⚠𝙼𝚈𝚂𝚃𝙴𝚁𝙸𝙾𝚄𝚂 𝙹𝙴𝙾𝙽⚠27

10.7K 1.2K 118
                                    

Uni

Flash back~

"ဟယ်လို Taehyung oppa"

"အေး Mi Young ပြောလေ"

"JungKook oppa က... ကိုလာခိုင်းလို့ အဲ့တာ Mi Young လာခေါ်မယ်လေ"

"Mi Young ရယ်ဟုတ်ရဲ့လားအဲ့နေရာက Omega တွေကိုမဖြတ်ခိုင်းဘူးလေ ပြီးတော့ဟိုတစ်ခေါက်ကလေးတင်အဲ့ကနေဘဲငါတို့တွေဒဏ်ရာရပြီးပြန်လာကြရတာလေ"

Mi Young ဘက်မှခဏငြိမ်သွားကာ

"သြော် JungKook oppa ကထူးခြားသွားအောင်လုပ်ချင်လားမှမသိတာ အခုအသင့်ပြင်ထားနော် Mi Young လာခေါ်မယ်"

"သြော်​ အေအေ ​စောင့်နေမယ်"

Mi Young နှင့်အတူ လိုက်သွားခြင်းဟာ Taehyung ၏မဟာအမှားပင်

Mi Young ခေါ်သည့်နေရာသို့ရောက်သောအခါ
Mi Young မှာသာမန်ဝတ်နေကြအဝတ်အစားကိုသာဝတ်ဆင်ထားသောကြောင့် Taehyung မရိပ်မိသည်မှာထူးဆန်းမနေတော့

"Oppa Mi Young မလိုက်တော့ဘူးနော် ဒီတိုင်းဝင်သွားလိုက်သိလား"

"ဟမ်ဘာလို့"

"Mi Young က Omega လေ Pack ခေါင်းဆောင်ကခွင့်မပြုဘူး ဒါပေမယ့် Oppa ကျ ကျောင်းသာကဒ်ပြလို့ရတယ်လေ"

ဟုတ်သား Taehyung မှာ Alpha ကျောင်းမှပြီးခဲ့သောကြောင့်လိမ်လို့ရသည်သို့သော်အလုပ်လျှောက်ရာသူကိုယ်တိုင်အရည်အချင်းစစ်သည့်အခါ
ကျသောကြောင့်အလုပ်မရခြင်းဖြစ်သည်

"ဒါဆို Mi Young သွားပြီနော်"

Taehyung ကိုနှုတ်ဆက်ကာထွက်သွားသောသူမ

Taehyung စိတ်ထဲတွင်တော့ဘဝင်မကျ သို့သော် JungKook ခေါ်သည်ဆိုသောကြောင့် တောနက်အဝင်ဝသို့​ခြေလှမ်းချလိုက်သည်

မှောင်မိုက်ကာလေပြေများမှာလဲတိုက်ခတ်လို့နေသည် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်းအရိုးအတွင်းထိစိမ့်ကာအေးလာသည်

ထိုအချိန်တွင်အနောက်မှခြေသံများကြားသောကြောင့်လှည့်ကြည့်မည်အပြု နှာခေါင်းနှင့်ပါးစပ်ကိုအဝတ်စနှင့်ပိတ်လိုက်သောကြောင့် ထူးဆန်းသောအနံ့ရကာ Taehyung ပတ်ဝန်းကျင်တစ်ခုလုံးအမှောင်ကျသွားတော့သည်...

⚠𝙼𝚈𝚂𝚃𝙴𝚁𝙸𝙾𝚄𝚂 𝙹𝙴𝙾𝙽⚠ (Uni+Z) {COMPLETED}Where stories live. Discover now