Chapter (128)_ မင်းက အတန်းခေါင်းဆောင်ဖြစ်ချင်တာလား..ဟမ်

8.6K 1.5K 8
                                    

Chapter (128)_ မင်းက အတန်းခေါင်းဆောင်ဖြစ်ချင်တာလား..ဟမ်




ရှုနင်လား?

ဒါကြောင့်လူတိုင်းက ရှုနင် ကိုလှည့်ကြည့်ကြတယ်။

ရှုနင်က တံခါးဝနားမှာရပ်နေတဲ့စစ်သားကိုကြည့်တော့ အဲ့ဒီစစ်သားက ကွန်မန်ဒါ (တပ်မှုး) ရဲ့ လက်အောက်ငယ်သားစစ်သားဆိုတာ သတိပြုလိုက်မိသည်။
 "ဟုတ်တယ်"

"ခင်ဗျားက အစာအိမ်နာတတ်ပြီး အန်တတ်တယ်ဆိုလို့ ကင်တင်းကနေ ဒီဂျုံယာဂုကို စားလို့ရမလားလို့ လာပို့တာပါ။ တကယ်လို့ ဒီဟာကို ဆေးရုံကိုသွားစစ်ဆေးကြည့်ပါ ဦး ။ "

"အမ်, ကျေးဇူးတင်ပါတယ်၊

စစ်သားက သူ့အားပြုံးပြလိုက်ပြီး ဂျုံယာဂုကိုပေးပြီး ထွက်သွားလိုက်သည်။

တခန်းလုံးက လူတွေက ဘာမစကားမှ ဝင်မပြော ပေမယ့် အကုန်လုံးက နားစွင့်နေကြတယ်။ ဒီလောက်ကောင်းတဲ့ အခွင့်ရေးကို အန်းရီက လက်လွှတ်မယ်ထင်လို့လား။
ရှုနင်က အစကတည်းက မျက်နှာသာပေးခံရလို့ ကျန်လူတွေက မနာလိုဖြစ်ကာမုန်းတီးနေသည်။ အခု အန်းရီက မုန်းတီးမှုကို အရှိန်မြှင့်ပြီး ကစားပေးရန် ဆုံးဖြတ်လိုက်သည်။

  - "မင်းရဲ့အစာအိမ်မကောင်းရင် ဘာကြောင့် ဖရဲသီးကို စားရတာလဲ။ "

အန်းရီပြောလိုက်သည့် ထို၀ ါကျတစ်ခုတည်းနှင့် လူတိုင်း က ရှုနင်ကို ခါးသီးစွာ ဝိုင်းကြည့်လာကြသည်။

အန်းရီက ခုလိုပြောလိုက်နိုင်သည့်အတွက် တစ်ယောက်တည်း ကြိတ်ကာ သူ့ကိုယ်သူ သဘောကျနေသည်။ လူတိုင်းက လူတစ်ယောက်တည်းကို ဝိုင်းဖယ်ကြဉ်ကာ ခုလို မုန်းတီးစွာ ကြည့်နေကြမည်ဆိုရင် ဘယ်သူမဆို နေရခက်ကာ စိတ်မချမ်းမသာဖြစ်လာမှာသေချာသည်။

 ဒါပေမယ့် ရှုနင်ကို ဘယ်သူမှတ်နေလဲ။ ဘယ်လိုပုံစံနဲ့ သူ့ကို မုန်းတီးလာစေဖို့ အန်းရီက နှိုးဆော်လိုက်သည်ကို  သူ ချက်ချင်းသဘောပေါက်သွားသည်နှင့် သူ့ မျက်လုံးကျယ်လာသည်။

ရှုနင် - "အဲ့လိုလား။ ငါ ဒါကို အခုမှ ပထမဆုံးကြားဖူးတာပဲ"
အန်းရီ: "...... "

အခြားသူများ-  "...... "

ရှုနင်က ပြောပြီး ခပ်တည်တည်နှင့် ခေါင်းငုံ့ကာ လာပို့သည့် ဗူးလေးရဲ့ အဖုံးကို ဖွင့်လိုက်တော့ မွှေးပျံ့သည့် ဂျုံယာဂုအနံ့က အခန်းထဲ ပျံ့ထွက်လာလို့ လူတိုင်းက တံတွေးမြိုချလိုက်မိသည်။ သူတို့က ညစာစားပြီးခဲ့လို့ မဆာပေမယ့် အနံ့က ဆွဲဆောင်နိုင်လွန်းသည်။

  အန်းရီက သူ့အကွက်က မထိရောက်လို့ မျက်လုံးကိုလွှဲလိုက်ကာ အသင်းသားတစ်ယောက်ကို ကြည့်ကာ ဆက်ပြောလိုက်သည်။


 " ဟေ့..ချောင်ဟိုင်..မင်းရဲ့ ကောင်မလေးက လေ့ကျင့်ရေးမှာ မူးလဲသွားတာဆို။ ဒါဆိုရင် ထမင်းစားလို့ မဖြစ်ဘူးထင်တယ်။ မင်း ကင်တင်းကို သွားပြီး  ဂျုံယာဂု တစ်ခွက်လောက် တောင်းကြည့်ရင် ရနိုင်မယ်ထင်တယ်"  

"အချိန်က သိပ်နောက်ကျသွားပြီ၊ ကင်တင်းက ဆိုင်ဝန်ထမ်းတွေက အကုန် ပြန်ကုန်ပြီ။ ငါ လုပ်လို့ရရင် မှာပြီးပြီပေါ့... ထွက်သွားပြီ။  "

အန်းရီက ဆက်ပြောလိုက်သည်။
  -" ငါ့ဆီမှာ ငါ့သူငယ်ချင်းတွေပေးတဲ့ ပေါင်မုန့်တွေရှိတယ်၊ မင်းရဲ့ရည်းစားဆီကို ယူသွားပေးလိုက်ပါဘား ?"

"ပေါင်မုန့်က သိပ်မကောင်းဘူး။နေမကောင်းတဲ့သူအတွက် ဂျုံယာဂု စားတာ ပိုကောင်းတယ်။ "

ချန်းမင်က ပြောပြီး လက်ကို ဆန့်ကာ ရှုနင်ကို တားရင်းပြောလိုက်သည်။
  "ဟေး.ရှုနင်...ခဏလေးနေပါဦး။ မင်းက ယောကျာ်းလေးဆိုတော့ ပေါင်မုန့်စားလိုက်ပြီး မင်းရဲ့ယာဂုကို ချောင်ဟိုင်ရဲ့ ကောင်မလေးအတွက်ပေးလိုက်ပါလား   "

ချောင်ဟိုင်က ကျိုးကြောင်း ဆင်ခြင်တတ်သူဖြစ်လို့ ရှုနင်ကို မျှော်လင့်ချက်ဖြင့် ကြည့်လိုက်ပေမယ့် ရှုနင်က တွေဝေနေသည်ကိုမြင်တော့ သူက ရှက်ရွံ့ပုံပေါ်လာပြီး ပြောလိုက်သည်။ ဒီယာဂုက ရှုနင်အတွက် စစ်သားက တကူးတက ယူပေးလာတဲ့ဟာဖြစ်လို့ သူက အတင်း ယူရမည်ကို ရှက်နေမိသည်။


"ဟင့်အင်း..ရတယ်... ဒီယာဂုက ရှုနင်အတွက် တကူးတက လာပို့ပေးတဲ့ ယာဂုပဲ။ ပြီးတော့ ရှုနင်က အိပ်ယာထဲ လှဲနေရတာ။ သူလည်း နေမကောင်းဘူးလေ။ ငါ့ ကောင်မလေးကို ဂရုစိုက်ပေးတဲ့အတွက် မင်းတို့ အားလုံးကို ကျေးဇူးတင်ပါတယ်။ အခုဆိုရင် သူမ အိပ်ပျော်နေလောက်ပြီ။ မင်းတို့ စိတ်မပူကြပါနဲ့တော့..."

 

အန်းရီက ဒါကို အစပြုခဲ့ပေမယ့် သူက ဘာမှဝင်မပြောပဲ ဘေးကနေငြိမ်သက်စွာ ထိုင်ပြီး ပြင်းထန်လာမယ့် အခြေနေကို စောင့်ကြည့်နေသည်။

ချန်မင်က ရှုနင်ရဲ့ယာဂုကို မရလိုက်တဲ့အတွက် သိသိသာသာ မကျေမနပ်ဖြစ်နေသည်။ သူက ရှုနင်ကို မှောင်မိုက်သည့် မျက်ဝန်းဖြင့်ကြည့်ကာ ပြောလိုက်သည်။

"ဘယ်လိုတောင်များလဲ။ မိန်းကလေးတစ်ယောက်ရဲ့ ဂျုံယာဂုကို လုသောက်တယ်"


 ချောင်ဟိုင်က ချန်မင်ရဲ့စကားကြောင့် မျက်မှောင်ကြုတ်လိုက်သည်။

 " မင်း အဲ့လို ပြောလို့မရဘူးလေ။ ရှုနင်က အရင် နေမကောင်းဖြစ်တာ။ ပြီးတော့ သူက ပေးရင် သူက ခင်တတ်တယ်လို့ ပြောလို့ရပေမယ့် သူက သူ့ယာဂု မပေးရင် သူက မကောင်းတဲ့လူလို့ ပြောလို့မရဘူးလေ။ ပြီးတော့ရှုနင်က ညနေစာလည်း မစားရသေးဘူး။ "

 "မင်းမှာ သူ့ကို အစားထိုးပေးဖို့ ပေါင်မုန့်မရှိဘူးလား"

ချန်မင်က သိသိသာသာပင် ရှုနင်ကို စော်ကားမော်ကားပုံစံကြည့်ကာ ပြောလိုက်သည်။


အန်းရီတို့ပေးသမျှကို ဦးနှောက်မပါသည့် ချန်မင်က လူမိုက်လုပ်ကာ ရှုနင်ပိုင်ဆိုင်သည့် ယာဂုကို ပေါ်တင်လုယက်လိုက်သည်။ ဒါကို ချန်မင်က သူ့ကိုယ်ကိုယ် တရားမျှတမှုကို ဆောင်ကြည်းပေးနေသည့် သူရဲကောင်းဟု အထင်ရောက်နေသေးသည်။ လောကမှာ ဒီလို သူများအသုံးချတာခံရသည့် လူမိုက်များလည်း မရှားပေ။ အခုဆိုရင် အန်းရီက ချန်မင်နှင့် ရှုနင်ကို တို့ပေးကာ ဘေးကနေ ရှုနင်ကို လူတွေ ဝိုင်းအပြစ်တင်မည်ကို စောင့်နေသည်။

ဒီလိုမျိုး ပြောဆိုခံရတာတောင် ရှုနင်က စားချင်စိတ်ရှိသေးလားဆိုတာ ကြည့်ရသေးတာပေါ့....

အန်းရီက အခုလို ပြပွဲလေးကို ပျော်ရွှင်စွာကြည့်နေသည်။ တပ်မှုးနှင့် သိတော့လည်း ဘာဖြစ်လဲ။ ဒီကောင် ရှုနင်ကို တခန်းတည်းသားတွေနှင့် ရန်တိုက်ပေးပြီး သူ့ကို နင်းချေပစ်လိုက်မည်။
 

  အခုလူတိုင်းက ရှုနင်ကို တိတ်တဆိတ်ကြည့်နေတယ်။ ရှုနင်က ယာဂုပါသည့် အိုးလေးကို အဖုံးဖြင့် ပြန်ဖုံးကာ ချောင်ဟိုင်ဆီကို ကမ်းပေးလိုက်သည်။
  "ချန်မင်ပြောတာ မှန်ပါတယ်။ ငါတို့က မိန်းကလေးတွေကို ပိုဦးစားပေးပြီး ဂရုစိုက်သင့်တယ်။ ချောင်ဟိုင် ဒီယာဂုကို ယူပြီး မင်းရဲ့ကောင်မလေးဆီကိုမြန်မြန်ပို့ပေးသင့်တယ်။ အေးသွားရင် အရသာမရှိပဲနေမယ် "

"ဒါက ...... "

ချောင်ဟိုင်က အစောပိုင်းက သူ့ကောင်မလေးကို စိုးရိမ်စိတ်ကြောင့် ဒီယာဂုကို ဝယ်ချင်စိတ်သာရှိနေခဲ့သည်။ ဒါပေမယ့် အခု ဒီလိုဖြစ်သွားတာက အန်းရီရဲ့ အကြံစည်ဆိုတာ ရိပ်မိသွားလို့ မယူချင်တော့ပေ။ သူများ အကောက်ကြံတာကို သိသိကြီးနှင့် လက်ခံရအောင် သူက လူမိုက်မဟုတ်ပေ။

    '' ဒါက မသင့်တော်ဘူး။

ချန်မင်သည်  အန်းရီးလက်ထဲက ပေါင်မုန့်ကိုယူပြီး ချောင်ဟိုင်ဘက်ကို မကြည့်မီ ရှုနင်၏ခုတင်ဘက်သို့ ပစ်တင်လိုက်သည်။

 " မင်းကယောက်ျား မဟုတ်ဘူးလား၊ မင်းကောင်မလေးဆီကိုမြန်မြန်သွားပေးပြီး ဂရုစိုက်လိုက်ပါ။ ငါတို့အားလုံးဟာ အတွဲမရှိတဲ့သူတွေဖြစ်လို့ နောက်ပိုင်းမင်းကောင်မလေးရဲ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးဖို့ကို မမေ့နဲ့လို့ ပြောလိုက်ဦး.... ဒါမှ နောင်မှာ ငါတို့ အတွဲတွေရှိလာမယ်  "

ချောင်ဟိုင်က ရှုနင်ကို အရမ်းကျေးဇူးတင်နေသည်။  

"ကျေးဇူးတင်ပါတယ်..ရှုနင်"

"မြန်မြန်သွားပါ။ "

 ဒါဟာ ဂျုံယာရုံလေးပဲ။ သူ လိုချင်သလောက်ရနိုင်တယ်လေ၊ ဒါကြောင့် ရှုနင်က ရက်ရောစွာ ပေးလိုက်တယ်။

ချောင်ဟိုင်ထွက်သွားပေမယ့် ရှုနင်ကပေါင်မုန့်ကိုမစားခဲ့ဘူး။ သူက အိပ်ယာပေါ်က ထပြီး ဖိနပ်စီးကာ အခန်းပြင်ကို ထွက်သွားခဲ့သည်။ အန်းရီက ရှုနင်ထွက်သွားပြီးနောက် စိတ်ပူဟန်ဖြင့် ပြောလိုက်သည်။

 " သူ စိတ်ဆိုးနေသလား မသိဘူး"

ချောင်မင်က ဂရုမစိုက်ဟန်ဖြင့် အိပ်ယာထက် လှဲလျောင်းက မျက်လုံးမှိတ်ရင်းပြောလိုက်သည်။

"သူ့ကိုယ်သူ ဘာထင်လို့ စိတ်ဆိုးရမှာလဲ...ထားလိုက်ပါ... "
 
ကျောက်လုံက အခုထိ တုံးအပြီး အန်းရီရဲ့ လုပ်ရပ်ကို မမြင်သေးပေ။ ရှုနင် က စိတ်ဆိုးသွားသလားမသိဘူးဆိုတာ တကယ် စိုးရိမ်လို့ပြောတာ မဟုတ်ပဲ ကျန်လူတွေရဲ့ ဒေါသကို ဆွပေးတယ်ဆိုတာ နားမလည်နိုင်ဖြစ်နေသည်။ ဒါကြောင့် သူက ရှုနင်ဘက်ကို လိုက်ကာ ပြောပေးလိုက်သည်။

  "ရှုနင်က အဲ့လို လူစားမျိုး မဟုတ်ဘူး"

သူ့ကိုယ်သူကျေနပ်ရောင့်ရဲသော အန်းရီက  လူတိုင်းကို အရူးလုပ်ကာ ရှုနင်ကို ရိုက်ချလိုက်နိုင်လို့ ကျေနပ်နေသည်။ သူက ကျောက်လုံး၏ ခြေထောက်ကို လှမ်းတို့ကာ  ပြောလိုက်သည်။

  "မဖြစ်ဘူး။ ရှုနင်က နေကောင်းသေးတာ မဟုတ်ဘူး။ ငါတို့ သူ့ကို လိုက်ရှာသင့်တယ်"

"မင် းဘာဖြစ်နေတာလဲ။ ငါတို့က ဘာကြောင့် ပျော့ညံ့လှတဲ့ ပဲပင်ပေါက်လို ကောင်လေးနဲ့ တခန်းတည်းကျရတာလဲကွာ..."

ချန်မင်က စိတ်မကြည်မသာဖြင့် ပြောလိုက်သည်။ အန်းရီလိုချင်တာလည်း အခု ထင်မြင်ချက်ပဲဖြစ်သည်။ တခန်းလုံးက လူတွေက ရှုနင်ကို အသုံးမကျတဲ့ အနှောက်ယှက်တစ်ခုလို့ မြင်စေချင်လို့ ဒီလိုဖြစ်အောင် တမင် လုပ်နေတာဖြစ်သည်။

"မင်း ဒီနေ့တော်တော်ကြိုးစားခဲ့တယ်၊ အဖွဲ့ခေါင်းဆောင်၊ မင်းအစား ငါ သူ့ကို သွားရှာလိုက်ပါ့မယ်....  "

ကျောက်လုံကစေတနာနဲ့ ပြောကာ သူ့ဖိနပ်ကို ၀ တ်လိုက်တယ်။ သူဟာ သူ့ကိုယ်သူအရမ်းပင်ပန်းတယ်လို့ခံစားခဲ့ရပေမယ့ ် အသင်းခေါင်းဆောင်ကို မလွှတ်ရက်လိုက်ပေ။  ဒါက လူမဆန်လွန်းရာ ကျလိမ့်မယ်။ ကျောက်လုံက တံခါးကိုပိတ်လိုက်ပြီး ရှုနင်ကို ရှာဖို့ထွက်သွားသည်။

ငတုံးပဲ...

အန်းရီက ဘယ်တော့မှ ရှုနင်ကို လိုက်ရှာဖို့မရည်ရွယ်ပေ။ ရှုနင် ပြန်မလာရင်  ပိုတောင်ကောင်းသေးသည်။ ည 9 နာရီကျော် လူစစ်သည့်အချိန် မရှိရင် နာမည် အမှတ်ခံရလိမ့်မည်။ ဒါကို ရှုနင်ရဲ့အမှားပဲဖြစ်သည်။

ရှုနင် သည်ကိုးနာရီထိုးတော့  ပြန်ရောက်လာခဲ့သည်။ ချောင်ဟိုင်က ရှုနင်ရဲ့ယာဂုကို ယူလိုက်မိလို့ အပြစ်မကင်းသလို ခံစားနေရသည်။

 " မင်း စားပြီလား?"  

ရှုနင်က သူတို့ပေးထားသည့် ပေါင်မုန့်ကို မထိသောကြောင့်သာ သူက မေးခဲ့သည်၊

"စားပြီးပြီ။ ကင်တင်းမပိတ်ခင်လေး ငါ မှာစားလိုက်တာ..."

ရှုနင်က သူတို့ကလေးကွက်တွေကို ဟာသလို သဘောထားကာ လက်ယမ်းပြပြီး ရေချိုးရန်ထွက်သွားခဲ့သည်။ ဒါကိုမြင်တော့ အခန်းထဲက ကျန်လူတွေက ရှုနင်ကို မဆိုးဘူးဟု ထင်သွားကြသည်။ ဒါက ဒရမ်မာဇာတ်လမ်း အသေးလေးပဲလေ။ ယာဂုလေးတစ်ခွက်နဲ့ သူ့ကို လူဆိုးလို့မြင်အောင် လုပ်လို့ရမယ်တဲ့လား။

 ဒါပေမယ့် နောက်နေ့မှာရှုနင်က လေ့ကျင့်လေးကို မသွားသေးပေ။ အခန်းထဲက လူတွေအားလုံး လေ့ကျင့်ရေးက ပြန်လာတော့ အခန်းထဲမှာ ခေါက်ဆွဲကြော်နံ့ကို ရလိုက်လို့ လူတိုင်းက ရှုနင်ကို စိုက်ကြည့်လိုက်ကြသည်။ ထိုအချိန်တွင် ရှုနင်က ရေခဲတုံးလေးများထည့်ထားသည့် ရေတခွက်ကို အေးဆေးစွာသောက်နေသည်ကို တွေ့လိုက်ရသည်။ ရှုနင်ပုံစံက အရမ်းကို သာသာယာယာဖြစ်နေပုံရသည်။

ချန်မင်က ဆံပင်ထဲ လက်ထိုးကာ မလိုတမာ မေးလိုက်သည်။

"မင်းက ဘယ်လို သူတော်ကောင်း သူမြတ်လောင်းမို့ ခေါက်ဆွဲကြော်ကို ရခဲ့တာလဲ။ ဒါကို ကွန်မန်ဒါဆီက ထပ်ရတယ်လို့ မပြောလိုက်နဲ့..."

" ငါ ဘာစားတယ်ဆိုတာ မင်းအတွက် အရမ်းအရေးကြီးနေလား"
"မင်း ဘာပြောချင်တာလဲ..."

"ဒါဟာ ခေါက်ဆွဲကြော်ပဲဖြစ်ဖြစ်၊ ဖရဲသီးပဲဖြစ်ဖြစ်၊ ဒါက မင်းအတွက်တကယ်အရေးကြီးသလား"

တဲ့တိုးပြောလိုက်သည့် ရှုနင်ရဲ့စကားကြောင့် ချန်မင်၏မျက်နှာ ရဲခနဲဖြစ်ကာ မေးလိုက်သည်။

  " မင်း ငါ့ကိုရန်စဖို့လုပ်နေတာလား  "

သူတို့ အချင်းချင်း စကားများလာတော့ အန်းရီက လျင်မြန်စွာ ကြားဝင်ဖြန်ဖြေပေးလိုက်သည်။


  " အခု စိတ်အေးအေးထားကြပါ၊ ငါတို့အားလုံး ဒီမှာ အတူတူ နေနေတာလေ။ ဒါကို စိတ်ထဲမထားပါနဲ့၊ သူ့ခန္ဓာကိုယ်က သိပ်မကောင်းဘူး။ တယောက်ယောက်က သူ့အတွက် ကျန်းမာရေးကောင်းဖို့ စားကောင်းသောက်ဖွယ်ပို့တာ သဘာဝပဲလေ။    "

ရှုနင်က သူတော်ကောင်း ယောင်ဆောင်ကာ ဝင်ပြောလိုက်သည့် အန်းရီကိုကြည့်လိုက်သည်။

 " ခေါက်ဆွဲကြော်နဲ့ ဖရဲသီးက ကျန်းမာရေးကောင်းစေတဲ့ အစားစာတွေလား။ အသင်းခေါင်းဆောင်၊ ဒါတွေက မင်းအတွက်ကျန်းမာရေးအစားအစာတွေလို့ ခံစားလို့ရချင်ရမယ်။  မင်းတို့ကောင်တွေ ယောက်ျားတွေ မဟုတ်ကြဘူးလား။ မင်းတို့က ငါ့ကို မတိုက်ခိုက်ရဘူးဆိုရင် နေလို့ထိုင်လို့မကောင်းကြဘူးလို့ ငါမြင်တယ်။ မနေ့က မင်းပဲ ငါ့ ဂျုံယာဂုကို အတင်းပေးခိုင်းလိုက်တယ်။ ငါ မပေးရင် ငါကပဲ အကျင့်မကောင်းတဲ့ကောင်လို ထင်အောင် လုပ်ခဲ့တယ်။ မင်းက မင်းလုပ်သမျှ ငါ ဘာမှ မသိတဲ့ ငတုံးလိုများ မှတ်နေသလား။  အဲ့ဒီဂျုံယာဂုထဲကို ကမာထည့်ပြီး ချက်ထားရင်တောင် ကျန်းမာရေးအတွက် တကယ်လိုအပ်တဲ့ဟာဖြစ်နေလို့လား....  "

"ရှုနင်..မင်း တဖက်သတ်ထင်ရာမြင်ရာ လျှောက်ပြောမနေနဲ့။ မင်းရဲ့ဂျုံယာဂုကို မင်းဖာသာ စားချင်ရင်စားလိုက်လို့ရတယ်။ မင်းကို ဘယ်သူက တားနေလို့လဲ။?"

ချန်မင်က ရှုနင်ကို ပြေးထိုးဖို့ ရှေ့ကိုအမြန်ပြေးလာချင်နေပေမယ့် အန်းရီက သူ့ကို တားလိုက်တယ်။

  "ပြီးတော့..  မင်းက ငါ့ကို မင်းရဲ့ပေါင်မုန့်ကို ငါ့ကို ပစ်ပေးလိုက်တယ်။"

ရှုနင်က အန်းရီကို စိုက်ကြည့်ကာ ဆက်တိုက်ပြောလိုက်သည်။
  "အန်းရီ...မနေ့က အဖြစ်ကို မင်းပဲ အစလုပ်ခဲ့တာ။ မင်းဘယ်လိုလုပ်လုပ် သူက ငါ့ကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး"

 အန်းရီက အခုထိ သူတော်ကောင်းဟန်ဆောင်ကာ ပြောလိုက်သေးသည်။

  - "ရှုနင်...မင်း ဘာတွေပြောနေတာလဲ... "

" ဟုတ်တယ်၊ မှန်ပါတယ်၊ အဖွဲ့ခေါင်းဆောင်က  အကောင်းဆုံးကြိုးစားခဲ့တာကို ငါတို့အားလုံးရှင်းရှင်းလင်းလင်းမြင်နိုင်တယ်"  

အခြားသူများကတညီတညွတ်တည်းအော်ဟစ်လိုက်ကြသည်။

ရှုနင်ကသူ၏ပစ္စည်းများကိုဆက်လက်သိမ်ရင်းပြီး သူကပုံမှန်အတိုင်း စိတ်မချမ်းမသာမဖြစ်ပဲ သက်တောင်းသက်သာရှိနေဆဲဖြစ်သည်။

" မင်းတို့တွေ ငါ့နောက်ကွယ်မှာ ငါနဲ့ပတ်သက်ပြီး  ပြောနေတာကို ငါမသိဘူး ထင်နေလား၊ ငါ့ကို နေမကောင်းအပင်ပေါက်လို့ခေါ်တာက ကောင်းတဲ့အရာပေါ့လေ..ဟုတ်လား။ တပ်မှုးနဲ့ စစ်သားတွေက ငါ နေမကောင်းလို့ ငါ့ကိုလာတွေ့တယ်။ သင်တန်းနည်းပြဆရာလည်း ငါ့ကို လူနာလာမေးတဲ့အတွက် မင်းတို့ အခန်းဖော်အားလုံးက ငါ့ကို ဒီမှာ ဆက်နေလို့မရအောင် ဖိအားပေးနေကြတယ်။ ဒါကြောင့် ဒီမှာ ငါ ဆက်နေလို့ မရတော့ဘူး။ ငါ တခြားကို သွားတော့မယ်။ ဒါကြောင့် နူတ်ဆက်လိုက်ပါတယ်"
 

"စိတ်မဆိုးပါနဲ့ ...ရှုနင်... မင်း ဘယ်သွားနိုင်မှာ မို့လဲ"

အန်းရီသည်လူကောင်းတစ်ယောက်အဖြစ် ဆက်လက် ဟန်ဆောင် နေဆဲဖြစ်သည်။

ရှုနင်က တံခါးကိုလမ်းလျှောက်လာခဲ့ပြီး သူကအေးဆေးစွာပြန်ကြည့်ကာ ပြောလိုက်သည်။

"ဒီအသင်းက အသင်းအားလုံးထဲက အဆိုးဆုံးပဲ။ မင်းက မင်းနာမည်ကို သေချာခိုင်မာအောင် မလုပ်ရသေးဘူး။ မင်းကိုယ်ကို ဂရုစိုက်ပါ"

ရှုနင်ဆိုလိုသည့် စကားကို နားလည်လိုက်လို့ အန်းရီ၏မျက်နှာထက်တွင် စိတ်ပူသည့် အမူယာပေါ်လာခဲ့သည်။ စစ်ရေးလေ့ကျင့်သည့်နေရာတွင် အသင်းလိုက် လုပ်ဆောင်ချက် ညံ့ဖျင်းရင် ခေါင်းဆောင်ရဲ့ဦးဆောင်မှု ညံ့ဖျင်းတယ်ဆိုတာ ဖော်ပြပြီး အသင်းရဲ့နောက်ဆုံး ရလဒ်ကိုထိခိုက်နိုင်သည်။ ဒီဟာက ကျောင်းမှာ အတန်းခေါင်းဆောင်ရွေးရာတွင် ထိခိုက်လာနိုင်သည်။ ဒါပေမယ့် လောလောဆယ် အန်းရီကို ကျော်နိုင်မယ့်လူ မရှိသေးပေ။
ရှုနင်က သင်တန်းက တပ်မှုးကို သွားနူတ်ဆက်ကာ ထွက်ခွာသွားသည်။ သို့သော်တပ်မှူးကိုယ်တိုင်က သူ့ကို လိုက်ပို့ပေးရန် ကမ်းလှမ်းလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါ။ ဒါပေမယ့် ရှုှုနင်ကို လာကြိုသည့်ကားက သင်တန်းအပြင်ဘက်တွင် စောင့်နေသည်ဖြစ်လို့ ငြင်းဆန်ခဲ့သည်။

ရှုဟိန်က တပ်မှုးကို အကူညီတောင်းခဲ့တာဖြစ်လို့ တပ်မှုးက သူ့မိသားစုနောက်ခံကို သိနေတာ မဆန်းပေ။ ရှုနင်က လာကြိုသည့် ချင်းမင်၏ကားဖြင့် ဗီးလာကို ပြန်လာခဲ့သည်။ အိမ်ကိုရောက်တော့ ရေအရင်ချိုးပစ်လိုက်ရသည်။ ရိုက်ကူးရေးလုပ်ငန်းက အရမ်းအရေးမကြီးပေ။

ချင်းမင်က ဒါကို သေချာစီမံအုပ်ချုပ်နေလို့ ရှုနင် ပူစရာမလိုပေ။ လောလောဆယ် သူက ရေနွေးကန်ထဲ စိမ်ကာ ချိုးရင်း ဝိုင်သောက်နေသည်။ သူ့ရှေ့တွင် ရှုဟိန်ရောက်လာသလို စိတ်ကူးယဉ်လိုက်ပြီး နူတ်ခမ်းထောင့် ကော့တက်ကာ ပြုံးလိုက်မိသည်။ ရေချိုးပြီးနောက် ရှုနင်က နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့သည်။

နောက်နှစ်ရက်နေရင် ကျောင်းဖွင့်တော့မည်ဖြစ်လို့ အဖေရဲ့မိတ်ဆွေဆီကို လက်ဆောင်တွေနဲ့ သွားတွေ့ရဦးမည်။  ဒါကြောင့် သူက နောက်တနေ့ နေ့လည်ခင်းမှာ လက်ဆောင်တွေမပို့ခင်သူ့ဆီကို ပထမဆုံးနှုတ်ခွန်းဆက်စကားပြောခဲ့တယ်။

ဦး လေးမနှင့်အန်တီတို့ နှစ် ဦး စလုံးသည်အလွန်စိတ်သဘောကောင်းကြသူများဖြစ်သည်။ သူတို့က ရှုနင် ကို ထိုင်ဖို့ဖိတ်ခေါ်ပြီး သူတို့သားနဲ့သမီးကိုတောင်မိတ်ဆက်ပေး ခဲ့တယ်။ လူတိုင်း စကားပြောရတာ အဆင်ပြေတဲ့အတွက် ပျော်ရွှင်စွာ ရှိနေကြသည်။

ထိုအိမ်မှ ထွက်ခွာပြီးနောက် ရှုနင်က ရှုဟိန်ကို ချက်ချင်းဖုန်းခေါ်ခဲ့သည်။ သူက အကိုကြီးကိုအရမ်းလွမ်းခဲ့တယ်၊ ရှုဟိန် အတွက်လည်းအလားတူပဲ၊ နောက်တစ်နာရီလောက်ကြာတဲ့အထိ သူတို့စကားပြောခဲ့ကြတယ်။ ရှုချိန်က  ရှုနင်ဖုန်းဆက်လာသည်ကို သိလို့ သူ့သားကြီးလက်ထဲက ဖုန်းကို လှမ်းယူကာ မကျေမနပ်ကြည့်နေသည်ကို လျစ်လျူရှုကာ နင်နင်နှင့် နာရီဝက်လောက် စကားပြောနေခဲ့သည်။
 
ပျော်စရာအချိန်တွေက အကုန်မြန်ပြီး ကျောင်းဖွင့်ချိန်ရောက်လာလေပြီ။ ချင်းမင်က လုပ်ထုံးလုပ်နည်းတွေအားလုံးကို ကိုင်တွယ်ခဲ့ပြီး သူကခွင့်ယူဖို့တောင်းဆိုခဲ့ပြီးဖြစ်ပေမယ့် ရှုနင် ဟာ  ထင်ရှားသူဖြစ်လို့  သူ ခွင့်မယူခင် ကျောင်းက ကြိုဆိုပွဲကို သွားတက်ကာ ဆရာတွေကို သွားတွေ့ရဦးမည်။ မဟုတ်ရင် စာမေးပွဲလာဖြေချိန်မှာ ဆရာတွေက သူ့ကို မမှတ်မိပဲ  အတန်းမှားထဲဝင်ခဲ့လားလို့ မေးလာနိုင်သည်။  囧  o(╯□╰)o

ကျောင်းက ကြိုဆိုပွဲတွင်  လူတွေအများအပြားရှိနေခဲ့သည်

 L စီးတီးရှိ အကောင်းဆုံး အနုပညာကျောင်းဖြစ်သည်နှင့်အညီ ကျောင်းဝင်းထဲတွင်  အသားအရေကောင်းပြီး ချောမောလှပသည့် လူငယ်လေးများ၊ မိန်းကလေးများ ပုံနေအောင် ရှိနေသည်။ ချောမောလှပသည့် လူငယ်လေးတွေက မိုးကောင်းကင်ထက်က ကြယ်တွေလို များပြားစွာ တောက်ပလို့နေသည်။ ရှုနင်က မျက်လုံးကို မှေးစင်းပြီး ကြည့်လိုက်စဉ် သူ့ဖုန်းကနေ စာတိုဝင်လာခဲ့သည်။

  တကယ်ကို ရှုဟိန်က သူ့ဆီကို ပို့လိုက်တာပဲ။

ရှုဟိန်  ̄ へ ̄ - "ငါ သဝန်တိုတယ်။  မင်းကယောက်ျားလေးတွေနဲ့ မိန်းကလေးတွေကိုကြည့်ရတာ ကြိုက်တယ်ဆိုတာ အစောပိုင်းကသိခဲ့ရင် မင်းအနုပညာသင်တန်းတက်တာကို  ငါ ခွင့်ပြုမှာ မဟုတ်ဘူး။

ရှုနင်က မျက်ခုံးပင့်လိုက်သည်။
 
"မတုံးပါနဲ့..ကျွန်တော်က ကောင်လေး၊ ကောင်မလေးတွေကို ကြည့်နေတာ မဟုတ်ဘူး။ စာသင်ခန်းကို လိုက်ရှာနေတာပါ"

ရှုဟိန်သည် 'o... o .... o ... o ... o ' များဖြင့် စာပြန်ပို့လာပြီး ရှုနင်က ပြုံးနေသည့်ရုပ်ပြောင်လေးကို ပြန်ပို့ကာ ပြုံးလိုက်မိသည်။

အကိုကြီးက တကယ့်ကို   ကြီးမားတဲ့ ရှလကာရည်ပုံးပဲ။  သူ အလွယ်တကူ သဘောတူလိုက်သည်မှာ အံ့သြစရာမဟုတ်ပါ၊ သူ့ကိုစောင့်ကြည့်ဖို့ လူတွေကို ကြိုတင်လွှတ်ထားပြီးပြီကိုး။ ရှုနင်က အကိုကြီးလုပ်ရပ်ကို စိတ်မဆိုးပဲ ချိုမြိန်စွာ ခံစားလိုက်ရသည်။

ရှုနင်က သူတက်ရမယ့် အခန်းကိုရောက်တော့ အခန်းထဲမှာ အန်းရီ၊ ချောင်ဟိုင်၊ ချန်မင်၊ ကျောက်လုံနှင့် အခြားလူများ ကြိုရောက်ကာ ထိုင်နေကြသည်။ အန်းရီက သူ့ကိုမြင်တော့ ထိုင်ရာက ထလာပြီး ဟန်ဆောင်ပန်ဆောင်မေးလိုက်သည်။

  "အိုး ရှုနင်..မင်းရောက်လာပြီပဲ။ နေကောင်းသွားပြီလား...."

 သူက မင်းကိုပြုံးပြရုံနှင့် မင်းကို မရိုက်ဘူးလို့ ထင်နေတာလား။ ရှုနင်က အန်းရီကို ရိုက်ရမည်ကိုပင် ပျင်းနေသည်။
  "ငါတို့အသင်းရဲ့ ရလဒ်တွေက ဘယ်လိုလဲ"

အန်းရီ ၏မျက်လုံးများထဲတွင် သဘာဝမကျသည့် အရိပ်ယောင်ပေါ်လာသည်။ သူ့အပြုံးလည်း တောင့်ခဲသွားခဲ့သည်။

 " ငါ သိပြီ"
ရလဒ်က ဘာလဲဆိုတာ ရှုနင် နားလည်လိုက်သည်။
 
ချန်မင်က မလိုတမာဝင်ပြောခဲ့သည်။

" နေမကောင်းတဲ့ပဲပင်ပေါက်လေးက ငါတို့ အသင်းကို ဆွဲချသွားခဲ့တာပဲလေ။ လူမစုံတဲ့အတွက် ငါတို့က သူများနဲ့ ဘယ်လို ယှဉ်နိုင်မှာလဲ....  "  

ရုတ်တရက် မျက်လုံးကြီးကြီးနှင့် မိန်းကလေးက ဝင်ပြောခဲ့သည်။

 "အမှတ်က မပါဝင်တဲ့သူကို ထည့်မတွက်ဘူး။ ရတဲ့အမှတ်ကို ပါဝင်သူအရေတွက်နဲ့စားပြီး ပျမ်းမျှပဲ ယူတာလေ။ ဒါ့အပြင် သူက နေလို့မှမကောင်းတာ။ နင်က ဘယ်လို ပြောရက်တာလဲ"

  ရှုနင်က တိတ်ဆိတ်စွာပြုံးလိုက်သည်။ ယခုကြည့်လိုက်တော့ ဘယ်သူက အရေးမပါတဲ့ကောင်လဲဆိုတာ ထင်ရှားလာတာပဲလေ။ သူတို့က ရလဒ်မကောင်းသည့်အတွက် ရှုနင်ကို အပြစ်ဖို့ချင်ပေမယ့် ဒီလိုလုပ်လို့မရဖြစ်နေသည်။
  သူ၏အဖွဲ့သည် ကျန်အဖွဲကတွေရဲ့ အောက်ခြေတွင်ရှိခဲ့သည့်အတွက် ခေါင်းဆောင်သည် အခြား အဖွဲ့ခေါင်းဆောင်များနှင့် လက်ရည်တူ မယှဉ်နိုင်တာ   ထင်ရှားလာသည့်အပြင်  ဦး ဆောင်နိုင်စွမ်းမှာ အားနည်းခြင်း၊ ညှိနှိုင်းဆောင်ရွက်မှု ညံ့ဖျင်းခြင်းနှင့်အသင်း၏စိတ်နှလုံးသည်ညီညွတ်မှုမရှိခြင်းကြောင့် ယခု အန်းရီ ဦးဆောင်သည့်အဖွဲ့က ဘိတ်ချီးရခဲ့တာဖြစ်သည်။

အန်းရီက အစကတည်းက သူ့တစ်ယောက်တည်း ထင်ပေါ်ချင်ပြီး ကျန်အဖွဲ့သားတွေကို ထည့်သွင်းစဉ်းစားတာ မလုပ်ခဲ့ပေ။
  အခန်းထဲကို ဆရာဝင်ရောက်လာပြီ။ လူတိုင်းက ကိုယ့်ကိုယ်ကိုမိတ်ဆက်ကြတယ်။ အတန်းထဲက လေထုက အရမ်းကောင်းတယ်။ အတန်းခေါင်းဆောင်တွေရွေးချယ်ဖို့အချိန်ရောက်လာတော့ အန်းရီက ထရပ်ကာ ဦးညွတ်ပြီး သူ့ဖာသာ အဆိုတင်သွင်း လိုက်သည်။

ပွဲက အခုမှ စမှာလေ။ ရှုနင်ရဲ့မျက်လုံးတွေ တဖြတ်ဖြတ်လက်လာသည်။

မင်းက အတန်းခေါင်းဆောင်ဖြစ်ချင်တာလား..ဟမ်....  

**-**











Chapter (128)_ မင္းက အတန္းေခါင္းေဆာင္ျဖစ္ခ်င္တာလား..ဟမ္




ရႈနင္လား?

ဒါေၾကာင့္လူတိုင္းက ရႈနင္ ကိုလွည့္ၾကည့္ၾကတယ္။

ရႈနင္က တံခါးဝနားမွာရပ္ေနတဲ့စစ္သားကိုၾကည့္ေတာ့ အဲ့ဒီစစ္သားက ကြန္မန္ဒါ (တပ္မႈး) ရဲ႕ လက္ေအာက္ငယ္သားစစ္သားဆိုတာ သတိျပဳလိုက္မိသည္။
 "ဟုတ္တယ္"

"ခင္ဗ်ားက အစာအိမ္နာတတ္ၿပီး အန္တတ္တယ္ဆိုလို႔ ကင္တင္းကေန ဒီဂ်ဳံယာဂုကို စားလို႔ရမလားလို႔ လာပို႔တာပါ။ တကယ္လို႔ ဒီဟာကို ေဆး႐ုံကိုသြားစစ္ေဆးၾကည့္ပါ ဦး ။ "

"အမ္, ေက်းဇူးတင္ပါတယ္၊

စစ္သားက သူ႔အားၿပဳံးျပလိုက္ၿပီး ဂ်ဳံယာဂုကိုေပးၿပီး ထြက္သြားလိုက္သည္။

တခန္းလုံးက လူေတြက ဘာမစကားမွ ဝင္မေျပာ ေပမယ့္ အကုန္လုံးက နားစြင့္ေနၾကတယ္။ ဒီေလာက္ေကာင္းတဲ့ အခြင့္ေရးကို အန္းရီက လက္လႊတ္မယ္ထင္လို႔လား။
ရႈနင္က အစကတည္းက မ်က္ႏွာသာေပးခံရလို႔ က်န္လူေတြက မနာလိုျဖစ္ကာမုန္းတီးေနသည္။ အခု အန္းရီက မုန္းတီးမႈကို အရွိန္ျမႇင့္ၿပီး ကစားေပးရန္ ဆုံးျဖတ္လိုက္သည္။

  - "မင္းရဲ႕အစာအိမ္မေကာင္းရင္ ဘာေၾကာင့္ ဖရဲသီးကို စားရတာလဲ။ "

အန္းရီေျပာလိုက္သည့္ ထို၀ ါက်တစ္ခုတည္းႏွင့္ လူတိုင္း က ရႈနင္ကို ခါးသီးစြာ ဝိုင္းၾကည့္လာၾကသည္။

အန္းရီက ခုလိုေျပာလိုက္ႏိုင္သည့္အတြက္ တစ္ေယာက္တည္း ႀကိတ္ကာ သူ႔ကိုယ္သူ သေဘာက်ေနသည္။ လူတိုင္းက လူတစ္ေယာက္တည္းကို ဝိုင္းဖယ္ၾကဥ္ကာ ခုလို မုန္းတီးစြာ ၾကည့္ေနၾကမည္ဆိုရင္ ဘယ္သူမဆို ေနရခက္ကာ စိတ္မခ်မ္းမသာျဖစ္လာမွာေသခ်ာသည္။

 ဒါေပမယ့္ ရႈနင္ကို ဘယ္သူမွတ္ေနလဲ။ ဘယ္လိုပုံစံနဲ႔ သူ႔ကို မုန္းတီးလာေစဖို႔ အန္းရီက ႏႈိးေဆာ္လိုက္သည္ကို  သူ ခ်က္ခ်င္းသေဘာေပါက္သြားသည္ႏွင့္ သူ႔ မ်က္လုံးက်ယ္လာသည္။

ရႈနင္ - "အဲ့လိုလား။ ငါ ဒါကို အခုမွ ပထမဆုံးၾကားဖူးတာပဲ"
အန္းရီ: "...... "

အျခားသူမ်ား-  "...... "

ရႈနင္က ေျပာၿပီး ခပ္တည္တည္ႏွင့္ ေခါင္းငုံ႔ကာ လာပို႔သည့္ ဗူးေလးရဲ႕ အဖုံးကို ဖြင့္လိုက္ေတာ့ ေမႊးပ်ံ႕သည့္ ဂ်ဳံယာဂုအနံ႔က အခန္းထဲ ပ်ံ႕ထြက္လာလို႔ လူတိုင္းက တံေတြးၿမိဳခ်လိုက္မိသည္။ သူတို႔က ညစာစားၿပီးခဲ့လို႔ မဆာေပမယ့္ အနံ႔က ဆြဲေဆာင္ႏိုင္လြန္းသည္။

  အန္းရီက သူ႔အကြက္က မထိေရာက္လို႔ မ်က္လုံးကိုလႊဲလိုက္ကာ အသင္းသားတစ္ေယာက္ကို ၾကည့္ကာ ဆက္ေျပာလိုက္သည္။


 " ေဟ့..ေခ်ာင္ဟိုင္..မင္းရဲ႕ ေကာင္မေလးက ေလ့က်င့္ေရးမွာ မူးလဲသြားတာဆို။ ဒါဆိုရင္ ထမင္းစားလို႔ မျဖစ္ဘူးထင္တယ္။ မင္း ကင္တင္းကို သြားၿပီး  ဂ်ဳံယာဂု တစ္ခြက္ေလာက္ ေတာင္းၾကည့္ရင္ ရႏိုင္မယ္ထင္တယ္"  

"အခ်ိန္က သိပ္ေနာက္က်သြားၿပီ၊ ကင္တင္းက ဆိုင္ဝန္ထမ္းေတြက အကုန္ ျပန္ကုန္ၿပီ။ ငါ လုပ္လို႔ရရင္ မွာၿပီးၿပီေပါ့... ထြက္သြားၿပီ။  "

အန္းရီက ဆက္ေျပာလိုက္သည္။
  -" ငါ့ဆီမွာ ငါ့သူငယ္ခ်င္းေတြေပးတဲ့ ေပါင္မုန႔္ေတြရွိတယ္၊ မင္းရဲ႕ရည္းစားဆီကို ယူသြားေပးလိုက္ပါဘား ?"

"ေပါင္မုန႔္က သိပ္မေကာင္းဘူး။ေနမေကာင္းတဲ့သူအတြက္ ဂ်ဳံယာဂု စားတာ ပိုေကာင္းတယ္။ "

ခ်န္းမင္က ေျပာၿပီး လက္ကို ဆန႔္ကာ ရႈနင္ကို တားရင္းေျပာလိုက္သည္။
  "ေဟး.ရႈနင္...ခဏေလးေနပါဦး။ မင္းက ေယာက်ာ္းေလးဆိုေတာ့ ေပါင္မုန႔္စားလိုက္ၿပီး မင္းရဲ႕ယာဂုကို ေခ်ာင္ဟိုင္ရဲ႕ ေကာင္မေလးအတြက္ေပးလိုက္ပါလား   "

ေခ်ာင္ဟိုင္က က်ိဳးေၾကာင္း ဆင္ျခင္တတ္သူျဖစ္လို႔ ရႈနင္ကို ေမွ်ာ္လင့္ခ်က္ျဖင့္ ၾကည့္လိုက္ေပမယ့္ ရႈနင္က ေတြေဝေနသည္ကိုျမင္ေတာ့ သူက ရွက္႐ြံ႕ပုံေပၚလာၿပီး ေျပာလိုက္သည္။ ဒီယာဂုက ရႈနင္အတြက္ စစ္သားက တကူးတက ယူေပးလာတဲ့ဟာျဖစ္လို႔ သူက အတင္း ယူရမည္ကို ရွက္ေနမိသည္။


"ဟင့္အင္း..ရတယ္... ဒီယာဂုက ရႈနင္အတြက္ တကူးတက လာပို႔ေပးတဲ့ ယာဂုပဲ။ ၿပီးေတာ့ ရႈနင္က အိပ္ယာထဲ လွဲေနရတာ။ သူလည္း ေနမေကာင္းဘူးေလ။ ငါ့ ေကာင္မေလးကို ဂ႐ုစိုက္ေပးတဲ့အတြက္ မင္းတို႔ အားလုံးကို ေက်းဇူးတင္ပါတယ္။ အခုဆိုရင္ သူမ အိပ္ေပ်ာ္ေနေလာက္ၿပီ။ မင္းတို႔ စိတ္မပူၾကပါနဲ႔ေတာ့..."

 

အန္းရီက ဒါကို အစျပဳခဲ့ေပမယ့္ သူက ဘာမွဝင္မေျပာပဲ ေဘးကေနၿငိမ္သက္စြာ ထိုင္ၿပီး ျပင္းထန္လာမယ့္ အေျခေနကို ေစာင့္ၾကည့္ေနသည္။

ခ်န္မင္က ရႈနင္ရဲ႕ယာဂုကို မရလိုက္တဲ့အတြက္ သိသိသာသာ မေက်မနပ္ျဖစ္ေနသည္။ သူက ရႈနင္ကို ေမွာင္မိုက္သည့္ မ်က္ဝန္းျဖင့္ၾကည့္ကာ ေျပာလိုက္သည္။

"ဘယ္လိုေတာင္မ်ားလဲ။ မိန္းကေလးတစ္ေယာက္ရဲ႕ ဂ်ဳံယာဂုကို လုေသာက္တယ္"


 ေခ်ာင္ဟိုင္က ခ်န္မင္ရဲ႕စကားေၾကာင့္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။

 " မင္း အဲ့လို ေျပာလို႔မရဘူးေလ။ ရႈနင္က အရင္ ေနမေကာင္းျဖစ္တာ။ ၿပီးေတာ့ သူက ေပးရင္ သူက ခင္တတ္တယ္လို႔ ေျပာလို႔ရေပမယ့္ သူက သူ႔ယာဂု မေပးရင္ သူက မေကာင္းတဲ့လူလို႔ ေျပာလို႔မရဘူးေလ။ ၿပီးေတာ့ရႈနင္က ညေနစာလည္း မစားရေသးဘူး။ "

 "မင္းမွာ သူ႔ကို အစားထိုးေပးဖို႔ ေပါင္မုန႔္မရွိဘူးလား"

ခ်န္မင္က သိသိသာသာပင္ ရႈနင္ကို ေစာ္ကားေမာ္ကားပုံစံၾကည့္ကာ ေျပာလိုက္သည္။


အန္းရီတို႔ေပးသမွ်ကို ဦးေႏွာက္မပါသည့္ ခ်န္မင္က လူမိုက္လုပ္ကာ ရႈနင္ပိုင္ဆိုင္သည့္ ယာဂုကို ေပၚတင္လုယက္လိုက္သည္။ ဒါကို ခ်န္မင္က သူ႔ကိုယ္ကိုယ္ တရားမွ်တမႈကို ေဆာင္ၾကည္းေပးေနသည့္ သူရဲေကာင္းဟု အထင္ေရာက္ေနေသးသည္။ ေလာကမွာ ဒီလို သူမ်ားအသုံးခ်တာခံရသည့္ လူမိုက္မ်ားလည္း မရွားေပ။ အခုဆိုရင္ အန္းရီက ခ်န္မင္ႏွင့္ ရႈနင္ကို တို႔ေပးကာ ေဘးကေန ရႈနင္ကို လူေတြ ဝိုင္းအျပစ္တင္မည္ကို ေစာင့္ေနသည္။

ဒီလိုမ်ိဳး ေျပာဆိုခံရတာေတာင္ ရႈနင္က စားခ်င္စိတ္ရွိေသးလားဆိုတာ ၾကည့္ရေသးတာေပါ့....

အန္းရီက အခုလို ျပပြဲေလးကို ေပ်ာ္႐ႊင္စြာၾကည့္ေနသည္။ တပ္မႈးႏွင့္ သိေတာ့လည္း ဘာျဖစ္လဲ။ ဒီေကာင္ ရႈနင္ကို တခန္းတည္းသားေတြႏွင့္ ရန္တိုက္ေပးၿပီး သူ႔ကို နင္းေခ်ပစ္လိုက္မည္။
 

  အခုလူတိုင္းက ရႈနင္ကို တိတ္တဆိတ္ၾကည့္ေနတယ္။ ရႈနင္က ယာဂုပါသည့္ အိုးေလးကို အဖုံးျဖင့္ ျပန္ဖုံးကာ ေခ်ာင္ဟိုင္ဆီကို ကမ္းေပးလိုက္သည္။
  "ခ်န္မင္ေျပာတာ မွန္ပါတယ္။ ငါတို႔က မိန္းကေလးေတြကို ပိုဦးစားေပးၿပီး ဂ႐ုစိုက္သင့္တယ္။ ေခ်ာင္ဟိုင္ ဒီယာဂုကို ယူၿပီး မင္းရဲ႕ေကာင္မေလးဆီကိုျမန္ျမန္ပို႔ေပးသင့္တယ္။ ေအးသြားရင္ အရသာမရွိပဲေနမယ္ "

"ဒါက ...... "

ေခ်ာင္ဟိုင္က အေစာပိုင္းက သူ႔ေကာင္မေလးကို စိုးရိမ္စိတ္ေၾကာင့္ ဒီယာဂုကို ဝယ္ခ်င္စိတ္သာရွိေနခဲ့သည္။ ဒါေပမယ့္ အခု ဒီလိုျဖစ္သြားတာက အန္းရီရဲ႕ အႀကံစည္ဆိုတာ ရိပ္မိသြားလို႔ မယူခ်င္ေတာ့ေပ။ သူမ်ား အေကာက္ႀကံတာကို သိသိႀကီးႏွင့္ လက္ခံရေအာင္ သူက လူမိုက္မဟုတ္ေပ။

    '' ဒါက မသင့္ေတာ္ဘူး။

ခ်န္မင္သည္  အန္းရီးလက္ထဲက ေပါင္မုန႔္ကိုယူၿပီး ေခ်ာင္ဟိုင္ဘက္ကို မၾကည့္မီ ရႈနင္၏ခုတင္ဘက္သို႔ ပစ္တင္လိုက္သည္။

 " မင္းကေယာက္်ား မဟုတ္ဘူးလား၊ မင္းေကာင္မေလးဆီကိုျမန္ျမန္သြားေပးၿပီး ဂ႐ုစိုက္လိုက္ပါ။ ငါတို႔အားလုံးဟာ အတြဲမရွိတဲ့သူေတြျဖစ္လို႔ ေနာက္ပိုင္းမင္းေကာင္မေလးရဲ႕သူငယ္ခ်င္းေတြနဲ႔ မိတ္ဆက္ေပးဖို႔ကို မေမ့နဲ႔လို႔ ေျပာလိုက္ဦး.... ဒါမွ ေနာင္မွာ ငါတို႔ အတြဲေတြရွိလာမယ္  "

ေခ်ာင္ဟိုင္က ရႈနင္ကို အရမ္းေက်းဇူးတင္ေနသည္။  

"ေက်းဇူးတင္ပါတယ္..ရႈနင္"

"ျမန္ျမန္သြားပါ။ "

 ဒါဟာ ဂ်ဳံယာ႐ုံေလးပဲ။ သူ လိုခ်င္သေလာက္ရႏိုင္တယ္ေလ၊ ဒါေၾကာင့္ ရႈနင္က ရက္ေရာစြာ ေပးလိုက္တယ္။

ေခ်ာင္ဟိုင္ထြက္သြားေပမယ့္ ရႈနင္ကေပါင္မုန႔္ကိုမစားခဲ့ဘူး။ သူက အိပ္ယာေပၚက ထၿပီး ဖိနပ္စီးကာ အခန္းျပင္ကို ထြက္သြားခဲ့သည္။ အန္းရီက ရႈနင္ထြက္သြားၿပီးေနာက္ စိတ္ပူဟန္ျဖင့္ ေျပာလိုက္သည္။

 " သူ စိတ္ဆိုးေနသလား မသိဘူး"

ေခ်ာင္မင္က ဂ႐ုမစိုက္ဟန္ျဖင့္ အိပ္ယာထက္ လွဲေလ်ာင္းက မ်က္လုံးမွိတ္ရင္းေျပာလိုက္သည္။

"သူ႔ကိုယ္သူ ဘာထင္လို႔ စိတ္ဆိုးရမွာလဲ...ထားလိုက္ပါ... "
 
ေက်ာက္လုံက အခုထိ တုံးအၿပီး အန္းရီရဲ႕ လုပ္ရပ္ကို မျမင္ေသးေပ။ ရႈနင္ က စိတ္ဆိုးသြားသလားမသိဘူးဆိုတာ တကယ္ စိုးရိမ္လို႔ေျပာတာ မဟုတ္ပဲ က်န္လူေတြရဲ႕ ေဒါသကို ဆြေပးတယ္ဆိုတာ နားမလည္ႏိုင္ျဖစ္ေနသည္။ ဒါေၾကာင့္ သူက ရႈနင္ဘက္ကို လိုက္ကာ ေျပာေပးလိုက္သည္။

  "ရႈနင္က အဲ့လို လူစားမ်ိဳး မဟုတ္ဘူး"

သူ႔ကိုယ္သူေက်နပ္ေရာင့္ရဲေသာ အန္းရီက  လူတိုင္းကို အ႐ူးလုပ္ကာ ရႈနင္ကို ႐ိုက္ခ်လိုက္ႏိုင္လို႔ ေက်နပ္ေနသည္။ သူက ေက်ာက္လုံး၏ ေျခေထာက္ကို လွမ္းတို႔ကာ  ေျပာလိုက္သည္။

  "မျဖစ္ဘူး။ ရႈနင္က ေနေကာင္းေသးတာ မဟုတ္ဘူး။ ငါတို႔ သူ႔ကို လိုက္ရွာသင့္တယ္"

"မင္ းဘာျဖစ္ေနတာလဲ။ ငါတို႔က ဘာေၾကာင့္ ေပ်ာ့ညံ့လွတဲ့ ပဲပင္ေပါက္လို ေကာင္ေလးနဲ႔ တခန္းတည္းက်ရတာလဲကြာ..."

ခ်န္မင္က စိတ္မၾကည္မသာျဖင့္ ေျပာလိုက္သည္။ အန္းရီလိုခ်င္တာလည္း အခု ထင္ျမင္ခ်က္ပဲျဖစ္သည္။ တခန္းလုံးက လူေတြက ရႈနင္ကို အသုံးမက်တဲ့ အေႏွာက္ယွက္တစ္ခုလို႔ ျမင္ေစခ်င္လို႔ ဒီလိုျဖစ္ေအာင္ တမင္ လုပ္ေနတာျဖစ္သည္။

"မင္း ဒီေန႔ေတာ္ေတာ္ႀကိဳးစားခဲ့တယ္၊ အဖြဲ႕ေခါင္းေဆာင္၊ မင္းအစား ငါ သူ႔ကို သြားရွာလိုက္ပါ့မယ္....  "

ေက်ာက္လုံကေစတနာနဲ႔ ေျပာကာ သူ႔ဖိနပ္ကို ၀ တ္လိုက္တယ္။ သူဟာ သူ႔ကိုယ္သူအရမ္းပင္ပန္းတယ္လို႔ခံစားခဲ့ရေပမယ့ ္ အသင္းေခါင္းေဆာင္ကို မလႊတ္ရက္လိုက္ေပ။  ဒါက လူမဆန္လြန္းရာ က်လိမ့္မယ္။ ေက်ာက္လုံက တံခါးကိုပိတ္လိုက္ၿပီး ရႈနင္ကို ရွာဖို႔ထြက္သြားသည္။

ငတုံးပဲ...

အန္းရီက ဘယ္ေတာ့မွ ရႈနင္ကို လိုက္ရွာဖို႔မရည္႐ြယ္ေပ။ ရႈနင္ ျပန္မလာရင္  ပိုေတာင္ေကာင္းေသးသည္။ ည 9 နာရီေက်ာ္ လူစစ္သည့္အခ်ိန္ မရွိရင္ နာမည္ အမွတ္ခံရလိမ့္မည္။ ဒါကို ရႈနင္ရဲ႕အမွားပဲျဖစ္သည္။

ရႈနင္ သည္ကိုးနာရီထိုးေတာ့  ျပန္ေရာက္လာခဲ့သည္။ ေခ်ာင္ဟိုင္က ရႈနင္ရဲ႕ယာဂုကို ယူလိုက္မိလို႔ အျပစ္မကင္းသလို ခံစားေနရသည္။

 " မင္း စားၿပီလား?"  

ရႈနင္က သူတို႔ေပးထားသည့္ ေပါင္မုန႔္ကို မထိေသာေၾကာင့္သာ သူက ေမးခဲ့သည္၊

"စားၿပီးၿပီ။ ကင္တင္းမပိတ္ခင္ေလး ငါ မွာစားလိုက္တာ..."

ရႈနင္က သူတို႔ကေလးကြက္ေတြကို ဟာသလို သေဘာထားကာ လက္ယမ္းျပၿပီး ေရခ်ိဳးရန္ထြက္သြားခဲ့သည္။ ဒါကိုျမင္ေတာ့ အခန္းထဲက က်န္လူေတြက ရႈနင္ကို မဆိုးဘူးဟု ထင္သြားၾကသည္။ ဒါက ဒရမ္မာဇာတ္လမ္း အေသးေလးပဲေလ။ ယာဂုေလးတစ္ခြက္နဲ႔ သူ႔ကို လူဆိုးလို႔ျမင္ေအာင္ လုပ္လို႔ရမယ္တဲ့လား။

 ဒါေပမယ့္ ေနာက္ေန႔မွာရႈနင္က ေလ့က်င့္ေလးကို မသြားေသးေပ။ အခန္းထဲက လူေတြအားလုံး ေလ့က်င့္ေရးက ျပန္လာေတာ့ အခန္းထဲမွာ ေခါက္ဆြဲေၾကာ္နံ႔ကို ရလိုက္လို႔ လူတိုင္းက ရႈနင္ကို စိုက္ၾကည့္လိုက္ၾကသည္။ ထိုအခ်ိန္တြင္ ရႈနင္က ေရခဲတုံးေလးမ်ားထည့္ထားသည့္ ေရတခြက္ကို ေအးေဆးစြာေသာက္ေနသည္ကို ေတြ႕လိုက္ရသည္။ ရႈနင္ပုံစံက အရမ္းကို သာသာယာယာျဖစ္ေနပုံရသည္။

ခ်န္မင္က ဆံပင္ထဲ လက္ထိုးကာ မလိုတမာ ေမးလိုက္သည္။

"မင္းက ဘယ္လို သူေတာ္ေကာင္း သူျမတ္ေလာင္းမို႔ ေခါက္ဆြဲေၾကာ္ကို ရခဲ့တာလဲ။ ဒါကို ကြန္မန္ဒါဆီက ထပ္ရတယ္လို႔ မေျပာလိုက္နဲ႔..."

" ငါ ဘာစားတယ္ဆိုတာ မင္းအတြက္ အရမ္းအေရးႀကီးေနလား"
"မင္း ဘာေျပာခ်င္တာလဲ..."

"ဒါဟာ ေခါက္ဆြဲေၾကာ္ပဲျဖစ္ျဖစ္၊ ဖရဲသီးပဲျဖစ္ျဖစ္၊ ဒါက မင္းအတြက္တကယ္အေရးႀကီးသလား"

တဲ့တိုးေျပာလိုက္သည့္ ရႈနင္ရဲ႕စကားေၾကာင့္ ခ်န္မင္၏မ်က္ႏွာ ရဲခနဲျဖစ္ကာ ေမးလိုက္သည္။

  " မင္း ငါ့ကိုရန္စဖို႔လုပ္ေနတာလား  "

သူတို႔ အခ်င္းခ်င္း စကားမ်ားလာေတာ့ အန္းရီက လ်င္ျမန္စြာ ၾကားဝင္ျဖန္ေျဖေပးလိုက္သည္။


  " အခု စိတ္ေအးေအးထားၾကပါ၊ ငါတို႔အားလုံး ဒီမွာ အတူတူ ေနေနတာေလ။ ဒါကို စိတ္ထဲမထားပါနဲ႔၊ သူ႔ခႏၶာကိုယ္က သိပ္မေကာင္းဘူး။ တေယာက္ေယာက္က သူ႔အတြက္ က်န္းမာေရးေကာင္းဖို႔ စားေကာင္းေသာက္ဖြယ္ပို႔တာ သဘာဝပဲေလ။    "

ရႈနင္က သူေတာ္ေကာင္း ေယာင္ေဆာင္ကာ ဝင္ေျပာလိုက္သည့္ အန္းရီကိုၾကည့္လိုက္သည္။

 " ေခါက္ဆြဲေၾကာ္နဲ႔ ဖရဲသီးက က်န္းမာေရးေကာင္းေစတဲ့ အစားစာေတြလား။ အသင္းေခါင္းေဆာင္၊ ဒါေတြက မင္းအတြက္က်န္းမာေရးအစားအစာေတြလို႔ ခံစားလို႔ရခ်င္ရမယ္။  မင္းတို႔ေကာင္ေတြ ေယာက္်ားေတြ မဟုတ္ၾကဘူးလား။ မင္းတို႔က ငါ့ကို မတိုက္ခိုက္ရဘူးဆိုရင္ ေနလို႔ထိုင္လို႔မေကာင္းၾကဘူးလို႔ ငါျမင္တယ္။ မေန႔က မင္းပဲ ငါ့ ဂ်ဳံယာဂုကို အတင္းေပးခိုင္းလိုက္တယ္။ ငါ မေပးရင္ ငါကပဲ အက်င့္မေကာင္းတဲ့ေကာင္လို ထင္ေအာင္ လုပ္ခဲ့တယ္။ မင္းက မင္းလုပ္သမွ် ငါ ဘာမွ မသိတဲ့ ငတုံးလိုမ်ား မွတ္ေနသလား။  အဲ့ဒီဂ်ဳံယာဂုထဲကို ကမာထည့္ၿပီး ခ်က္ထားရင္ေတာင္ က်န္းမာေရးအတြက္ တကယ္လိုအပ္တဲ့ဟာျဖစ္ေနလို႔လား....  "

"ရႈနင္..မင္း တဖက္သတ္ထင္ရာျမင္ရာ ေလွ်ာက္ေျပာမေနနဲ႔။ မင္းရဲ႕ဂ်ဳံယာဂုကို မင္းဖာသာ စားခ်င္ရင္စားလိုက္လို႔ရတယ္။ မင္းကို ဘယ္သူက တားေနလို႔လဲ။?"

ခ်န္မင္က ရႈနင္ကို ေျပးထိုးဖို႔ ေရွ႕ကိုအျမန္ေျပးလာခ်င္ေနေပမယ့္ အန္းရီက သူ႔ကို တားလိုက္တယ္။

  "ၿပီးေတာ့..  မင္းက ငါ့ကို မင္းရဲ႕ေပါင္မုန႔္ကို ငါ့ကို ပစ္ေပးလိုက္တယ္။"

ရႈနင္က အန္းရီကို စိုက္ၾကည့္ကာ ဆက္တိုက္ေျပာလိုက္သည္။
  "အန္းရီ...မေန႔က အျဖစ္ကို မင္းပဲ အစလုပ္ခဲ့တာ။ မင္းဘယ္လိုလုပ္လုပ္ သူက ငါ့ကို ထိခိုက္ေအာင္ လုပ္ႏိုင္မွာ မဟုတ္ဘူး"

 အန္းရီက အခုထိ သူေတာ္ေကာင္းဟန္ေဆာင္ကာ ေျပာလိုက္ေသးသည္။

  - "ရႈနင္...မင္း ဘာေတြေျပာေနတာလဲ... "

" ဟုတ္တယ္၊ မွန္ပါတယ္၊ အဖြဲ႕ေခါင္းေဆာင္က  အေကာင္းဆုံးႀကိဳးစားခဲ့တာကို ငါတို႔အားလုံးရွင္းရွင္းလင္းလင္းျမင္ႏိုင္တယ္"  

အျခားသူမ်ားကတညီတၫြတ္တည္းေအာ္ဟစ္လိုက္ၾကသည္။

ရႈနင္ကသူ၏ပစၥည္းမ်ားကိုဆက္လက္သိမ္ရင္းၿပီး သူကပုံမွန္အတိုင္း စိတ္မခ်မ္းမသာမျဖစ္ပဲ သက္ေတာင္းသက္သာရွိေနဆဲျဖစ္သည္။

" မင္းတို႔ေတြ ငါ့ေနာက္ကြယ္မွာ ငါနဲ႔ပတ္သက္ၿပီး  ေျပာေနတာကို ငါမသိဘူး ထင္ေနလား၊ ငါ့ကို ေနမေကာင္းအပင္ေပါက္လို႔ေခၚတာက ေကာင္းတဲ့အရာေပါ့ေလ..ဟုတ္လား။ တပ္မႈးနဲ႔ စစ္သားေတြက ငါ ေနမေကာင္းလို႔ ငါ့ကိုလာေတြ႕တယ္။ သင္တန္းနည္းျပဆရာလည္း ငါ့ကို လူနာလာေမးတဲ့အတြက္ မင္းတို႔ အခန္းေဖာ္အားလုံးက ငါ့ကို ဒီမွာ ဆက္ေနလို႔မရေအာင္ ဖိအားေပးေနၾကတယ္။ ဒါေၾကာင့္ ဒီမွာ ငါ ဆက္ေနလို႔ မရေတာ့ဘူး။ ငါ တျခားကို သြားေတာ့မယ္။ ဒါေၾကာင့္ ႏူတ္ဆက္လိုက္ပါတယ္"
 

"စိတ္မဆိုးပါနဲ႔ ...ရႈနင္... မင္း ဘယ္သြားႏိုင္မွာ မို႔လဲ"

အန္းရီသည္လူေကာင္းတစ္ေယာက္အျဖစ္ ဆက္လက္ ဟန္ေဆာင္ ေနဆဲျဖစ္သည္။

ရႈနင္က တံခါးကိုလမ္းေလွ်ာက္လာခဲ့ၿပီး သူကေအးေဆးစြာျပန္ၾကည့္ကာ ေျပာလိုက္သည္။

"ဒီအသင္းက အသင္းအားလုံးထဲက အဆိုးဆုံးပဲ။ မင္းက မင္းနာမည္ကို ေသခ်ာခိုင္မာေအာင္ မလုပ္ရေသးဘူး။ မင္းကိုယ္ကို ဂ႐ုစိုက္ပါ"

ရႈနင္ဆိုလိုသည့္ စကားကို နားလည္လိုက္လို႔ အန္းရီ၏မ်က္ႏွာထက္တြင္ စိတ္ပူသည့္ အမူယာေပၚလာခဲ့သည္။ စစ္ေရးေလ့က်င့္သည့္ေနရာတြင္ အသင္းလိုက္ လုပ္ေဆာင္ခ်က္ ညံ့ဖ်င္းရင္ ေခါင္းေဆာင္ရဲ႕ဦးေဆာင္မႈ ညံ့ဖ်င္းတယ္ဆိုတာ ေဖာ္ျပၿပီး အသင္းရဲ႕ေနာက္ဆုံး ရလဒ္ကိုထိခိုက္ႏိုင္သည္။ ဒီဟာက ေက်ာင္းမွာ အတန္းေခါင္းေဆာင္ေ႐ြးရာတြင္ ထိခိုက္လာႏိုင္သည္။ ဒါေပမယ့္ ေလာေလာဆယ္ အန္းရီကို ေက်ာ္ႏိုင္မယ့္လူ မရွိေသးေပ။
ရႈနင္က သင္တန္းက တပ္မႈးကို သြားႏူတ္ဆက္ကာ ထြက္ခြာသြားသည္။ သို႔ေသာ္တပ္မႉးကိုယ္တိုင္က သူ႔ကို လိုက္ပို႔ေပးရန္ ကမ္းလွမ္းလိမ့္မည္ဟု သူ မေမွ်ာ္လင့္ထားခဲ့ပါ။ ဒါေပမယ့္ ရႈွုနင္ကို လာႀကိဳသည့္ကားက သင္တန္းအျပင္ဘက္တြင္ ေစာင့္ေနသည္ျဖစ္လို႔ ျငင္းဆန္ခဲ့သည္။

ရႈဟိန္က တပ္မႈးကို အကူညီေတာင္းခဲ့တာျဖစ္လို႔ တပ္မႈးက သူ႔မိသားစုေနာက္ခံကို သိေနတာ မဆန္းေပ။ ရႈနင္က လာႀကိဳသည့္ ခ်င္းမင္၏ကားျဖင့္ ဗီးလာကို ျပန္လာခဲ့သည္။ အိမ္ကိုေရာက္ေတာ့ ေရအရင္ခ်ိဳးပစ္လိုက္ရသည္။ ႐ိုက္ကူးေရးလုပ္ငန္းက အရမ္းအေရးမႀကီးေပ။

ခ်င္းမင္က ဒါကို ေသခ်ာစီမံအုပ္ခ်ဳပ္ေနလို႔ ရႈနင္ ပူစရာမလိုေပ။ ေလာေလာဆယ္ သူက ေရေႏြးကန္ထဲ စိမ္ကာ ခ်ိဳးရင္း ဝိုင္ေသာက္ေနသည္။ သူ႔ေရွ႕တြင္ ရႈဟိန္ေရာက္လာသလို စိတ္ကူးယဥ္လိုက္ၿပီး ႏူတ္ခမ္းေထာင့္ ေကာ့တက္ကာ ၿပဳံးလိုက္မိသည္။ ေရခ်ိဳးၿပီးေနာက္ ရႈနင္က ႏွစ္ၿခိဳက္စြာ အိပ္ေမာက်သြားခဲ့သည္။

ေနာက္ႏွစ္ရက္ေနရင္ ေက်ာင္းဖြင့္ေတာ့မည္ျဖစ္လို႔ အေဖရဲ႕မိတ္ေဆြဆီကို လက္ေဆာင္ေတြနဲ႔ သြားေတြ႕ရဦးမည္။  ဒါေၾကာင့္ သူက ေနာက္တေန႔ ေန႔လည္ခင္းမွာ လက္ေဆာင္ေတြမပို႔ခင္သူ႔ဆီကို ပထမဆုံးႏႈတ္ခြန္းဆက္စကားေျပာခဲ့တယ္။

ဦး ေလးမႏွင့္အန္တီတို႔ ႏွစ္ ဦး စလုံးသည္အလြန္စိတ္သေဘာေကာင္းၾကသူမ်ားျဖစ္သည္။ သူတို႔က ရႈနင္ ကို ထိုင္ဖို႔ဖိတ္ေခၚၿပီး သူတို႔သားနဲ႔သမီးကိုေတာင္မိတ္ဆက္ေပး ခဲ့တယ္။ လူတိုင္း စကားေျပာရတာ အဆင္ေျပတဲ့အတြက္ ေပ်ာ္႐ႊင္စြာ ရွိေနၾကသည္။

ထိုအိမ္မွ ထြက္ခြာၿပီးေနာက္ ရႈနင္က ရႈဟိန္ကို ခ်က္ခ်င္းဖုန္းေခၚခဲ့သည္။ သူက အကိုႀကီးကိုအရမ္းလြမ္းခဲ့တယ္၊ ရႈဟိန္ အတြက္လည္းအလားတူပဲ၊ ေနာက္တစ္နာရီေလာက္ၾကာတဲ့အထိ သူတို႔စကားေျပာခဲ့ၾကတယ္။ ရႈခ်ိန္က  ရႈနင္ဖုန္းဆက္လာသည္ကို သိလို႔ သူ႔သားႀကီးလက္ထဲက ဖုန္းကို လွမ္းယူကာ မေက်မနပ္ၾကည့္ေနသည္ကို လ်စ္လ်ဴရႈကာ နင္နင္ႏွင့္ နာရီဝက္ေလာက္ စကားေျပာေနခဲ့သည္။
 
ေပ်ာ္စရာအခ်ိန္ေတြက အကုန္ျမန္ၿပီး ေက်ာင္းဖြင့္ခ်ိန္ေရာက္လာေလၿပီ။ ခ်င္းမင္က လုပ္ထုံးလုပ္နည္းေတြအားလုံးကို ကိုင္တြယ္ခဲ့ၿပီး သူကခြင့္ယူဖို႔ေတာင္းဆိုခဲ့ၿပီးျဖစ္ေပမယ့္ ရႈနင္ ဟာ  ထင္ရွားသူျဖစ္လို႔  သူ ခြင့္မယူခင္ ေက်ာင္းက ႀကိဳဆိုပြဲကို သြားတက္ကာ ဆရာေတြကို သြားေတြ႕ရဦးမည္။ မဟုတ္ရင္ စာေမးပြဲလာေျဖခ်ိန္မွာ ဆရာေတြက သူ႔ကို မမွတ္မိပဲ  အတန္းမွားထဲဝင္ခဲ့လားလို႔ ေမးလာႏိုင္သည္။  囧  o(╯□╰)o

ေက်ာင္းက ႀကိဳဆိုပြဲတြင္  လူေတြအမ်ားအျပားရွိေနခဲ့သည္

 L စီးတီးရွိ အေကာင္းဆုံး အႏုပညာေက်ာင္းျဖစ္သည္ႏွင့္အညီ ေက်ာင္းဝင္းထဲတြင္  အသားအေရေကာင္းၿပီး ေခ်ာေမာလွပသည့္ လူငယ္ေလးမ်ား၊ မိန္းကေလးမ်ား ပုံေနေအာင္ ရွိေနသည္။ ေခ်ာေမာလွပသည့္ လူငယ္ေလးေတြက မိုးေကာင္းကင္ထက္က ၾကယ္ေတြလို မ်ားျပားစြာ ေတာက္ပလို႔ေနသည္။ ရႈနင္က မ်က္လုံးကို ေမွးစင္းၿပီး ၾကည့္လိုက္စဥ္ သူ႔ဖုန္းကေန စာတိုဝင္လာခဲ့သည္။

  တကယ္ကို ရႈဟိန္က သူ႔ဆီကို ပို႔လိုက္တာပဲ။

ရႈဟိန္  ̄ へ ̄ - "ငါ သဝန္တိုတယ္။  မင္းကေယာက္်ားေလးေတြနဲ႔ မိန္းကေလးေတြကိုၾကည့္ရတာ ႀကိဳက္တယ္ဆိုတာ အေစာပိုင္းကသိခဲ့ရင္ မင္းအႏုပညာသင္တန္းတက္တာကို  ငါ ခြင့္ျပဳမွာ မဟုတ္ဘူး။

ရႈနင္က မ်က္ခုံးပင့္လိုက္သည္။
 
"မတုံးပါနဲ႔..ကြၽန္ေတာ္က ေကာင္ေလး၊ ေကာင္မေလးေတြကို ၾကည့္ေနတာ မဟုတ္ဘူး။ စာသင္ခန္းကို လိုက္ရွာေနတာပါ"

ရႈဟိန္သည္ 'o... o .... o ... o ... o ' မ်ားျဖင့္ စာျပန္ပို႔လာၿပီး ရႈနင္က ၿပဳံးေနသည့္႐ုပ္ေျပာင္ေလးကို ျပန္ပို႔ကာ ၿပဳံးလိုက္မိသည္။

အကိုႀကီးက တကယ့္ကို   ႀကီးမားတဲ့ ရွလကာရည္ပုံးပဲ။  သူ အလြယ္တကူ သေဘာတူလိုက္သည္မွာ အံ့ၾသစရာမဟုတ္ပါ၊ သူ႔ကိုေစာင့္ၾကည့္ဖို႔ လူေတြကို ႀကိဳတင္လႊတ္ထားၿပီးၿပီကိုး။ ရႈနင္က အကိုႀကီးလုပ္ရပ္ကို စိတ္မဆိုးပဲ ခ်ိဳၿမိန္စြာ ခံစားလိုက္ရသည္။

ရႈနင္က သူတက္ရမယ့္ အခန္းကိုေရာက္ေတာ့ အခန္းထဲမွာ အန္းရီ၊ ေခ်ာင္ဟိုင္၊ ခ်န္မင္၊ ေက်ာက္လုံႏွင့္ အျခားလူမ်ား ႀကိဳေရာက္ကာ ထိုင္ေနၾကသည္။ အန္းရီက သူ႔ကိုျမင္ေတာ့ ထိုင္ရာက ထလာၿပီး ဟန္ေဆာင္ပန္ေဆာင္ေမးလိုက္သည္။

  "အိုး ရႈနင္..မင္းေရာက္လာၿပီပဲ။ ေနေကာင္းသြားၿပီလား...."

 သူက မင္းကိုၿပဳံးျပ႐ုံႏွင့္ မင္းကို မ႐ိုက္ဘူးလို႔ ထင္ေနတာလား။ ရႈနင္က အန္းရီကို ႐ိုက္ရမည္ကိုပင္ ပ်င္းေနသည္။
  "ငါတို႔အသင္းရဲ႕ ရလဒ္ေတြက ဘယ္လိုလဲ"

အန္းရီ ၏မ်က္လုံးမ်ားထဲတြင္ သဘာဝမက်သည့္ အရိပ္ေယာင္ေပၚလာသည္။ သူ႔အၿပဳံးလည္း ေတာင့္ခဲသြားခဲ့သည္။

 " ငါ သိၿပီ"
ရလဒ္က ဘာလဲဆိုတာ ရႈနင္ နားလည္လိုက္သည္။
 
ခ်န္မင္က မလိုတမာဝင္ေျပာခဲ့သည္။

" ေနမေကာင္းတဲ့ပဲပင္ေပါက္ေလးက ငါတို႔ အသင္းကို ဆြဲခ်သြားခဲ့တာပဲေလ။ လူမစုံတဲ့အတြက္ ငါတို႔က သူမ်ားနဲ႔ ဘယ္လို ယွဥ္ႏိုင္မွာလဲ....  "  

႐ုတ္တရက္ မ်က္လုံးႀကီးႀကီးႏွင့္ မိန္းကေလးက ဝင္ေျပာခဲ့သည္။

 "အမွတ္က မပါဝင္တဲ့သူကို ထည့္မတြက္ဘူး။ ရတဲ့အမွတ္ကို ပါဝင္သူအေရတြက္နဲ႔စားၿပီး ပ်မ္းမွ်ပဲ ယူတာေလ။ ဒါ့အျပင္ သူက ေနလို႔မွမေကာင္းတာ။ နင္က ဘယ္လို ေျပာရက္တာလဲ"

  ရႈနင္က တိတ္ဆိတ္စြာၿပဳံးလိုက္သည္။ ယခုၾကည့္လိုက္ေတာ့ ဘယ္သူက အေရးမပါတဲ့ေကာင္လဲဆိုတာ ထင္ရွားလာတာပဲေလ။ သူတို႔က ရလဒ္မေကာင္းသည့္အတြက္ ရႈနင္ကို အျပစ္ဖို႔ခ်င္ေပမယ့္ ဒီလိုလုပ္လို႔မရျဖစ္ေနသည္။
  သူ၏အဖြဲ႕သည္ က်န္အဖြဲကေတြရဲ႕ ေအာက္ေျခတြင္ရွိခဲ့သည့္အတြက္ ေခါင္းေဆာင္သည္ အျခား အဖြဲ႕ေခါင္းေဆာင္မ်ားႏွင့္ လက္ရည္တူ မယွဥ္ႏိုင္တာ   ထင္ရွားလာသည့္အျပင္  ဦး ေဆာင္ႏိုင္စြမ္းမွာ အားနည္းျခင္း၊ ညႇိႏႈိင္းေဆာင္႐ြက္မႈ ညံ့ဖ်င္းျခင္းႏွင့္အသင္း၏စိတ္ႏွလုံးသည္ညီၫြတ္မႈမရွိျခင္းေၾကာင့္ ယခု အန္းရီ ဦးေဆာင္သည့္အဖြဲ႕က ဘိတ္ခ်ီးရခဲ့တာျဖစ္သည္။

အန္းရီက အစကတည္းက သူ႔တစ္ေယာက္တည္း ထင္ေပၚခ်င္ၿပီး က်န္အဖြဲ႕သားေတြကို ထည့္သြင္းစဥ္းစားတာ မလုပ္ခဲ့ေပ။
  အခန္းထဲကို ဆရာဝင္ေရာက္လာၿပီ။ လူတိုင္းက ကိုယ့္ကိုယ္ကိုမိတ္ဆက္ၾကတယ္။ အတန္းထဲက ေလထုက အရမ္းေကာင္းတယ္။ အတန္းေခါင္းေဆာင္ေတြေ႐ြးခ်ယ္ဖို႔အခ်ိန္ေရာက္လာေတာ့ အန္းရီက ထရပ္ကာ ဦးၫြတ္ၿပီး သူ႔ဖာသာ အဆိုတင္သြင္း လိုက္သည္။

ပြဲက အခုမွ စမွာေလ။ ရႈနင္ရဲ႕မ်က္လုံးေတြ တျဖတ္ျဖတ္လက္လာသည္။

မင္းက အတန္းေခါင္းေဆာင္ျဖစ္ခ်င္တာလား..ဟမ္....  

**-**














ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now