
Start from the beginning
                                    

Chapter (49) – အစ်ကိုကြီးက ကျွန်တော့်အနောက်ပေါက်လေးကို ထိလို့မရဘူး (Z+U)ရှုနင်သည် အဖေကိုဖက်ပြီး ပျော်ရွှင်နေရာမှ ချင်ယွိကျိုးနာမည်ကိုကြားတော့ မပျော်မရွှင်ဖြစ်သွားသည်။ ဒါက သူ့အမေရင်းဖြစ်ပေမယ့် အရင်ဘဝက သူ့ကို လှေကားထစ်လိုသဘောထားကာ ချနင်းပြီး ထောင်ထဲ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


Chapter (49) – အစ်ကိုကြီးက ကျွန်တော့်အနောက်ပေါက်လေးကို ထိလို့မရဘူး (Z+U)

ရှုနင်သည် အဖေကိုဖက်ပြီး ပျော်ရွှင်နေရာမှ ချင်ယွိကျိုးနာမည်ကိုကြားတော့ မပျော်မရွှင်ဖြစ်သွားသည်။ ဒါက သူ့အမေရင်းဖြစ်ပေမယ့် အရင်ဘဝက သူ့ကို လှေကားထစ်လိုသဘောထားကာ ချနင်းပြီး ထောင်ထဲရောက်အောင်ပို့ကာ လုပ်ကြံခဲ့သည့်အဖြစ်က ရှုနင်၏ရင်ထဲ စွဲနေသည်။

ရှုချိန်က ချင်ယွိကျိုးကို အရမ်းယုံကြည်ပေမယ့် သူ့သားမျက်ဝန်းရိပ်ထဲက ခံစားချက်အပြောင်းအလဲကို ရိပ်မိလိုက်သည်။

ရှုနင်က သူ့အမေနှင့် ရင်းနှီးမှုတိုးလာတယ်ဆိုပေမယ့် ချင်ယွိကျိုး၏ ကောက်ကျစ်ပြီး အဆိပ်ပြင်းသည့်အကြောင်းကို သက်သေမပြည့်စုံဘဲ ပြောလို့မရသည်ကို ကောင်းကောင်းသိနေသည်။ အရင်ဘဝက သူက သူ့အမေလက်ထဲမှာ သေဆုံးခဲ့ရပေမယ့် ဒီဘဝမှာတော့ သူမမျှော်လင့်ထားသမျှကို ဖျက်ဆီးပစ်ပြီး ထပ်တူညီသောအဖြစ်ကို ခံစားရစေဖို့ စီစဉ်ထားသည်။ ဒါကြောင့် သူမလိုချင်တာရစေပြီးမှ ပျက်စီးစေချင်တာ သူ မလွန်ဘူးမဟုတ်လား။

ရှုနင်က ခေါင်းငုံ့သွားပြီး သူ့ရင်ထဲမှာ တစ်ခုခုမြိုသိပ်ထားရသလို ဖြစ်နေသည်။ ရှုချိန်က ရှုနင်၏ ခုလိုပုံစံလေးကိုမြင်တော့ စိတ်မသက်မသာဖြစ်သွားပြီး သေချာစုံစမ်းဖို့ ဆုံးဖြတ်လိုက်သည်။ ဒီသားငယ်လေးက နူးညံ့ပြီး သူ့ဘေးရောက်လာရင် သက်တောင့်သက်သာရှိလှသောကြောင့် သားငယ်လေး စိတ်မပျော်အောင် ဘာကလုပ်နေသလဲဆိုတာ သိအောင်လုပ်ပြီး ဖြေရှင်းပေးဖို့ ဆုံးဖြတ်ထားသည်။

ညနေ၅နာရီထိုးတော့ အောက်မှာ ကားသံကြားလိုက်ရသဖြင့် ရှုဟိန်အိမ်ပြန်လာသည်ဆိုတာ ရှုချိန်သိလိုက်သည်။ သူ့သားက ဘာကြောင့်စောပြန်လာတာလဲ။ ဒီလိုတွေးနေတုန်း ရှုနင်က သူ့လက်မောင်းကြားက တိုးထွက်ကာ ဝရံတာဘက်ထွက်ပြီး အောက်ထပ်ကိုငုံ့ကြည့်ကာ လက်ဝှေ့ယမ်းပြလိုက်သဖြင့် ရှုချိန် အံ့သြသွားသည်။

ရှုဟိန်က ကားပေါ်ကဆင်းသည်နှင့် ဝရံတာဘက်မော့ကြည့်လိုက်စဉ် သူချစ်သောကလေးနှင့် အကြည့်ချင်းဆုံသွားသည်။ ဒါက သူတို့ မပြောဘဲ အလိုလိုသဘောတူထားသော အချက်ဖြစ်သည်။ သူ့ညီလေးက ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်လဲ။

ရှုနင်က ပြုံးကာ လက်ဝှေ့ယမ်းပြီး အစ်ကိုကြီးအိမ်ထဲဝင်သွားသည်ကို ကြည့်နေသည်။

ရှုချိန် အိမ်ပြန်ရောက်နေသောကြောင့် သူ့အဖေနှင့် ဆွေးနွေးစရာရှိသဖြင့် ရှုဟိန်က သူယူလာသော အရသာ၅မျိုးနှင့် ကိတ်၅ခုကို ရှုနင်အခန်းကို သွားပို့ခိုင်းလိုက်ရသည်။ ကလေးလေး၏ ပျော်ရွှင်နေသောပုံစံလေးကို မြင်ခွင့်မရလိုက်တာ နှမြောဖို့ကောင်းလှသည်။ ရှုဟိန်က တတိယထပ်က သူ့အဖေ၏စာဖတ်ခန်းတံခါးကို ခေါက်ကာ ပြောလိုက်သည်။

"အဖေ.. ကျွန်တော်ပါ.."

"ဝင်ခဲ့လေ.."

ရှုဟိန်က သစ်သားစားပွဲရှေ့က ခုံတွင်ဝင်ထိုင်လိုက်သည်။ ရှုချိန်က သားအတွက် ကိုယ်တိုင်ရေနွေးကြမ်းတစ်ခွက် ငှဲ့ပေးပြီး သူ့သားကိုပြောလိုက်သည်။

"မင်းလုပ်တာမှားတယ်လို့ အဖေမပြောပါဘူး.. ဒါပေမယ့် နောင်မှာ မိသားစုတွင်းကိစ္စကို ကိုင်တွယ်ရင် ဒီထက်ပိုသိမ်သိမ်မွေ့မွေ့လေး ဆုံးဖြတ်ပါ.. လူကြီးတွေ စိတ်မအေးရအောင် မလုပ်နဲ့.."

"ဟုတ်ကဲ့.."

"မင်းလုပ်တာ တစ်ဖက်သားကို သတိပေးတဲ့နေရာမှာ တဲ့တိုးဆန်လို့ မှားတယ်လို့ အဖေကဆိုလိုတာမဟုတ်ဘူးနော်.. ဒါပေမယ့် နင်နင်က မင်းနဲ့မတူဘူး.. သူက အရမ်းနူးညံ့တယ်.. သူ့ကို ပြဿနာထဲ ရောမပါသွားစေချင်ဘူး.."

"အင်း.."

"ဒါပေမယ့် ဒီနေ့ သူ ဒီကိစ္စထဲရောက်လို့ စိတ်မပျော်တာကို အဖေသတိထားမိတယ်.. မင်း ဒါကို သေချာဂရုစိုက်သင့်တယ်.."

ရှုဟိန်က ဘာမှပြန်မပြောပေမယ့် သူ့ညီလေးက သူ့ရှေ့မှာ တက်ကြွနေတာ ဘယ်လိုလုပ်ပြီး စိတ်မပျော်ဖြစ်ရမှာလဲလို့ တွေးနေသည်။

ရှုချိန်နှင့် ချင်ယွိကျိုးပြန်လာသောကြောင့် အိမ်က နည်းနည်းအလုပ်ရှုပ်နေကြသည်။ ချင်ယွိကျိုးက ရှုကောင်းကို ချက်ကျွေးဖို့ ဈေးထဲမှာ ငါးသွားဝယ်နေပြီး ရှုကောင်းက အပြင်ကနေ ညစာစားချိန်လောက်မှ ပြန်လာမည်ဖြစ်သည်။ ရှုဟိန်က သူ့အဖေနဲ့စကားနည်းနည်းပြောပြီး ထွက်လာခဲ့သည်။

ရှုနင်က အိပ်ယာထက်မှာလှဲပြီး ဖုန်းကလိနေသည်။ ဘေးမှာ သူ့အဖေလက်ဆောင်ပေးသော သင်ကြားရေးအထောက်အကူစက်ကို ဒီအတိုင်းချထားသည်။ အဖေ့ရှေ့မှာတော့ ယဉ်ကျေးမှုအရ ဖွင့်ကြည့်လိုက်ပေမယ့် သူက ဒါကိုစိတ်မဝင်စားပေ။

ရှုဟိန်က ရှုနင်၏အခန်းထဲ ခြေလှမ်းကျဲကြီးနှင့်ဝင်လာစဉ် ရှုနင်က ထထိုင်ကာ အစ်ကိုကြီးကိုကြည့်လိုက်သည်။ ရှုဟိန်က ကလေးလေး၏အင်္ကျီကို ပင့်လိုက်ကာ ခါးလေးကို လက်နှင့်ပွတ်သပ်ရင်း မေးလိုက်သည်။

"မင်း စိတ်ပျက်နေတာလား.."

"ဟမ်.."

ရှုနင်၏မျက်လုံးလေးတွေက ပြုံးလာခဲ့သည်။

"မင်း ကိတ်တွေစားပြီးပြီလား.."

ကြီးမြတ်လှသော နတ်ဘုရားရေ.. ခင်ဗျား ဒီလိုနည်းနဲ့ အာရုံလွှဲလို့ရမလား..

ဒါပေမယ့် ကိတ်အကြောင်းပြောတော့ ရှုနင်၏စိတ်က ပိုနူးညံ့ကာ ပျော်လာခဲ့သည်။

"အဲ့တာတွေက အရမ်းအရသာရှိတယ်.. ဘာတံဆိပ်လဲ.."

"မင်းကြိုက်ရင် ပြီးတာပါပဲ.. ငါ ရေကန်ထဲ ရေဖြည့်လိုက်ဦးမယ်.."

ရှုဟိန်က သူ့မေးခွန်းကိုမဖြေဘဲ ထွက်သွားသည်။ အစ်ကိုကြီးက လျှို့ဝှက်နေပါပြီ..။ အဖေက သူ့ကို ဘာတွေများပြောလိုက်တာပါလိမ့်.. (→_→)

အခုချိန်မှာ ရှုနင်က အဝတ်ချွတ်ရတာ စိတ်ထဲ ဘယ်လိုမှမနေတော့ပေမယ့် ရှုဟိန်က သူ့ကို မျက်လုံးမလွှဲတမ်းစိုက်ကြည့်နေတော့ ရှုနင်က ရှက်သလိုခံစားလိုက်ရသည်။

ရှုနင်က အတွေးတွေကိုခါထုတ်ကာ သူ့အစ်ကိုရှေ့ကနေဖြတ်ပြီး ရေကန်ထဲကိုဝင်ထိုင်လိုက်ပြီးမှ စိတ်သက်သာရာရကာ သက်ပြင်းရှိုက်လိုက်သည်။

ရှုနင်က ရေကန်ထဲမှာထိုင်ရင်း ရသည့်အခွင့်အရေးကို အလွတ်မခံဘဲ အစ်ကိုကြီးအဝတ်ချွတ်နေသည်ကို ခိုးကြည့်နေသည်။

သေလိုက်ပါတော့..

နတ်ဘုရားဆီမှာ သူနဲ့ထိုက်တန်တဲ့ နတ်ဘုရားလက်နက်ကို တကယ်ကြီးပိုင်ဆိုင်ထားတာပဲ..

ငါနဲ့ တခြားလူတွေက သူနဲ့စာရင် ဖုန်မှုန့်တွေဖြစ်ကုန်တာပဲ..

ရှုနင်က ကြည့်ရင်း မျက်လုံးတွေပူလာလို့ လက်နှင့်ဖုံးလိုက်မိသည်။

"မင်းမျက်လုံးထဲ ရေဝင်သွားလို့လား.."

"ဟင့်အင်း.."

သူဘာမှမပြောရသေးခင် ရှုဟိန်က ရှုနင်ကိုဆွဲယူကာ လက်တစ်ဖက်နှင့်သိမ်းဖက်ပြီး ရင်ခွင်ထဲဆွဲသွင်းပြီး ကျန်လက်တစ်ဖက်က သူ့မေးစေ့တွေကို အသာအယာပွတ်သပ်နေတော့သည်။ ရှုနင်က သေချာအကဲခတ် ကြည့်နေပေမယ့် ရှုဟိန်ဆီမှာ ဘာအရိပ်အယောင်မှ မတွေ့ရပေ။

သူတို့နှစ်ယောက်၏ အသားအရေများက ထိတွေ့ပူးကပ်နေပြီး ဒီလို ယောက်ျားလေးချင်း ရေအတူချိုးတာ မထူးဆန်းပေမယ့် သူက ဟိုမိုဖြစ်ပြီး သူ့အစ်ကိုကတော့ မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် သူတို့ကတော့ ရေအတူချိုးဖြစ်နေကြပြီ။ ရှုနင်က ပျင်းရိစွာဖြင့် အစ်ကိုကြီးကိုမှီထိုင်ရင်း ဆေးကြောပေးနေသည်ကို ဇိမ်ခံနေစဉ် အစ်ကိုကြီးရေချိုးခန်းထက် သေးငယ်သော သူ့ရေချိုးခန်းကို လှည့်ပတ်ကြည့်ကာ မပျော်မရွှင်ဖြစ်လာသည်။ ( ̄へ ̄)

သူ့ရဲ့အောက်ပိုင်းဧရိယာများကို သူ့အစ်ကိုကြီးက ပွတ်သပ်ဆေးကြောပေးတော့ ရှုနင် မျက်လုံး ပေကလပ် ပေကလပ်ဖြစ်သွားကာ ရှက်သလိုဖြစ်လာပေမယ့် အစ်ကိုကြီးက ဆေးကြောသန့်စင်ပေးရာမှာ ပိုကျွမ်းကျင်လာပုံရသည်။ လက်တစ်ဖက်က သူ့ကိုပွေ့ချီမ,တင်ပေးထားပြီး ကျန်တစ်ဖက်က အောက်ပိုင်းကို လျှင်မြန်သွက်လက်စွာ ဆေးကြောပေးနေသည်။ ထိုနေရာကို ဆေးကြောပေးပြီးမှ ရှုနင် အသက်ဝဝရှူရဲတော့သည်။ ဘယ်တော့မှ သူဒီလိုလုပ်ပေးတာကို ကျင့်သားရမှာပါလိမ့်..။

ကျွန်တော်က bottom အောက်ပုဂ္ဂိုလ်သမားလေ...
အစ်ကိုကြီးက ကျွန်တော့်အနောက်ပေါက်လေးကို ထိလို့မရဘူး.. ဒီနေရာက ကျွန်တော့်ရဲ့အနာဂတ်ခင်ပွန်းသည်ပဲ ထိရမှာလေဗျာ.. (_(:зゝ∠)_)

ဒီနေရာကိုအထိခံတာက ကျွန်တော့်ရဲ့ဂုဏ်သိက္ခာကို လျော့ပါးစေတယ်မဟုတ်ဘူးလား..

ရှုနင်၏ အရေးကြီးသောအစိတ်အပိုင်းကို ဆေးကြောပေးတာလည်း ရှုဟိန်အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ ခါတိုင်းက ရှုနင်က ဒီနေရာတွေကို ဘယ်တော့မှ အထိမခံပေ။ ဒီနေရာတွေကို ဆေးကြောပေးမည်လုပ်တိုင်း ခြေထောက်ကိုပူးကပ်ထားတာနှင့် ရေကို တဖြန်းဖြန်းပုတ်ကာ ကစားသည်ကိုလုပ်ကာ ငြင်းဆန်လေ့ရှိသည်။ ဒါပေမယ့် ထိုအောက်ပိုင်းကိုဆေးကြောတာက ရှုနင်၏ကျန်းမာရေးအတွက် အရေးကြီးသည်။ ထိုနေရာတွေ မသန့်ရှင်းရင် ရှုနင် နေမကောင်းဖြစ်နိုင်သောကြောင့် ဒီနေ့တော့ သူဘယ်လောက်ငြင်းငြင်း ဇွတ်ဆေးကြောပေးဖို့ ကြံရွယ်ထားပေမယ့် မထင်မှတ်ဘဲ ညီလေးက ပူးပေါင်းကာ အသာတကြည် ဆေးကြောခံခဲ့သည်။ ဒီနေရာကိုဆေးကြောစဉ် ညီလေးက နည်းနည်းတော့ တောင့်တင်းသွားခဲ့သေးသည်။

ရှုနင်က ဒီလိုလုပ်ပေးတာကို အကျွမ်းတဝင်မရှိပေမယ့် နောင်မှာ သူတို့က ဒီထက်ပိုဆက်နွယ်လာမှာဖြစ်လို့ ရှုနင် ပိုပိုပြီးကျင့်သားရအောင် ရှုဟိန်က လုပ်ပေးနေခြင်းဖြစ်သည်။ ကိုယ်က တကယ်လုပ်ချင်စိတ်ပြင်းပြပြီး ဇွဲရှိရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတာ ဒီအချက်က သက်သေပြနေသည်။ ဒါကြောင့် ရှေ့ဆက်မည့်ခရီးအတွက် ရှုဟိန် ယုံကြည်မှုပိုရှိလာသည်။

ညအချိန် ရှုကောင်းပြန်လာတော့ ရှုနင်က အဖိုးကိုပြေးဖက်ကာ နှုတ်ဆက်လိုက်သည်။ ချင်ယွိကျိုးက ကောင်းစွာဝတ်ဆင်ထားပြီး အောက်ကိုဆင်းလာခဲ့သည်။ ရှုနင်က ရှုကောင်းနှင့် တရင်းတနှီးပူးကပ်နေတာတွေ့တော့ သူမရင်ထဲက မကျေနပ်စိတ်တို့ လျော့နည်းသွားပြီး ပြုံးလိုက်သည်။ ရှုယောင်မွေးပြီးမှ ဟန်းနီးမွန်းထွက်လည်း မဆိုးဘူးဟု တွေးနေသည်။ ထိုခရီးစဉ်မှာ ရှုနင်ကို ညည်းညည်းညူညူနဲ့ ခေါ်သွားရမှာဖြစ်ပေမယ့် ရှုဟိန်ကိုတော့ သေချာပေါက်ချန်ထားရမည်။
ဒါက မိသားစုခရီးစဉ်လေးမဟုတ်လား။

"အဖေပြန်လာပြီလား.."

ချင်ယွိကျိုးက မြေးအဖိုးပူးကပ်နေသည့်နား သွားကာ အပြုံးနှင့်နှုတ်ဆက်လိုက်သည်။

"အဖေ.."

ရှုချိန်လည်း အောက်ကိုရောက်လာပြီး နှုတ်ဆက်လိုက်သည်။

"မင်းတို့က အိမ်ထဲဝင်ကြလေ.. ဘာကြောင့် ငါ့ဘေးမှာ ဝိုင်းနေတာလဲ.."

ပါးစပ်ကပြောနေပေမယ့် ရှုကောင်းလည်း ရှုနင်ကို အရမ်းလွမ်းနေပြီဖြစ်သည်။ သူက လက်တစ်ဖက်က ရှုနင်ကိုတွဲကာ ကျန်တစ်ဖက်က ရှုဟိန်ကိုကိုင်ရင်း ရှေ့ကဦးဆောင်ပြီး အိမ်ထဲဝင်လာခဲ့သည်။ ရှုကောင်းက ချင်ယွိကျိုးဘက်ကို ပထမဆုံးလှည့်ကြည့်လိုက်တော့ သူမက ပြုံးပြီး နှုတ်ဆက်လိုက်ပေမယ့် သေခါနီးအဖိုးကြီးက သူမမျက်နှာကိုမကြည့်ဘဲ ဝမ်းဗိုက်ကိုပဲကြည့်နေသည်။ ခွေးမသားကြီး.. ကျွန်မက ဒီလောက်မြေးနှစ်ယောက် ပေးထားတာတောင် ခုထိ မျက်နှာသာမပေးနိုင်သေးဘူးလား..။

ဒီအတွေးကြောင့် ချင်ယွိကျိုးစိတ်ထဲ တင်းလာပြီး သူမရင်ဘတ်ကို အသာဖိလိုက်မိသည်။

"မင်း အခန်းထဲမှာပဲ စားသင့်တယ်.."

ရှုချိန်က သက်ပြင်းချကာ ဇနီးသည်ကိုပြောလိုက်သည်။

ဘာကြောင့်လဲ..။ ချင်ယွိကျိုး၏နှလုံးသားထဲ ဒေါသမာန်ပြင်းစွာ ထွက်နေပေမယ့် အပေါ်ယံက နူးညံ့ချိုသာစွာပြောလိုက်သည်။

"ဟုတ်ပါတယ်.. ကျွန်မက ခုတလော ခဏခဏ အန်ချင်ပြီး မသက်မသာဖြစ်နေတာ.. ကျွန်မကြောင့် ကျန်တဲ့သူတွေ အနှောင့်အယှက်ဖြစ်နေပါ့မယ်.."

"အာ.. မင်းက တစ်ဖက်သားအတွက် အရမ်းစဉ်းစားပေးတာပဲ.. မင်း မာလာစွပ်ပြုတ်စားချင်တယ်ဆိုလို့ ကိုယ် လူတစ်ယောက်ကို သွားဝယ်ခိုင်းပြီး မင်းအခန်းထဲ ပို့ခိုင်းထားတယ်.. ရှူး.. အဖေမသိစေနဲ့နော်.."

"အွန်း... ဒါပေမယ့် အဖေက အိမ်ပြန်ရောက်နေပြီလေ.. အဖေက လူကြီးဆိုတော့ အိမ်မှာ လူတွေနဲ့ စည်းစည်းလုံးလုံးရှိတာ ပိုသဘောကျတယ်.. ကျွန်မက အမြဲတမ်း အပေါ်ထပ်မှာချည်းစားရင် သိပ်မကောင်းဘူးလေ.."

ချင်ယွိကျိုးက သူမလက်ကိုဖျစ်ညှစ်ကာ နှစ်သိမ့်နေသောခင်ပွန်းသည်ကို တီးတိုးပြန်ပြောလိုက်သည်။

ရှုကောင်းက အိမ်ဖော်ပေးတဲ့ပုဝါအစိုနဲ့ လက်နှစ်ဖက်ကိုသန့်ရှင်းနေစဉ် ရှုနင်က နောက်ထပ်ပုဝါအစိုကိုယူကာ အဖိုး၏မျက်နှာကို ကူညီသုတ်ပေးနေသည်။ ထိုမြင်ကွင်းကိုကြည့်ပြီး ရှုချိန်ရင်ထဲ ထူးဆန်းလာခဲ့သည်။ သူက ရေကိုငုံ့သောက်ရင်း ခံစားချက်ကိုဖုံးကွယ်ကာ သားငယ်လေးက ဉာဏ်ကောင်းကာပါးနပ်သည်ဟု တွေးနေသည်။ ဘာဖြစ်ဖြစ် သူက ငါ့သားပဲလေ..။ ဒီလိုသိတတ်တဲ့သားကိုရတာ ဘယ်လောက်ကံကောင်းလိုက်သလဲ..။

ချင်ယွိကျိုးက ပြုံးရွှင်စွာဖြင့် လူတိုင်းကိုဟင်းထည့်ပေးပေမယ့် ရှုချိန်ကလွဲပြီး ကျန်လူများက သူမကို အသိအမှတ်မပြုကြပေ။

ရှုနင်က ခေါင်းကိုငုံ့ကာ ထမင်းကိုတိတ်ဆိတ်စွာစားနေသည်။ သူ့အမေကိုခိုးကြည့်တော့ သူ့ကိုသတိမထားမိတာတွေ့မှ သက်ပြင်းချမိသည်။ ထိုစဉ် ချင်ယွိကျိုးက ငါးဟင်းတစ်ဖက်ကိုယူကာ ရှုနင်၏ပန်းကန်ထဲ ထည့်ပေးပြီး စားဖို့ပြောလိုက်သည်။ ဒါက မျက်စိအတွက် ကောင်းသည်ဟုဆိုသည်။ ရှုနင်က ချင်ယွိကျိုးထည့်ပေးတာကို မစားချင်ပေမယ့် ချင်ယွိကျိုးက သူ့ကိုစိုက်ကြည့်နေသောကြောင့် ကျိတ်မှိတ်ကာ ငါးကို ပါးစပ်ထဲထည့်ဝါးကာ မြိုချလိုက်ရသည်။

ချင်ယွိကျိုးက ရှုနင်ကို ရေခွက်ထဲရေထည့်ကာ ကမ်းပေးလိုက်ပြန်သည်။ အစောလေးကမှ ရှုနင်က ရှုဟိန်ထည့်ပေးထားသောရေကို သောက်ပြီးဖြစ်သောကြောင့် ဗိုက်ပြည့်ကာ ဆက်မသောက်နိုင်တော့ပေ။ သူမက စူးစိုက်ကြည့်နေသောကြောင့် ရှုနင်က ဘာမှမပြောဘဲ မျက်မှောင်ကြုတ်ကာ ရေကိုမော့သောက်လိုက်ရတော့သည်။

ရှုချိန်က အစောက ရှုနင်ရေငတ်တယ်ပြောလို့ ရှုဟိန် ရေထည့်ပေးတာကို သားငယ်လေးသောက်တာကို တွေ့ခဲ့ပြီးဖြစ်သည်။ အခုတော့ သူ့မိန်းမက သားငယ်လေးကို ဖိအားပေးကာ ရေတစ်ခွက်အပြည့် ဇွတ်သောက်ခိုင်းနေတာတွေ့တော့ ရှုကောင်းပြောခဲ့သည့် တချို့အချက်ဖြစ်သည့် 'ကလေးက ကြီးပြင်းလာချိန် ချင်ယွိကျိုးက ကလေးကို မကောင်းတာကိုသင်မပေးစေဖို့၊ မကောင်းတာမလုပ်ပြဖို့' ဆိုတာကို ပြန်သတိရလာသည်။

ထိုစကားကိုကြားစဉ်က သူ့အဖေက ချင်ယွိကျိုးကို သဘောမကျသောကြောင့် မျက်နှာသာမပေးချင်လို့ပြောသည်ဟု ထင်ခဲ့သည်။ ဒါပေမယ့် အခုတော့ သူ့အဖေပြောတာ မှန်နေပြီဖြစ်သည်။ အဖေက အတွေ့အကြုံပိုများပြီး လူ့သဘာဝကို ပိုသိသူဖြစ်လို့ ဒီလိုဖြစ်ရပ်များကို ကြုံတွေ့ဖြတ်သန်းခဲ့သူလည်းဖြစ်သလို အကြောင်းမရှိဘဲ အဖေက ဒီစကားကို မပြောနိုင်ပေ။

ရှုချိန်က ထမင်းတောင်ဆက်မစားနိုင်ဖြစ်သွားသည်။ ရှုဟိန်က သားငယ်လေးကို အရိပ်တကြည့်ကြည့်ရှိပြီး ရှုနင်က ချင်ယွိကျိုး၏ဖိအားပေးမှုကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေသည်ကို သတိထားမိသည်။ ရှုကောင်းလည်း ဒါကိုတွေ့တော့ မပျော်မရွှင်ဖြစ်လာသည်။ ချင်ယွိကျိုးကတော့ သဘောမပေါက်ဘဲ သူမတစ်ယောက်တည်း အရမ်းကိုအလုပ်များနေသည်။ သူမက ဘယ်လောက်ပဲ ကောင်းပြပြ သူမက အရင်က သူမအပေါ်လုပ်ခဲ့သည်ကို စိတ်ထဲမထားဘဲ ရှုကောင်းနှင့် ရှုဟိန်တို့ကို တောက်လျှောက်သဘောကောင်းစွာ တွယ်ကပ်နေပုံကိုကြည့်ပြီး သူမက ရည်မှန်းချက်အရမ်းကြီးသည်ကို ရှုချိန် သတိပြုမိလာသည်။ သူမက မှားယွင်းသောခြေလှမ်းကို စတင်မိလိုက်လေပြီ။

ည ရှုချိန်တို့ အိပ်ခန်းကိုပြန်ရောက်တော့ ပြောလိုက်သည်။

"စကားပြောကြရအောင်.."

"ဘာဖြစ်လို့လဲ ယောက်ျား.."

"မင်းက ပညာရှိပြီး သတိကြီးတယ်ဆိုတာ ငါသိပါတယ်.. ဒါပေမယ့် ရှုနင်က မင်းနဲ့ သဘာဝချင်းမတူဘူး.. သူက အခု ကောင်လေးဆိုပေမယ့် နောင်တချိန်မှာ လူကြီးဖြစ်လာပြီး မိသားစုတာဝန်ကို ထမ်းဆောင်ရမယ့်သူဖြစ်တယ်.. ဒါကြောင့် သူက အိမ်မှာ တစ်ယောက်ယောက်က သူ့ကိုသဘောမကျတာ ရှိဖို့မသင့်သလို သူမကြိုက်တာလုပ်ဖို့ ဘယ်သူမှ ဖိအားပေးတာကိုမှ လက်မခံနိုင်ဘူး.. သူ အိမ်မှာ သတိနဲ့နေနေရတာကို ငါမလိုလားဘူး.. ငါဘာဆိုလိုသလဲ မင်းနားလည်တယ်မလား.."

ချင်ယွိကျိုးက သူမအင်္ကျီအနားစကို ဆုပ်ကိုင်ညှစ်ချေကာ ခါးသီးစွာပြောလိုက်သည်။

"အချစ်.. ကျွန်မရဲ့အခြေအနေကိုလည်း ရှင်သိပါတယ်.. ကျွန်မရဲ့အိပ်မက်က ရှင်နဲ့လက်ထပ်ပြီး မိသားစုဘဝကို ထူထောင်နိုင်ဖို့ပဲ.. နင်နင်.. သူက ဒီလိုအထက်တန်းလွှာမိသားစုရဲ့ နေထိုင်ပုံကိုမသိတော့ သူဒီလိုနေရာမှာ အမှားလုပ်မိမှာကို ကျွန်မကြောက်လို့ သူ့ကိုတွန်းအားပေးမိတာပါ.. သူ့အရင်က အကျင့်ဟောင်းတွေကို ပြင်ပေးချင်ရုံပါ.."

"မင်းလည်း အတော်ခက်ခဲခဲ့မှာပဲ.."

"အချစ်.. ကျွန်မက လူတွေဘာပြောပြော ဂရုမစိုက်ပါဘူး.. ရှင်အထင်လွဲမှာကိုပဲ ကြောက်တာပါ.."

ရှုချိန်က သနားစဖွယ်ဖြစ်နေရှာသော ချင်ယွိကျိုးကို လက်မောင်းထဲဆွဲသွင်းကာ ဖက်ထားပေမယ့် သူ့မျက်လုံးတွေထဲ ခါတိုင်းလို နွေးထွေးမှုတို့မရှိပေ။ ချင်ယွိကျိုးက အရမ်းကို သတိကြီးတယ်..။ သူမရဲ့ပုံစံကို ငါ ပြောင်းလဲပစ်ဖို့မလွယ်ဘူး။ သူမက တကယ်ပဲ နင်နင်ကို စည်းကမ်းတွေချပြီး ဖိနှိပ်နေဦးမယ်ဆိုရင် ရှောင်ဟိန်ပြောတဲ့အစီစဉ်ကို ငါ သဘောတူရတော့မယ်။ သားငယ်လေးကို သူနဲ့သွားနေဖို့ ထည့်ပေးရတော့မယ်။

ချင်ယွိကျိုး၏အမူအရာက မှောင်မိုက်ကာ ဒေါသထွက်နေသည်။ သူမ၏အပြုအမူကို ရှုချိန်သိအောင် တိုင်လိုက်တာ ဟိုသောက်ကလေးကလွဲပြီး ဘယ်သူမှမဖြစ်နိုင်ပေ။ ဒီကလေးစုတ်မျက်နှာကို မတွေ့ချင်သောကြောင့် သူမ ဒုတိယထပ်ကို မဆင်းခဲ့တာကြာပြီဖြစ်ပေမယ့် ခုကိစ္စကြောင့် ဒီကလေးစုတ်ကိုရှင်းဖို့ ဆင်းလာရသည်။

ရှုနင်က သူ့အိပ်ခန်းထဲမှာ ညဝတ်အင်္ကျီဝတ်နေစဉ် အခန်းထဲမှာ မျက်နှာမည်းမှောင်နေသော ချင်ယွိကျိုးဝင်လာတာကို မှန်ထဲကနေ တွေ့လိုက်ရသည်။

သူမ ဘာလာလုပ်တာလဲ..။ မျက်နှာက ပုပ်သိုးနေတာ ငါ့ကိုရိုက်မလို့လာတာလား...?

=====================


ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now