Chapter (4) - မ်က္လံုးတစ္လံုးအတြက္ မ်က္လံုးတစ္လံုးခ်င္း

24.8K 4K 18
                                    

Chapter (4) - မ်က္လံုးတစ္လံုးအတြက္ မ်က္လံုးတစ္လံုးခ်င္း

အိမ္အျပင္ဘက္တြင္ ႀကီးေတာ္အႀကီးဆံုးႏွင့္ အလတ္က က်ယ္ေလာင္စြာငိုယိုၿပီး သူတုိ႔၏နာက်င္ပူေဆြးမႈကို လူသိေအာင္လုပ္ျပေနသည္။ ခ်င္ယြိဖူက မိသားစုမွာ စတုတၳေျမာက္ကေလး၊ သားေယာက္်ားေလးျဖစ္သည္။ သူမတို႔ေတြ အိမ္ေထာင္ျပဳၿပီး ေယာက္်ားမိသားစုဘက္ လိုက္သြားရမည္ျဖစ္လို႔ ခ်င္ယြိဖူက ခ်င္အိမ္၏မ်ိဳးဆက္ကို ဆက္လက္ျပန္႔ပြားေပးမည့္ အဓိကေထာက္တိုင္ျဖစ္ေၾကာင္း မိဘမ်ားက သူမတို႔ငယ္ကတည္းက ေျပာထားၾကသည္။ သူမတို႔က နားေထာင္ၿပီး အေကာင္းဆံုးဟူသမွ် ေမာင္ေလးကိုပဲ ေပးခဲ့ၾကသည္။ သူမတို႔ႀကီးျပင္းလာေတာ့ ေတြးစျပဳလာသည္။ ဘာေၾကာင့္ သူမတို႔လုပ္အားက ရလာတာေတြကို ေမာင္ေလးကိုေပးရမွာလဲ။ သူမတို႔က အိမ္မႈကိစၥ၊ ဝက္ေကၽြး၊ ဘဲေကၽြးကိစၥရပ္မ်ား လုပ္ခဲ့ရသည္။ ခ်င္ယြိဖူက ဘာေၾကာင့္ သူမတို႔လုပ္အား အသီးအပြင့္ကို ရယူရမွာလဲ။ သူမတို႔က ခ်င္ယြိဖူဘက္က မစဥ္းစားေပးလို႔ပင္။ တကယ္ေတာ့ သူမတို႔သံုးေယာက္ အိမ္ကထြက္သြားၿပီးေတာ့ ခ်င္ယြိဖူက ဒီအိမ္ကို ဆက္လက္ေထာက္ပံ့ေပးခဲ့သည္။ အိမ္မႈကိစၥကို ကိုယ္တိုင္လုပ္ခဲ့သည္။ အိမ္မွာ ေၾကြးမတင္ေအာင္ ႀကိဳးစား႐ုန္းကန္ခဲ့သည္။

အျပင္မွာ ငိုသံေတြသာမက ဆူညံသံေတြပိုထြက္လာလို႔ ႐ႈနင္ႏွင့္ဖိုမင္က ပြဲၾကည့္ဖို႔ထြက္လာၾကသည္။ ဒီတစ္ခါ ဦးေလးက သူ႔အစ္မရင္းေတြရဲ့စိတ္ရင္းကို ေတြ႕ဖို႔ ေမွ်ာ္လင့္မိပါသည္။ အိမ္ျပင္မွာ အိမ္နီးခ်င္းမ်ားစြာ ဝိုင္းကာ စပ္စုေနၾကသည္။ သူတို႔အၾကည့္က ခ်င္ယြိဖူႏွင့္ ႐ႈနင္ကို စာနာသနားေနဟန္တူသည္။ အႀကီးဆံုးအေဒၚက ေျမျပင္ေပၚထိုင္ခ်ကာ ေအာ္ဟစ္ငိုယိုကာ က်ိန္ဆဲေနသည္။ ဒုတိယအစ္မ၏ ေယာက္်ားက ေက်ာင္းဆရာျဖစ္လို႔ သူမက အစ္မႀကီးလို ႐ုပ္ပ်က္ဆင္းပ်က္ ဒရမ္မာမခ်ိဳးေပမယ့္ ေမာင္ျဖစ္သူကို ေမးခြန္းထုတ္ၿပီး ေမာင္ေလးက အိမ္ျပန္မလာတာၾကာၿပီ၊ ႏွစ္သစ္ကူးလည္း ဘယ္ေတာ့မွ အိမ္ျပန္မလာတာကို လူေတြသိေစၿပီး ပတ္ဝန္းက်င္အထင္လြဲေအာင္ လုပ္ေနသည္။ ၿပီးေတာ့ အေမ့ခြဲစိတ္ခအတြက္ ေငြလိုတာကို အိမ္မေရာင္းေပးလို႔ အေမေသသြားရတယ္ဆိုၿပီး ခ်င္ယြိဖူကို စြပ္စြဲၾကသည္။ ခ်င္ယြိဖူက အစ္မႏွစ္ေယာက္ေျပာသည့္စကားကို ေခါင္းငံု႔ခံေနၿပီး သူ႔ကိုယ္သူ အျပစ္ရွိသလိုခံစားရကာ ေခါင္းကဆံပင္ကိုသာ ေဆာင့္ဆြဲေနေတာ့သည္။

အိမ္နီးခ်င္းေတြလည္း စိတ္႐ႈပ္ေနၾကသည္။ ဒီမိသားစုအိမ္တြင္းေရးက ႐ႈပ္လွသည္။ ရြာကသမီး၂ေယာက္က လူေကာင္းမ်ားမဟုတ္ၾကေပ။ တတိယသမီးက ရြာကထြက္သြားၿပီး တစ္ခါမွျပန္မလာခဲ့ေပ။ အငယ္ဆံုးသားက အလိမ္မာဆံုး၊ မိဘအေပၚ အသိတတ္ဆံုးျဖစ္သည္။ အခု သူက ဘယ္လိုျဖစ္ၿပီး အေမအိုႀကီးေဆး႐ံုတက္ေနစဥ္ တစ္ခ်က္ေလးေတာင္ လာမၾကည့္ရက္ေအာင္ ေျပာင္းလဲသြားရတာလဲ။ ဒါ ဘယ္လိုျဖစ္ႏိုင္မွာလဲ..။

ခ်င္ယြိက်ီက မ်က္ရည္သုတ္ေနၿပီး ခ်င္ယြိလန္က ပါးစပ္ကို လက္ႏွင့္ကြယ္ကာ ငိုခ်င္ေယာင္ေဆာင္ရင္း ေက်နပ္စြာၿပံဳးေနသည္။ သူတို႔ေမာင္ငတံုးက သူတို႔စကားလံုးေတြေၾကာင့္ အိမ္ကို အလြယ္တကူ လက္လႊတ္လိုက္ေတာ့မည္။ အိမ္ေရာင္းရေငြကို တစ္ဝက္စီခြဲယူဖို႔စဥ္းစားၿပီး ေပ်ာ္ေနသည္။ အေမအိုႀကီး၏ အေလာင္းကို ဘယ္လိုသၿဂိဳဟ္မည္ကို လံုးဝမစဥ္းစားေပ။ ထိုအခ်ိန္ လူစုကြဲသြားၿပီး ရြာလူႀကီးေရာက္လာသည္။ သူက လက္ႏွစ္ဖက္ကိုေနာက္ပစ္ကာ ေမးလိုက္သည္။

"ဒီမွာ ဘာေၾကာင့္ ဆူညံေနတာလဲ.."

အမ်ိဳးသမီးႏွစ္ဦးက ဘာမွမေျပာဘဲၿငိမ္သြားစဥ္ ခ်င္ယြိဖူက ေျပာလိုက္သည္။

"ရြာလူႀကီးကို သက္ေသလုပ္ေပးဖို႔ ေခၚလိုက္တာပါ.."

"ေျပာပါ.. ဘာကို သက္ေသလုပ္ေပးရမလဲ.."

ခ်င္ယြိလန္က ဘာစကားေျပာရမွန္းမသိ ျဖစ္ေနစဥ္ ခ်င္ယြိက်ီက တီးတိုးကပ္ေျပာလိုက္သည္။

"အိမ္စာခ်ဳပ္မရွိေပမယ့္ ရြာလူႀကီးက သက္ေသလုပ္ေပးရင္ အိမ္ကိုေရာင္းလို႔ရတယ္.."

ဖိုမင္က ခ်င္ယြိဖူ၏ေဘးတြင္ရပ္ကာ ပုခံုးကိုဖက္ၿပီး ဖ်စ္ညစ္ကာ အားေပးလိုက္သည္။ ခ်င္ယြိဖူက သတၱိရွိလာၿပီး နာက်င္မႈကိုၿမိဳသိပ္ကာ ေမးလိုက္သည္။

"အစ္မႀကီးနဲ႔ အစ္မလတ္.. အေမ့ကိုခြဲစိတ္ေပးဖို႔ ေဆး႐ံုကေန ပိုက္ဆံေစာင့္ေနၾကတာလား.."

"ဟုတ္တယ္.."

ခ်င္ယြိလန္က ေျဖလိုက္ၿပီး သူမအစ္မႀကီး ဘာေၾကာင့္စကားမေျပာသလဲလို႔ ေတြးေနသည္။ အစ္မႀကီးက လည္သည္။ ငယ္ကတည္းက တစ္ခုခုဆို သူမကို ေခ်ာက္ခ်ေလ့ရွိသည္။

ဖိုမင္က ဖုန္းကိုထုတ္ကာ နံပါတ္တစ္ခုကိုႏွိပ္ၿပီး ဖုန္းဝင္သြားေတာ့ ရြာလူႀကီးဆီ လႊဲေပးလုိက္သည္။ ရြာမွာ လူႀကီးျဖစ္တယ္ဆိုတာ မလြယ္ေပ။ အ႐ႈပ္မ်ားစြာရွင္းေပးဖို႔ လည္လည္ဝယ္ဝယ္ရွိရသည္။ တစ္ဖက္ကဖုန္းဝင္သြားေတာ့ Ou ေဆး႐ံုရဲ့ဖုန္းျဖစ္ေနသည္။ ရြာလူႀကီးက ခုကိစၥကို သံသယျဖစ္လို႔ ေဆး႐ံုကို ေမးခြန္းတခ်ိဳ႕ေမးလိုက္သည္။ ဖုန္းနားေထာင္ရင္း ရြာလူႀကီး၏မ်က္ႏွာက အံ့အားသင့္တုန္လႈပ္လာခဲ့သည္။ ဒီမိန္းမႏွစ္ေယာက္က ဘယ္လုိေၾကာင့္ လူသားစိတ္မရွိ၊ က်င့္ဝတ္မရွိရတာလဲ။

ရြာလူႀကီးက သက္ေသျဖစ္ေနလို႔ ကိစၥက ကိုင္တြယ္ရတာ ပိုလြယ္သြားေလၿပီ။ အိမ္ေထာင္ဦးစီးေသဆံုးရင္ မိသားစုထဲက သားေယာက္်ားေလးက အေမြဆက္ဆံရတာ ထံုးစံျဖစ္သည္။ ဒါကိုသိသည့္ သမီးႏွစ္ေယာက္က ေဆး႐ံုတက္ေနသည့္ အေမအိုႀကီးကို ပိုင္ဆိုင္မႈေတြကို သူမတို႔ကို လႊဲေျပာင္းေပးဖို႔ ေသတမ္းစာေရးေပးရန္ ေန႔စဥ္ရက္ဆက္ေျပာၿပီး အဖြားအို ေကာင္းေကာင္းေသလို႔မရေအာင္ လုပ္ခဲ့ၾကသည္။

ဒီအေၾကာင္းကို ရြာလူႀကီးကတစ္ဆင့္ တစ္ရြာလံုးသိသြားၾကေတာ့ ဒီမိန္းမႏွစ္ေယာက္ကို ၾကမ္းတမ္းရက္စက္သည့္ သမီးႏွစ္ေယာက္ဟုဆိုကာ အထင္ေသးစြာ ဝိုင္းဝန္း႐ံႈ႕ခ်ၾကသည္။ ဒီလိုႏွင့္ သူမတို႔၏ အလိမ္အညာေပၚကာ ရြာမွာ သိကၡာက်ရေတာ့သည္။ ၿမိဳ႕ကလူေတြက ေသတမ္းစာေရးသလို ရြာကလူေတြက စာရြက္တစ္ရြက္ေပၚမွာ သူတို႔ဆႏၵကို ခ်ေရးထားေလ့ရွိသည္။

႐ႈနင္က ေအးစက္စက္ရယ္ေမာကာ အေဒၚႏွစ္ေယာက္ကို ေျပာလိုက္သည္။

"အေဒၚႏွစ္ေယာက္လံုးက ကိုယ့္လုပ္ရပ္ကို ဖံုးထားႏိုင္ၾကၿပီလို႔ ထင္ေနတာလား.. ေဆး႐ံုေတြမွာ CCTV တပ္ထားတယ္ဆိုတာ သိရဲ့လား.. ဒီမွာသြားၾကည့္ရင္ ႀကီးေတာ္ႏွစ္ေယာက္ ဘာေတြလုပ္ခဲ့သလဲ၊ ေဆး႐ံုကုိ ဘယ္ႏွေခါက္လာသလဲဆိုတာ သိသာေနၿပီပဲ.. CCTV ေတြထဲမေပၚေအာင္ ဘယ္လိုလုပ္ ေဆး႐ံုကို သြားႏိုင္မလဲ.."

ဒီစကားေၾကာင့္ သူမတို႔ႏွစ္ေယာက္၏ အလိမ္အညာမႈက ေပၚသြားျပန္သည္။ ႐ႈနင္၏စကားေၾကာင့္ လူေတြက ၿပံဳးလိုက္ၾကသည္။ သူမတို႔က မေအကို ဖိအားေပးလို႔မရေတာ့ ေဆး႐ံုကို လံုးဝသြားမၾကည့္ဘဲ ပစ္ထားခဲ့ျခင္းျဖစ္သည္။ ခုေတာ့ သူမတို႔လုပ္ရပ္က လမ္းေပၚကၾကြက္စုတ္လို ရြံရွာဖြယ္ေပၚသြားေလၿပီ။ သူမတို႔က ႐ႈနင္ကို 'နင္သတိထားေန' ဆိုသည့္အၾကည့္ႏွင့္ အၿငိဳးႀကီးစြာ ၾကည့္ေနၾကသည္။

႐ႈနင္က အိမ္ေထာင္စုစာရင္းကို ထုတ္ယူလာၿပီး ရြာလူႀကီးကို ျပလိုက္သည္။ ထုိအိမ္ေထာင္စုထဲက အိမ္ေထာင္ဦးစီးက ခ်င္ယြိဖူသာျဖစ္သည္။ ဒါေၾကာင့္ ဒီအိမ္က ခ်င္ယြိဖူကလြဲၿပီး ဘယ္အစ္မမွ မပိုင္ဆိုင္ေၾကာင္း ထင္ရွားသည္။

ဒီကိစၥရွင္းသြားေတာ့ အသုဘကို ၇ရက္တိတိ ျပဳလုပ္ခဲ့သည္။ ထိုကာလအတြင္း ခ်င္ယြိက်ီက မ်က္ႏွာေျပာင္တိုက္ကာ အေမ၏အေလာင္းနား ဒူးေထာက္ကာ က်ယ္ေလာင္စြာ ငိုယိုျပၿပီးေနာက္ ေမာလို႔ အိမ္ထဲဝင္နားသလုိႏွင့္ အိမ္ထဲမွာ စာခ်ဳပ္ကိုရွာဖို႔ ႀကိဳးစားသည္။ ဘာမွမေတြ႕ေတာ့ လက္ခ်ည္းသက္သက္မျပန္ဘဲ ေမာင္ျဖစ္သူ ခ်င္ယြိဖူ၏ကုတ္အက်ႌ၊ ေဘာင္းဘီရွည္ႏွင့္ ပိုက္ဆံ 20 ကို ခိုးသြားခဲ့သည္။ ဒါေပမယ့္ ႐ႈနင္က သူမအႀကံကိုသိကာ သူမအိမ္ထဲဝင္သြားၿပီး ၅ မိနစ္ၾကာေတာ့သန္မာေသာ အိမ္နီးခ်င္းအန္တီက်ိဳးကိုလႊတ္ကာ ခ်င္ယြိက်ီကို ေစာင့္ၾကည့္ေစသည္။ အန္တီက်ိဳးက ခ်င္ယြီက်ီ ပစၥည္းခိုးတာမိသြားေတာ့ ပါးကုိ ဘယ္ျပန္ညာျပန္ ခ်လႊတ္လိုက္သည္။ ခ်င္ယြိက်ီက လူမိကာ အ႐ိုက္ခံရသျဖင့္ ရွက္သြားၿပီး ထပ္ေပၚမလာရဲေတာ့ေပ။

ခ်င္ယြိလန္၏ေယာက္်ားက ေက်ာင္းဆရာျဖစ္လို႔ သူ႔ေယာက္်ား သိကၡာက်မည္စိုးေသာေၾကာင့္ ခုလိုမလုပ္ရဲေပ။ သူမက အေမ၏ အျဖဴအမည္္း အသုဘဓာတ္ပံုကိုၾကည့္ကာ ဟန္ေဆာင္ပန္ေဆာင္ ငိုေၾကြးေနစဥ္ အေမႀကီးက သူမကိုၿပံဳးျပလိုက္သည္ဟု ျမင္လိုက္ရၿပီး ထိတ္လန္႔ကာ ျပန္သြားေတာ့သည္။ ညဘက္ မ်က္လံုးမွိတ္လိုက္တိုင္း အေမ၏ပံုကို ျပန္ျမင္ေယာင္ကာ ညအိပ္မရေတာ့ေပ။ ေန႔ခင္း အသုဘကိုသြားေတာ့ ႐ႈနင္က သူမတို႔ကို ခပ္တင္းတင္းဆက္ဆံသျဖင့္ ေသလုေအာင္ေဒါသထြက္ေနေပမယ့္ ဘာမွမလုပ္ႏိုင္ေပ။

အသုဘခ်သည့္ေန႔က မိုးသည္းထန္စြာရြာၿပီး ခ်င္ယြိလန္က မိုးေရထဲ အေမ၏အုတ္ဂူမွာ ဒူးေထာက္ဂါရဝျပဳခဲ့ရလို႔ ေနာက္ဆံုး သူမဖ်ားကာ အိပ္ယာထဲလဲသြားရေတာ့သည္။

ဖိုမင္က အသုဘကိစၥၿပီးေတာ့ အဆက္အသြယ္ေကာင္းႏွင့္ အိမ္ကိုေရာင္းေပးလိုက္သည္။ တကယ္ေတာ့ ရြာကအိမ္က 5000 ေလာက္ပဲတန္သည္။ ၿပီးေတာ့ ဒီအိမ္က ၁၀ ႏွစ္ေက်ာ္ေနခဲ့ၿပီးျဖစ္သည္။ အိမ္ေရာင္းၿပီးေတာ့ ႐ႈနင္က ဦးေလးအတြက္ အိမ္ဝင္ရန္ ခ်က္ခ်င္းလုပ္ေတာ့သည္။ ဘာေၾကာင့္လဲဆိုေတာ့ တစ္လၾကာရင္ သူ႔အေမခ်င္ယြိက်ိဳးက သူ႔ကိုလာေခၚေတာ့မည္။ ဒီပိုက္ဆံကို ႀကီးေတာ္ႏွစ္ေယာက္ လာမလုႏိုင္ေအာင္ ဦးေလးနာမည္နဲ႔ အိမ္ဝယ္ေပးခ်င္ေပမယ့္ ခ်င္ယြိဖူက ႐ႈနင္၏အမည္ျဖင့္ ေငြကိုထားေပးခ်င္သည္။ တကယ္ေတာ့ ဒီအိမ္ကို ႐ႈနင္၏အေမက ေဆာက္ေပးသြားျခင္းျဖစ္သည္။

႐ႈနင္က ဖိုမင္ကို အကူအညီေတာင္းကာ ဦးေလးကို နားခ်ခိုင္းေပမယ့္ ဦးေလးက ေခါင္းမာေနသည္။ ၂ရက္တိတိ ႀကိဳးစားလို႔မရေတာ့ ႐ႈနင္ကိုယ္တိုင္ ေဆာက္လုပ္ေရးဆိုဒ္ကို ေရာက္လာၿပီး ဦးေလးကိုလာေတြ႕သည္။ ဖိုမင္က ႐ႈနင္ကိုေတြ႕ေတာ့ ဒီေကာင္ေလးက ထူးျခားၿပီး ခ်င္ယြိဖူကို ေသခ်ာေပါက္ဆြဲေဆာင္ႏိုင္မည္ဟု ယံုၾကည္သည္။ ႐ႈနင္က ေတာက္ပစြာၿပံဳးကာ ခ်င္ယြိဖူကို ေမးလိုက္သည္။

"ဦးေလး.. ကၽြန္ေတာ္တုိ႔ ေန႔လည္စာ အတူသြားစားရေအာင္.."

ဖိုမင္က ခ်င္ယြိဖူ၏အလုပ္ကို သူဆက္လုပ္လိုက္မည္ဟု ေျပာၿပီး လက္ေဝွ႔ယမ္းကာ သြားခြင့္ျပဳလိုက္သည္။ ေဆာက္လုပ္ေရးလုပ္ငန္းခြင္ အနီးတစ္ဝိုက္တြင္ ေစ်းသက္သာေသာ စားေသာက္ဆုိင္ငယ္ေလးမ်ားစြာရွိသည္။ ႐ႈနင္တို႔က ဆိုင္ထဲဝင္ကာ နံ႐ိုးခ်ဥ္စပ္၊ ဝက္ခ်ိဳခ်ဥ္ႏွင့္ ၾကက္ဥဟင္းရည္တို႔ကို မွာယူလိုက္သည္။ ဒီဟင္းေတြက ခ်င္ယြိဖူအႀကိဳက္ဆံုးဟင္းေတြျဖစ္ေပမယ့္ တစ္ခါမွ ဝယ္မစားရက္ခဲ့ေပ။

ခ်င္ယြိဖူက အားတင္းၿပံဳးကာ ႐ႈနင္ကိုေျပာလိုက္သည္။

"အိမ္ဝယ္ၿပီး ဘာလုပ္ရမွာလဲ.. ငါက တစ္ကိုယ္ေရတကာယသမားဆိုေတာ့ ေဆာက္လုပ္ေရးဆိုဒ္မွာပဲ အိပ္ျဖစ္မွာပဲ.. ဒါေၾကာင့္ အိမ္က ဝယ္ၿပီး အပိုျဖစ္ေနမွာ.. ဒါေပမယ့္ မင္းရဲ့အနာဂတ္အတြက္ေတာ့ အိမ္လိုတယ္ေလ.. ႐ႈနင္.. ေက်ာင္းစာကိုပဲ အာ႐ံုစိုက္ပါ.. က်န္တာ ဦးေလးတာဝန္ထားလိုက္.. စားလိုက္ဦး.. စားၿပီးရင္ ဒီပိုက္ဆံေတြကို မင္းနာမည္နဲ႔ ဘဏ္စာအုပ္လုပ္ေပးထားမယ္.. ေနာင္ကို မင္းရဲ့ေက်ာင္းစရိတ္အတြက္ ဘာမွမပူနဲ႔.. ဦးေလး တာဝန္ယူတယ္.."

႐ႈနင္က ဦးေလးျဖစ္သူကို မိႈင္ေတြစြာၾကည့္လိုက္သည္။ သူေျပာတာကို ဦးေလးက ခုထိလက္ခံႏိုင္ေသးဘူးလား။ ၿပီးေတာ့ ႐ႈနင္က စိတ္ပူစြာျဖင့္ ေျပာလိုက္သည္။

"ဦးေလးက ကၽြန္ေတာ့္ဦးေလး အရင္းေခါက္ေခါက္ပါ.. ဦးေလးကို ကၽြန္ေတာ္ယံုၾကည္တယ္.. ဦးေလး အခု အိမ္မဝယ္ခ်င္တာက ဦးေလးရဲ့အစ္မေတြ ေျပာတဲ့စကားေၾကာင့္ မဟုတ္လား.. အိမ္ကိုလိုခ်င္လို႔ အဖြားရဲ့ေဆးကုသစရိတ္ မေပးခဲ့ဘူးဆိုတာကို စိတ္စြဲေနတာမဟုတ္လား.. သူတို႔ရဲ့စိတ္ရင္းကုိ ဦးေလးသိေနၿပီပဲ.. သူတို႔ေျပာတာကို စိတ္ထဲမထည့္ပါနဲ႔.. ၿပီးေတာ့ ဦးေလး သူတို႔ကို ခ်စ္ေနတုန္းပဲလား.."

ခ်င္ယြိဖူက ၿငိမ္ေနၿပီး ဝက္ခ်ိဳခ်ဥ္ကို တစ္ဇြန္းယူစားကာ ျပန္ခ်လိုက္သည္။

႐ႈနင္က သက္ျပင္းခ်ၿပီး ဆက္ေမးလိုက္သည္။

"ဦးေလးရဲ့လစာ ဘယ္ေလာက္ေတာင္ ႀကီးေတာ္ေတြဆီ ပို႔လိုက္ၿပီလဲ.."

ဒီပိုက္ဆံေတြကေတာ့ ထာဝရ ဘယ္ေတာ့မွ ျပန္မရႏိုင္ေတာ့ေပ။

ခ်င္ယြိဖူ၏မ်က္ႏွာက ပ်က္ယြင္းသြားၿပီး မ်က္လံုးေထာင့္က စိုစြတ္လာခဲ့သည္။

"သူတို႔ အရင္က ဒီလိုမဟုတ္ၾကဘူး.. ငါငယ္ငယ္က ေက်ာင္းဆင္းခ်ိန္ မိုးရြာခ်ခဲ့တယ္.. အစ္မႀကီးက ငါ့ကို ေက်ာင္းလာႀကိဳေတာ့ ပလပ္စတစ္မိုးကာကို ယူလာၿပီး ငါ့ကိုယ္ကို လံုေအာင္ၿခံဳေပးၿပီး ေခၚခဲ့တယ္.. သူ႔တစ္ကိုယ္လံုးက ေခါင္းကေနေျခအဆံုး မိုးေရေတြနစ္လို႔ေနတယ္.. ဒုတိယအစ္မက ငါေပ်ာ္ေအာင္၊ ငါရယ္ေအာင္ အၿမဲလုပ္ေပးခဲ့တယ္.. တတိယအစ္မက.."

ခ်င္ယြိဖူက ရင္ထဲမွာသိမ္းဆည္းထားေသာ အစ္မေတြနဲ႔ပတ္သက္သည့္ အလွပဆံုးမွတ္ဥာဏ္ကို အားလံုး သြန္ခ်ေျပာျပေနခဲ့သည္။ အခ်ိန္ေတြေျပာင္းလဲသြားသလို လူရဲ့စိတ္ေတြ ေျပာင္းလဲသြားသည္ကုိ ဦးေလးက သိပံုမရေပ။ အတိတ္ကလိုပဲ အစ္မေတြက သူ႔အေပၚ ခ်စ္ခင္သံေယာဇဥ္ႀကီးဦးမည္ဟု ထင္မွတ္ေနသည္။

႐ႈနင္က တိတ္ဆိတ္စြာႏွင့္ ခ်င္ယြိဖူမ်က္ရည္က်ရင္းေျပာသမွ်ကို နားေထာင္ေပးခဲ့သည္။ အားပါးတရ မ်က္ရည္က်ၿပီးသြားေတာ့ ေလထုက ေပါ့ပါးလာပံုရသည္။ ခ်င္ယြိဖူစကားေျပာၿပီးခ်ိန္မွာ ဟင္းပြဲအားလံုး ေအးစက္လို႔ေနေလၿပီ။

စားၿပီးေနာက္ သူတို႔တူဝရီးႏွစ္ေယာက္ ဘဏ္ကိုလာၿပီး ဘဏ္စာအုပ္လုပ္ကာ ပိုက္ဆံအပ္ခဲ့သည္။ ႐ႈနင္က 13 ႏွစ္ပဲရွိေသးလို႔ ခ်င္ယြိဖူရဲ့ ID Card နဲ႔ ဘဏ္စာအုပ္လုပ္ခဲ့သည္။

"ေရွာင္နင္.. ဦးေလးက ဒီမွာ တျခားအလုပ္သမား 10 ေယာက္နဲ႔ အတူေနတာ.. ဘဏ္စာအုပ္ယူထားလုိ႔ အဆင္မေျပဘူး.. မင္း ေက်ာင္းကိုယူသြားၿပီး သိမ္းထားလိုက္ပါလား.."

႐ႈနင္က ဦးေလး၏ ID Card ကိုသံုးၿပီး အလားအလာရွိေသာ အိမ္တစ္လံုးကို ဝယ္ခဲ့သည္။ ထိုအိမ္ေနရာက ေနထိုင္ဖို႔မဟုတ္ဘဲ ေနာင္မွာ ျမတ္စြန္းလာရင္ ျပန္ေရာင္းဖို႔ျဖစ္သည္။ ၿပီးေတာ့ သူက ဘဏ္ထဲကပိုက္ဆံျဖင့္ ျမတ္စြန္းႏိုင္သည့္ ရွယ္ယာအေရာင္းအဝယ္ကိုလည္း လုပ္ဦးမည္ျဖစ္လို႔ ဘဏ္စာအုပ္ကိုသိမ္းထားဖို႔ သေဘာတူလိုက္သည္။

"ဦးေလး.. ကၽြန္ေတာ္တုိ႔ အခု အိမ္ဝယ္ထားတာ၊ ဘဏ္စာအုပ္ လုပ္ထားတာကို အေဒၚႏွစ္ေယာက္ကို မေျပာျပပါနဲ႔.. ၿပီးေတာ့ သူတို႔က အိမ္ေရာင္းရေငြကို ခြဲေပးဖို႔ေျပာလာရင္ အဖြားရဲ့အသုဘအတြက္ ေငြေခ်းခဲ့တာကို ဆပ္လို႔ ကုန္ၿပီလို႔ေျပာလိုက္ပါ.."

ခ်င္ယြိဖူက ရယ္ၿပီး ရႈနင္၏ေခါင္းကိုပြတ္ကာ ေခါင္းညိတ္လိုက္သည္။

ဦးေလးႏွင့္လမ္းခြဲၿပီး ႐ႈနင္က Stock Share အေရာင္းအဝယ္လုပ္သည့္ ခန္းမသို႔သြားကာ စာရင္းတစ္ခုဖြင့္ၿပီး ျမတ္စြန္းလာမည့္ရွယ္ယာ ေထာင္ဂဏန္းေလာက္ဝယ္ကာ က်န္တာအကုန္ ဘဏ္မွာပဲထည့္ထားလိုက္သည္။
ေက်ာင္းသို႔ေရာက္ေသာ္ လူတိုင္းက ႐ႈနင္ကို သနားဂ႐ုဏာသက္စြာ ဝိုင္းၾကည့္ၾကသည္။ ေမာ္နီတာ သတင္းလႊင့္ထားေသာေၾကာင့္ ႀကီးေတာ္ႏွစ္ေယာက္၏ ယုတ္မာမႈတို႔ ေပၚခဲ့သည္ကို သိလိုက္ရသည္။

"မဆိုးဘူး.. မဆိုးဘူး.. ဒါက တကယ့္ရင္းႏွွီးတဲ့ သူငယ္ခ်င္းပဲ.. ဒီလိုလုပ္မွ တစ္ရြာလံုး သူတို႔အက်င့္ယုတ္တာကို သိသြားမွာ.."

႐ႈနင္က ေက်နပ္စြာေတြးေနသည္။ ဒီလိုႏွင့္ အခ်ိန္တစ္လက ခဏႏွင့္ ကုန္သြားခဲ့သည္။ ထုိေန႔က ႐ႈနင္တို႔ေက်ာင္းအျပင္ဘက္မွာ တန္ဖိုးႀကီးဇိမ္ခံကားတစ္စီး ဆိုက္ေရာက္လို႔လာခဲ့သည္။

============================

Chapter (4) - မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးချင်း

အိမ်အပြင်ဘက်တွင် ကြီးတော်အကြီးဆုံးနှင့် အလတ်က ကျယ်လောင်စွာငိုယိုပြီး သူတို့၏နာကျင်ပူဆွေးမှုကို လူသိအောင်လုပ်ပြနေသည်။ ချင်ယွိဖူက မိသားစုမှာ စတုတ္ထမြောက်ကလေး၊ သားယောက်ျားလေးဖြစ်သည်။ သူမတို့တွေ အိမ်ထောင်ပြုပြီး ယောက်ျားမိသားစုဘက် လိုက်သွားရမည်ဖြစ်လို့ ချင်ယွိဖူက ချင်အိမ်၏မျိုးဆက်ကို ဆက်လက်ပြန့်ပွားပေးမည့် အဓိကထောက်တိုင်ဖြစ်ကြောင်း မိဘများက သူမတို့ငယ်ကတည်းက ပြောထားကြသည်။ သူမတို့က နားထောင်ပြီး အကောင်းဆုံးဟူသမျှ မောင်လေးကိုပဲ ပေးခဲ့ကြသည်။ သူမတို့ကြီးပြင်းလာတော့ တွေးစပြုလာသည်။ ဘာကြောင့် သူမတို့လုပ်အားက ရလာတာတွေကို မောင်လေးကိုပေးရမှာလဲ။ သူမတို့က အိမ်မှုကိစ္စ၊ ဝက်ကျွေး၊ ဘဲကျွေးကိစ္စရပ်များ လုပ်ခဲ့ရသည်။ ချင်ယွိဖူက ဘာကြောင့် သူမတို့လုပ်အား အသီးအပွင့်ကို ရယူရမှာလဲ။ သူမတို့က ချင်ယွိဖူဘက်က မစဉ်းစားပေးလို့ပင်။ တကယ်တော့ သူမတို့သုံးယောက် အိမ်ကထွက်သွားပြီးတော့ ချင်ယွိဖူက ဒီအိမ်ကို ဆက်လက်ထောက်ပံ့ပေးခဲ့သည်။ အိမ်မှုကိစ္စကို ကိုယ်တိုင်လုပ်ခဲ့သည်။ အိမ်မှာ ကြွေးမတင်အောင် ကြိုးစားရုန်းကန်ခဲ့သည်။

အပြင်မှာ ငိုသံတွေသာမက ဆူညံသံတွေပိုထွက်လာလို့ ရှုနင်နှင့်ဖိုမင်က ပွဲကြည့်ဖို့ထွက်လာကြသည်။ ဒီတစ်ခါ ဦးလေးက သူ့အစ်မရင်းတွေရဲ့စိတ်ရင်းကို တွေ့ဖို့ မျှော်လင့်မိပါသည်။ အိမ်ပြင်မှာ အိမ်နီးချင်းများစွာ ဝိုင်းကာ စပ်စုနေကြသည်။ သူတို့အကြည့်က ချင်ယွိဖူနှင့် ရှုနင်ကို စာနာသနားနေဟန်တူသည်။ အကြီးဆုံးအဒေါ်က မြေပြင်ပေါ်ထိုင်ချကာ အော်ဟစ်ငိုယိုကာ ကျိန်ဆဲနေသည်။ ဒုတိယအစ်မ၏ ယောက်ျားက ကျောင်းဆရာဖြစ်လို့ သူမက အစ်မကြီးလို ရုပ်ပျက်ဆင်းပျက် ဒရမ်မာမချိုးပေမယ့် မောင်ဖြစ်သူကို မေးခွန်းထုတ်ပြီး မောင်လေးက အိမ်ပြန်မလာတာကြာပြီ၊ နှစ်သစ်ကူးလည်း ဘယ်တော့မှ အိမ်ပြန်မလာတာကို လူတွေသိစေပြီး ပတ်ဝန်းကျင်အထင်လွဲအောင် လုပ်နေသည်။ ပြီးတော့ အမေ့ခွဲစိတ်ခအတွက် ငွေလိုတာကို အိမ်မရောင်းပေးလို့ အမေသေသွားရတယ်ဆိုပြီး ချင်ယွိဖူကို စွပ်စွဲကြသည်။ ချင်ယွိဖူက အစ်မနှစ်ယောက်ပြောသည့်စကားကို ခေါင်းငုံ့ခံနေပြီး သူ့ကိုယ်သူ အပြစ်ရှိသလိုခံစားရကာ ခေါင်းကဆံပင်ကိုသာ ဆောင့်ဆွဲနေတော့သည်။

အိမ်နီးချင်းတွေလည်း စိတ်ရှုပ်နေကြသည်။ ဒီမိသားစုအိမ်တွင်းရေးက ရှုပ်လှသည်။ ရွာကသမီး၂ယောက်က လူကောင်းများမဟုတ်ကြပေ။ တတိယသမီးက ရွာကထွက်သွားပြီး တစ်ခါမှပြန်မလာခဲ့ပေ။ အငယ်ဆုံးသားက အလိမ်မာဆုံး၊ မိဘအပေါ် အသိတတ်ဆုံးဖြစ်သည်။ အခု သူက ဘယ်လိုဖြစ်ပြီး အမေအိုကြီးဆေးရုံတက်နေစဉ် တစ်ချက်လေးတောင် လာမကြည့်ရက်အောင် ပြောင်းလဲသွားရတာလဲ။ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ..။

ချင်ယွိကျီက မျက်ရည်သုတ်နေပြီး ချင်ယွိလန်က ပါးစပ်ကို လက်နှင့်ကွယ်ကာ ငိုချင်ယောင်ဆောင်ရင်း ကျေနပ်စွာပြုံးနေသည်။ သူတို့မောင်ငတုံးက သူတို့စကားလုံးတွေကြောင့် အိမ်ကို အလွယ်တကူ လက်လွှတ်လိုက်တော့မည်။ အိမ်ရောင်းရငွေကို တစ်ဝက်စီခွဲယူဖို့စဉ်းစားပြီး ပျော်နေသည်။ အမေအိုကြီး၏ အလောင်းကို ဘယ်လိုသဂြိုဟ်မည်ကို လုံးဝမစဉ်းစားပေ။ ထိုအချိန် လူစုကွဲသွားပြီး ရွာလူကြီးရောက်လာသည်။ သူက လက်နှစ်ဖက်ကိုနောက်ပစ်ကာ မေးလိုက်သည်။

"ဒီမှာ ဘာကြောင့် ဆူညံနေတာလဲ.."

အမျိုးသမီးနှစ်ဦးက ဘာမှမပြောဘဲငြိမ်သွားစဉ် ချင်ယွိဖူက ပြောလိုက်သည်။

"ရွာလူကြီးကို သက်သေလုပ်ပေးဖို့ ခေါ်လိုက်တာပါ.."

"ပြောပါ.. ဘာကို သက်သေလုပ်ပေးရမလဲ.."

ချင်ယွိလန်က ဘာစကားပြောရမှန်းမသိ ဖြစ်နေစဉ် ချင်ယွိကျီက တီးတိုးကပ်ပြောလိုက်သည်။

"အိမ်စာချုပ်မရှိပေမယ့် ရွာလူကြီးက သက်သေလုပ်ပေးရင် အိမ်ကိုရောင်းလို့ရတယ်.."

ဖိုမင်က ချင်ယွိဖူ၏ဘေးတွင်ရပ်ကာ ပုခုံးကိုဖက်ပြီး ဖျစ်ညစ်ကာ အားပေးလိုက်သည်။ ချင်ယွိဖူက သတ္တိရှိလာပြီး နာကျင်မှုကိုမြိုသိပ်ကာ မေးလိုက်သည်။

"အစ်မကြီးနဲ့ အစ်မလတ်.. အမေ့ကိုခွဲစိတ်ပေးဖို့ ဆေးရုံကနေ ပိုက်ဆံစောင့်နေကြတာလား.."

"ဟုတ်တယ်.."

ချင်ယွိလန်က ဖြေလိုက်ပြီး သူမအစ်မကြီး ဘာကြောင့်စကားမပြောသလဲလို့ တွေးနေသည်။ အစ်မကြီးက လည်သည်။ ငယ်ကတည်းက တစ်ခုခုဆို သူမကို ချောက်ချလေ့ရှိသည်။

ဖိုမင်က ဖုန်းကိုထုတ်ကာ နံပါတ်တစ်ခုကိုနှိပ်ပြီး ဖုန်းဝင်သွားတော့ ရွာလူကြီးဆီ လွှဲပေးလိုက်သည်။ ရွာမှာ လူကြီးဖြစ်တယ်ဆိုတာ မလွယ်ပေ။ အရှုပ်များစွာရှင်းပေးဖို့ လည်လည်ဝယ်ဝယ်ရှိရသည်။ တစ်ဖက်ကဖုန်းဝင်သွားတော့ Ou ဆေးရုံရဲ့ဖုန်းဖြစ်နေသည်။ ရွာလူကြီးက ခုကိစ္စကို သံသယဖြစ်လို့ ဆေးရုံကို မေးခွန်းတချို့မေးလိုက်သည်။ ဖုန်းနားထောင်ရင်း ရွာလူကြီး၏မျက်နှာက အံ့အားသင့်တုန်လှုပ်လာခဲ့သည်။ ဒီမိန်းမနှစ်ယောက်က ဘယ်လိုကြောင့် လူသားစိတ်မရှိ၊ ကျင့်ဝတ်မရှိရတာလဲ။

ရွာလူကြီးက သက်သေဖြစ်နေလို့ ကိစ္စက ကိုင်တွယ်ရတာ ပိုလွယ်သွားလေပြီ။ အိမ်ထောင်ဦးစီးသေဆုံးရင် မိသားစုထဲက သားယောက်ျားလေးက အမွေဆက်ဆံရတာ ထုံးစံဖြစ်သည်။ ဒါကိုသိသည့် သမီးနှစ်ယောက်က ဆေးရုံတက်နေသည့် အမေအိုကြီးကို ပိုင်ဆိုင်မှုတွေကို သူမတို့ကို လွှဲပြောင်းပေးဖို့ သေတမ်းစာရေးပေးရန် နေ့စဉ်ရက်ဆက်ပြောပြီး အဖွားအို ကောင်းကောင်းသေလို့မရအောင် လုပ်ခဲ့ကြသည်။

ဒီအကြောင်းကို ရွာလူကြီးကတစ်ဆင့် တစ်ရွာလုံးသိသွားကြတော့ ဒီမိန်းမနှစ်ယောက်ကို ကြမ်းတမ်းရက်စက်သည့် သမီးနှစ်ယောက်ဟုဆိုကာ အထင်သေးစွာ ဝိုင်းဝန်းရှုံ့ချကြသည်။ ဒီလိုနှင့် သူမတို့၏ အလိမ်အညာပေါ်ကာ ရွာမှာ သိက္ခာကျရတော့သည်။ မြို့ကလူတွေက သေတမ်းစာရေးသလို ရွာကလူတွေက စာရွက်တစ်ရွက်ပေါ်မှာ သူတို့ဆန္ဒကို ချရေးထားလေ့ရှိသည်။

ရှုနင်က အေးစက်စက်ရယ်မောကာ အဒေါ်နှစ်ယောက်ကို ပြောလိုက်သည်။

"အဒေါ်နှစ်ယောက်လုံးက ကိုယ့်လုပ်ရပ်ကို ဖုံးထားနိုင်ကြပြီလို့ ထင်နေတာလား.. ဆေးရုံတွေမှာ CCTV တပ်ထားတယ်ဆိုတာ သိရဲ့လား.. ဒီမှာသွားကြည့်ရင် ကြီးတော်နှစ်ယောက် ဘာတွေလုပ်ခဲ့သလဲ၊ ဆေးရုံကို ဘယ်နှခေါက်လာသလဲဆိုတာ သိသာနေပြီပဲ.. CCTV တွေထဲမပေါ်အောင် ဘယ်လိုလုပ် ဆေးရုံကို သွားနိုင်မလဲ.."

ဒီစကားကြောင့် သူမတို့နှစ်ယောက်၏ အလိမ်အညာမှုက ပေါ်သွားပြန်သည်။ ရှုနင်၏စကားကြောင့် လူတွေက ပြုံးလိုက်ကြသည်။ သူမတို့က မအေကို ဖိအားပေးလို့မရတော့ ဆေးရုံကို လုံးဝသွားမကြည့်ဘဲ ပစ်ထားခဲ့ခြင်းဖြစ်သည်။ ခုတော့ သူမတို့လုပ်ရပ်က လမ်းပေါ်ကကြွက်စုတ်လို ရွံရှာဖွယ်ပေါ်သွားလေပြီ။ သူမတို့က ရှုနင်ကို 'နင်သတိထားနေ' ဆိုသည့်အကြည့်နှင့် အငြိုးကြီးစွာ ကြည့်နေကြသည်။

ရှုနင်က အိမ်ထောင်စုစာရင်းကို ထုတ်ယူလာပြီး ရွာလူကြီးကို ပြလိုက်သည်။ ထိုအိမ်ထောင်စုထဲက အိမ်ထောင်ဦးစီးက ချင်ယွိဖူသာဖြစ်သည်။ ဒါကြောင့် ဒီအိမ်က ချင်ယွိဖူကလွဲပြီး ဘယ်အစ်မမှ မပိုင်ဆိုင်ကြောင်း ထင်ရှားသည်။

ဒီကိစ္စရှင်းသွားတော့ အသုဘကို ၇ရက်တိတိ ပြုလုပ်ခဲ့သည်။ ထိုကာလအတွင်း ချင်ယွိကျီက မျက်နှာပြောင်တိုက်ကာ အမေ၏အလောင်းနား ဒူးထောက်ကာ ကျယ်လောင်စွာ ငိုယိုပြပြီးနောက် မောလို့ အိမ်ထဲဝင်နားသလိုနှင့် အိမ်ထဲမှာ စာချုပ်ကိုရှာဖို့ ကြိုးစားသည်။ ဘာမှမတွေ့တော့ လက်ချည်းသက်သက်မပြန်ဘဲ မောင်ဖြစ်သူ ချင်ယွိဖူ၏ကုတ်အင်္ကျီ၊ ဘောင်းဘီရှည်နှင့် ပိုက်ဆံ 20 ကို ခိုးသွားခဲ့သည်။ ဒါပေမယ့် ရှုနင်က သူမအကြံကိုသိကာ သူမအိမ်ထဲဝင်သွားပြီး ၅ မိနစ်ကြာတော့သန်မာသော အိမ်နီးချင်းအန်တီကျိုးကိုလွှတ်ကာ ချင်ယွိကျီကို စောင့်ကြည့်စေသည်။ အန်တီကျိုးက ချင်ယွီကျီ ပစ္စည်းခိုးတာမိသွားတော့ ပါးကို ဘယ်ပြန်ညာပြန် ချလွှတ်လိုက်သည်။ ချင်ယွိကျီက လူမိကာ အရိုက်ခံရသဖြင့် ရှက်သွားပြီး ထပ်ပေါ်မလာရဲတော့ပေ။

ချင်ယွိလန်၏ယောက်ျားက ကျောင်းဆရာဖြစ်လို့ သူ့ယောက်ျား သိက္ခာကျမည်စိုးသောကြောင့် ခုလိုမလုပ်ရဲပေ။ သူမက အမေ၏ အဖြူအမည်း အသုဘဓာတ်ပုံကိုကြည့်ကာ ဟန်ဆောင်ပန်ဆောင် ငိုကြွေးနေစဉ် အမေကြီးက သူမကိုပြုံးပြလိုက်သည်ဟု မြင်လိုက်ရပြီး ထိတ်လန့်ကာ ပြန်သွားတော့သည်။ ညဘက် မျက်လုံးမှိတ်လိုက်တိုင်း အမေ၏ပုံကို ပြန်မြင်ယောင်ကာ ညအိပ်မရတော့ပေ။ နေ့ခင်း အသုဘကိုသွားတော့ ရှုနင်က သူမတို့ကို ခပ်တင်းတင်းဆက်ဆံသဖြင့် သေလုအောင်ဒေါသထွက်နေပေမယ့် ဘာမှမလုပ်နိုင်ပေ။

အသုဘချသည့်နေ့က မိုးသည်းထန်စွာရွာပြီး ချင်ယွိလန်က မိုးရေထဲ အမေ၏အုတ်ဂူမှာ ဒူးထောက်ဂါရဝပြုခဲ့ရလို့ နောက်ဆုံး သူမဖျားကာ အိပ်ယာထဲလဲသွားရတော့သည်။

ဖိုမင်က အသုဘကိစ္စပြီးတော့ အဆက်အသွယ်ကောင်းနှင့် အိမ်ကိုရောင်းပေးလိုက်သည်။ တကယ်တော့ ရွာကအိမ်က 5000 လောက်ပဲတန်သည်။ ပြီးတော့ ဒီအိမ်က ၁၀ နှစ်ကျော်နေခဲ့ပြီးဖြစ်သည်။ အိမ်ရောင်းပြီးတော့ ရှုနင်က ဦးလေးအတွက် အိမ်ဝင်ရန် ချက်ချင်းလုပ်တော့သည်။ ဘာကြောင့်လဲဆိုတော့ တစ်လကြာရင် သူ့အမေချင်ယွိကျိုးက သူ့ကိုလာခေါ်တော့မည်။ ဒီပိုက်ဆံကို ကြီးတော်နှစ်ယောက် လာမလုနိုင်အောင် ဦးလေးနာမည်နဲ့ အိမ်ဝယ်ပေးချင်ပေမယ့် ချင်ယွိဖူက ရှုနင်၏အမည်ဖြင့် ငွေကိုထားပေးချင်သည်။ တကယ်တော့ ဒီအိမ်ကို ရှုနင်၏အမေက ဆောက်ပေးသွားခြင်းဖြစ်သည်။

ရှုနင်က ဖိုမင်ကို အကူအညီတောင်းကာ ဦးလေးကို နားချခိုင်းပေမယ့် ဦးလေးက ခေါင်းမာနေသည်။ ၂ရက်တိတိ ကြိုးစားလို့မရတော့ ရှုနင်ကိုယ်တိုင် ဆောက်လုပ်ရေးဆိုဒ်ကို ရောက်လာပြီး ဦးလေးကိုလာတွေ့သည်။ ဖိုမင်က ရှုနင်ကိုတွေ့တော့ ဒီကောင်လေးက ထူးခြားပြီး ချင်ယွိဖူကို သေချာပေါက်ဆွဲဆောင်နိုင်မည်ဟု ယုံကြည်သည်။ ရှုနင်က တောက်ပစွာပြုံးကာ ချင်ယွိဖူကို မေးလိုက်သည်။

"ဦးလေး.. ကျွန်တော်တို့ နေ့လည်စာ အတူသွားစားရအောင်.."

ဖိုမင်က ချင်ယွိဖူ၏အလုပ်ကို သူဆက်လုပ်လိုက်မည်ဟု ပြောပြီး လက်ဝှေ့ယမ်းကာ သွားခွင့်ပြုလိုက်သည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင် အနီးတစ်ဝိုက်တွင် ဈေးသက်သာသော စားသောက်ဆိုင်ငယ်လေးများစွာရှိသည်။ ရှုနင်တို့က ဆိုင်ထဲဝင်ကာ နံရိုးချဉ်စပ်၊ ဝက်ချိုချဉ်နှင့် ကြက်ဥဟင်းရည်တို့ကို မှာယူလိုက်သည်။ ဒီဟင်းတွေက ချင်ယွိဖူအကြိုက်ဆုံးဟင်းတွေဖြစ်ပေမယ့် တစ်ခါမှ ဝယ်မစားရက်ခဲ့ပေ။

ချင်ယွိဖူက အားတင်းပြုံးကာ ရှုနင်ကိုပြောလိုက်သည်။

"အိမ်ဝယ်ပြီး ဘာလုပ်ရမှာလဲ.. ငါက တစ်ကိုယ်ရေတကာယသမားဆိုတော့ ဆောက်လုပ်ရေးဆိုဒ်မှာပဲ အိပ်ဖြစ်မှာပဲ.. ဒါကြောင့် အိမ်က ဝယ်ပြီး အပိုဖြစ်နေမှာ.. ဒါပေမယ့် မင်းရဲ့အနာဂတ်အတွက်တော့ အိမ်လိုတယ်လေ.. ရှုနင်.. ကျောင်းစာကိုပဲ အာရုံစိုက်ပါ.. ကျန်တာ ဦးလေးတာဝန်ထားလိုက်.. စားလိုက်ဦး.. စားပြီးရင် ဒီပိုက်ဆံတွေကို မင်းနာမည်နဲ့ ဘဏ်စာအုပ်လုပ်ပေးထားမယ်.. နောင်ကို မင်းရဲ့ကျောင်းစရိတ်အတွက် ဘာမှမပူနဲ့.. ဦးလေး တာဝန်ယူတယ်.."

ရှုနင်က ဦးလေးဖြစ်သူကို မှိုင်တွေစွာကြည့်လိုက်သည်။ သူပြောတာကို ဦးလေးက ခုထိလက်ခံနိုင်သေးဘူးလား။ ပြီးတော့ ရှုနင်က စိတ်ပူစွာဖြင့် ပြောလိုက်သည်။

"ဦးလေးက ကျွန်တော့်ဦးလေး အရင်းခေါက်ခေါက်ပါ.. ဦးလေးကို ကျွန်တော်ယုံကြည်တယ်.. ဦးလေး အခု အိမ်မဝယ်ချင်တာက ဦးလေးရဲ့အစ်မတွေ ပြောတဲ့စကားကြောင့် မဟုတ်လား.. အိမ်ကိုလိုချင်လို့ အဖွားရဲ့ဆေးကုသစရိတ် မပေးခဲ့ဘူးဆိုတာကို စိတ်စွဲနေတာမဟုတ်လား.. သူတို့ရဲ့စိတ်ရင်းကို ဦးလေးသိနေပြီပဲ.. သူတို့ပြောတာကို စိတ်ထဲမထည့်ပါနဲ့.. ပြီးတော့ ဦးလေး သူတို့ကို ချစ်နေတုန်းပဲလား.."

ချင်ယွိဖူက ငြိမ်နေပြီး ဝက်ချိုချဉ်ကို တစ်ဇွန်းယူစားကာ ပြန်ချလိုက်သည်။

ရှုနင်က သက်ပြင်းချပြီး ဆက်မေးလိုက်သည်။

"ဦးလေးရဲ့လစာ ဘယ်လောက်တောင် ကြီးတော်တွေဆီ ပို့လိုက်ပြီလဲ.."

ဒီပိုက်ဆံတွေကတော့ ထာဝရ ဘယ်တော့မှ ပြန်မရနိုင်တော့ပေ။

ချင်ယွိဖူ၏မျက်နှာက ပျက်ယွင်းသွားပြီး မျက်လုံးထောင့်က စိုစွတ်လာခဲ့သည်။

"သူတို့ အရင်က ဒီလိုမဟုတ်ကြဘူး.. ငါငယ်ငယ်က ကျောင်းဆင်းချိန် မိုးရွာချခဲ့တယ်.. အစ်မကြီးက ငါ့ကို ကျောင်းလာကြိုတော့ ပလပ်စတစ်မိုးကာကို ယူလာပြီး ငါ့ကိုယ်ကို လုံအောင်ခြုံပေးပြီး ခေါ်ခဲ့တယ်.. သူ့တစ်ကိုယ်လုံးက ခေါင်းကနေခြေအဆုံး မိုးရေတွေနစ်လို့နေတယ်.. ဒုတိယအစ်မက ငါပျော်အောင်၊ ငါရယ်အောင် အမြဲလုပ်ပေးခဲ့တယ်.. တတိယအစ်မက.."

ချင်ယွိဖူက ရင်ထဲမှာသိမ်းဆည်းထားသော အစ်မတွေနဲ့ပတ်သက်သည့် အလှပဆုံးမှတ်ဉာဏ်ကို အားလုံး သွန်ချပြောပြနေခဲ့သည်။ အချိန်တွေပြောင်းလဲသွားသလို လူရဲ့စိတ်တွေ ပြောင်းလဲသွားသည်ကို ဦးလေးက သိပုံမရပေ။ အတိတ်ကလိုပဲ အစ်မတွေက သူ့အပေါ် ချစ်ခင်သံယောဇဉ်ကြီးဦးမည်ဟု ထင်မှတ်နေသည်။

ရှုနင်က တိတ်ဆိတ်စွာနှင့် ချင်ယွိဖူမျက်ရည်ကျရင်းပြောသမျှကို နားထောင်ပေးခဲ့သည်။ အားပါးတရ မျက်ရည်ကျပြီးသွားတော့ လေထုက ပေါ့ပါးလာပုံရသည်။ ချင်ယွိဖူစကားပြောပြီးချိန်မှာ ဟင်းပွဲအားလုံး အေးစက်လို့နေလေပြီ။

စားပြီးနောက် သူတို့တူဝရီးနှစ်ယောက် ဘဏ်ကိုလာပြီး ဘဏ်စာအုပ်လုပ်ကာ ပိုက်ဆံအပ်ခဲ့သည်။ ရှုနင်က 13 နှစ်ပဲရှိသေးလို့ ချင်ယွိဖူရဲ့ ID Card နဲ့ ဘဏ်စာအုပ်လုပ်ခဲ့သည်။

"ရှောင်နင်.. ဦးလေးက ဒီမှာ တခြားအလုပ်သမား 10 ယောက်နဲ့ အတူနေတာ.. ဘဏ်စာအုပ်ယူထားလို့ အဆင်မပြေဘူး.. မင်း ကျောင်းကိုယူသွားပြီး သိမ်းထားလိုက်ပါလား.."

ရှုနင်က ဦးလေး၏ ID Card ကိုသုံးပြီး အလားအလာရှိသော အိမ်တစ်လုံးကို ဝယ်ခဲ့သည်။ ထိုအိမ်နေရာက နေထိုင်ဖို့မဟုတ်ဘဲ နောင်မှာ မြတ်စွန်းလာရင် ပြန်ရောင်းဖို့ဖြစ်သည်။ ပြီးတော့ သူက ဘဏ်ထဲကပိုက်ဆံဖြင့် မြတ်စွန်းနိုင်သည့် ရှယ်ယာအရောင်းအဝယ်ကိုလည်း လုပ်ဦးမည်ဖြစ်လို့ ဘဏ်စာအုပ်ကိုသိမ်းထားဖို့ သဘောတူလိုက်သည်။

"ဦးလေး.. ကျွန်တော်တို့ အခု အိမ်ဝယ်ထားတာ၊ ဘဏ်စာအုပ် လုပ်ထားတာကို အဒေါ်နှစ်ယောက်ကို မပြောပြပါနဲ့.. ပြီးတော့ သူတို့က အိမ်ရောင်းရငွေကို ခွဲပေးဖို့ပြောလာရင် အဖွားရဲ့အသုဘအတွက် ငွေချေးခဲ့တာကို ဆပ်လို့ ကုန်ပြီလို့ပြောလိုက်ပါ.."

ချင်ယွိဖူက ရယ်ပြီး ရှုနင်၏ခေါင်းကိုပွတ်ကာ ခေါင်းညိတ်လိုက်သည်။

ဦးလေးနှင့်လမ်းခွဲပြီး ရှုနင်က Stock Share အရောင်းအဝယ်လုပ်သည့် ခန်းမသို့သွားကာ စာရင်းတစ်ခုဖွင့်ပြီး မြတ်စွန်းလာမည့်ရှယ်ယာ ထောင်ဂဏန်းလောက်ဝယ်ကာ ကျန်တာအကုန် ဘဏ်မှာပဲထည့်ထားလိုက်သည်။
ကျောင်းသို့ရောက်သော် လူတိုင်းက ရှုနင်ကို သနားဂရုဏာသက်စွာ ဝိုင်းကြည့်ကြသည်။ မော်နီတာ သတင်းလွှင့်ထားသောကြောင့် ကြီးတော်နှစ်ယောက်၏ ယုတ်မာမှုတို့ ပေါ်ခဲ့သည်ကို သိလိုက်ရသည်။

"မဆိုးဘူး.. မဆိုးဘူး.. ဒါက တကယ့်ရင်းနှီးတဲ့ သူငယ်ချင်းပဲ.. ဒီလိုလုပ်မှ တစ်ရွာလုံး သူတို့အကျင့်ယုတ်တာကို သိသွားမှာ.."

ရှုနင်က ကျေနပ်စွာတွေးနေသည်။ ဒီလိုနှင့် အချိန်တစ်လက ခဏနှင့် ကုန်သွားခဲ့သည်။ ထိုနေ့က ရှုနင်တို့ကျောင်းအပြင်ဘက်မှာ တန်ဖိုးကြီးဇိမ်ခံကားတစ်စီး ဆိုက်ရောက်လို့လာခဲ့သည်။

============================


ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now