထားမိသည်

"Baby ကိုသူဘာတွေလျှောက်ပြောထားလဲ"

JungKook ၏အမေးမှာဘာတွေပြောထားလဲလို့မမေးဘဲ ဘာတွေလျှောက်ပြောထားလဲလို့မေးသောကြောင့် Taehyung ဝမ်းသာမိသည် အဘယ်ကြောင့်ဆိုသော် ဟိုဘက်ကဘာပြောထားထား လျှောက်ပြောသည့်သဘောကိုသာဆောင်သည်

Taehyung လဲမလိမ်ညာဘဲ

"သူကပြောတယ် မင်းနဲ့စေ့စပ်ထားတဲ့သူတဲ့"

"ဟား...ဟား..."

ထိုအပြောကိုကြားတော့ JungKook ဟက်ဟက်ပက်ပက်ရယ်ကာ

"ဒီကောင်မလေးတကယ်လျှောက်ပြောထားတာဘဲ"

JungKook ထိုသို့ပြောတော့ မျက်လုံးဝိုင်းလေးဖြင့် Taehyung နားမလည်သလိုကြည့်ကာ

⚠𝙼𝚈𝚂𝚃𝙴𝚁𝙸𝙾𝚄𝚂 𝙹𝙴𝙾𝙽⚠ (Uni+Z) {COMPLETED}Where stories live. Discover now