⚠𝙼𝚈𝚂𝚃𝙴𝚁𝙸𝙾𝚄𝚂 𝙹𝙴𝙾𝙽⚠11

15K 1.5K 139
                                    

ပထမကိုယ်စဉ်းစားတာကစာလေးတွေပြင်မယ်ပေါ့နော် ဆယ်ပိုင်းလဲပြင်ပြီးသွားပါပြီ ဒါပေမယ့်စာလဲပြင်လိုက်ရောအမှတ်တရရေးထားတဲ့ကောမန့်တွေအကုန်ပျောက်သွားတာမလို့မပြင်တော့ပါဘူးဒီတိုင်းဘဲပြန်တင်ပါတော့ အမှားတွေပါခဲ့ရင်တောင်းပန်ပါတယ်လို့ပြောပါရစေ။

Uni

မျက်နှာပေါ်သို့ကျရောက်လာသောနေရောင်ခြည်ကြောင့် Jimin နိုးလာခဲ့သည်။
ထို့နောက်မျက်လုံးအစုံကိုဖွင့်ကြည့်လိုက်သောအခါ လိုက်ကာကိုဖွင့်နေသော Yoongiကိုမြင်လိုက်ရ၏။ မနေ့ကအဖြစ်အပျက်များကလဲအစီအစဥ်တကျပေါ်လာခဲ့သည်။

"Min Yoongi!!! မင်းအရမ်းယုတ်မာတယ်!!! မင်းမူးနေတဲ့သူတစ်ယောက်ကိုအခွင့်အရေးယူတယ်! မင်းမကောင်းတဲ့အကောင်!"

ပစ္စည်းတွေကိုချခွဲကာ Jimin အော်နေသည်ဟုထင်ပါလား မထင်ပါနဲ့မလုပ်ပါဘူး

Jimin ထ ထိုင်ကာခါးအောက်ပိုင်းကိုသာစောင်ဖြင့်လုံအောင်ခြုံထားပြီးခေါင်းငိုက်စိုက်ထိုင်နေသည်။

"Jimin နိုးပြီလား?ရော့မင်းအတွက်မနက်စာ"

ထမင်းကြော်ပန်းကန်လေးက Jimin ဘေးတွင်အသင့်ရှိနေသည်။

"အော်ပြီးတော့ မူးနေတာမလားသံပုရာရည်အရင်သောက်လိုက် သက်သာသွားလိမ့်မယ်"

"အင်း"

Jimin သည်သူ့ဘက်ကစထားတာကြောင့်ဘာစကားမှမဆို Yoongi ပြောသလိုသာလုပ်နေသည်

Jimin သံပုရာရည် သောက်လိုက်တော့အနည်းငယ်လန်းဆန်းကာ ထရန်ပြင်လိုက်သည်

"အ့"

အောက်ပိုင်းမှဆစ်ခနဲ နာကျင်မှုကြောင့် Jimin ညည်းမိသည်မှာအမှန်

"အဆင်ပြေရဲ့လား?"

Yoongi စိတ်ပူကာမေးလိုက်တော့

"အင်း...ဒီကိစ္စကိုမေ့လိုက်တော့ ငါ့ဘက်ကစတာကြောင့် ထားလိုက်တော့"

Jimin စကားကြောင့် Yoongi မှာ

"ဘာဖြစ်တယ်....ငါကမထားပေးနိုင်ဘူးဆိုရင်ရော"

"ဟမ်?"

Jimin နားမလည်စွာဖြင့်မော့ကြည့်လိုက်သည်

⚠𝙼𝚈𝚂𝚃𝙴𝚁𝙸𝙾𝚄𝚂 𝙹𝙴𝙾𝙽⚠ (Uni+Z) {COMPLETED}Where stories live. Discover now