Chapter (31) - "႐ႈနင္ေနရာမွာ ဘယ္သူ႔ကိုမွ အစားမထုိးဘူး.."(Z+U)

24.8K 3.7K 45
                                    

Chapter (31) – "႐ႈနင္ေနရာမွာ ဘယ္သူ႔ကိုမွ အစားမထုိးဘူး.."

ဘုရားေရ.. ငါ ဒါကို ဘယ္လိုဆက္လုပ္ရမွာပါလိမ့္..

ခ်င္ယြိက်ိဳး၏ႏွလံုးသားက စိတ္ပ်က္ျခင္းတို႔ ျပည့္လွ်ံလာသည္။ ဒီ ႐ႈနင္ဆိုတဲ့ကေလးက ေကာင္းကြက္ထက္ ျပႆနာပိုရွာပါလား.. ငါ့ေဘးမွာေနရင္ ေကာင္းပါလ်က္နဲ႔ အခုေတာ့...။

ခ်င္ယြိက်ိဳးသည္ ေဒါသထြက္လာေပမယ့္ လူျမင္ကြင္းမွာ သူေဌးကေတာ္ဆိုသည့္ သူမ၏ပံုရိပ္ ပ်က္သြားမည္စိုးေသာေၾကာင့္ စိတ္ကို အတတ္ႏိုင္ဆံုးေလွ်ာ့ကာ ႐ႈနင္ကိုေျပာလိုက္သည္။

"သား.. ဗိုက္နာေနတာလား.. ခဏေလာက္ေအာင့္လိုက္ပါဦးကြယ္.. ဒီေန႔က အေရးႀကီးတဲ့ေန႔ေလ.. တစ္ၿမိဳ႕လံုးက အေရးႀကီးတဲ့လူေတြအားလံုး ဒီမွာစုေဝးေနၾကတာ.. မင္းက အရည္အခ်င္းရွိတဲ့ ႐ႈအိမ္ေတာ္ကသားဆိုတာ လူေတြသတိထားမိေအာင္ လုပ္ျပရမယ္ေလ.. မင္းနဲ႔ပတ္သက္ၿပီး အေကာင္းျမင္လာေအာင္၊ သူတို႔စိတ္ထဲစြဲသြားေအာင္ ႀကိဳးစားရမယ္ေလ.. ဒါေတြက သားရဲ့အနာဂတ္ တိုးတက္ဖို႔ အေျခခံအုတ္ျမစ္ေတြျဖစ္လို႔ အရမ္းအေရးႀကီးတယ္.. အေမက သားကို ဂ႐ုမစိုက္လို႔မဟုတ္ပါဘူးကြယ္.. အေမလုပ္သမွ်က သားေကာင္းဖို႔အတြက္ခ်ည္းပါပဲ.."

"ေကာင္းပါၿပီ.."

႐ႈနင္က မ်က္ေမွာင္တြန္႔ကာ စိတ္ကိုတင္းၿပီး ေျဖလိုက္သည္။ သူ႔ပံုစံက တကယ့္ကို မသက္မသာျဖစ္ေနပံုရသည္။

ခ်င္ယြိက်ိဳးက ႐ႈနင္ကိုတြဲထူလိုက္စဥ္ ႐ႈနင္က ခ်က္ခ်င္းျပန္ထိုင္ခ်လိုက္ၿပီး သူ႔ႏႈတ္ခမ္းက ျဖဴေရာ္ေနသည္။ ၾကည့္ရတာ ဒီကေလးက တကယ္ေနမေကာင္းျဖစ္ေနတာထင္တယ္..။ ငါတို႔ အိမ္ကို ေစာျပန္ရေတာ့မွာလား..။ ဒီကေနထြက္သြားရင္ အခြင့္ေကာင္းေတြ လက္လႊတ္ရေတာ့မယ္။

ခ်င္ယြိက်ိဳး၏ေခါင္းထဲ တြက္ခ်က္လို႔ေနသည္။ ႐ႈအိမ္ေတာ္မွာ သူ႔သားက သူ႔ထက္အဆင့္ပိုျမင့္သည္။ ေယာကၡမႀကီး႐ႈေကာင္းက ႐ႈနင္ကို ဂ႐ုစိုက္ေသာေၾကာင့္ သူတို႔ဆက္ေနလို႔ ႐ႈနင္တစ္ခုခုျဖစ္သြားလွ်င္......။ သူတုိ႔ ဒီမွာ ဆက္ေနလို႔မျဖစ္ရင္ေတာ့ နည္းနည္း ဆူဆူညံညံေလး လုပ္လိုက္မွျဖစ္မည္။

"အသည္းေလး.. အေမ မင္းအေဖကိုလိုက္ရွာၿပီး လာၾကည့္ခိုင္းလိုက္မယ္ေလေနာ္.. ခဏေစာင့္ဦး.."

ထင္ထားသည့္အတိုင္း ခ်င္ယြိက်ိဳးက အေဖ့ဆီကမ်က္ႏွာသာရဖို႔ သူ႔ကိုအသံုးခ်ဖို႔ ႀကိဳးစားေနၿပီ။

"ဟင့္အင္း.. အေဖ့ကိုသြားမေခၚပါနဲ႔.. အေဖက ေျမကိစၥနဲ႔ အေရးႀကီးတဲ့သူေတြနဲ႔ ေဆြးေႏြးေနၾကတာ.. ကၽြန္ေတာ့္ေၾကာင့္ သူ႔ကို သြားမေႏွာင့္ယွက္ပါနဲ႔.."

"ဒါေပမယ့္..."

"ကၽြန္ေတာ္သက္သာသြားမွာပါ.. ခဏေနရင္ ေဟာ္ရန္က ကၽြန္ေတာ့္ကိုလာရွာလိမ့္မယ္.. အခြင့္ေကာင္းေတြ ဆံုး႐ံႈးလို႔မျဖစ္ဘူး အေမ.. ၿပီးေတာ့ ဒီမွာ ႐ႈဟိန္ရွိေနတယ္ေလ.. သူမျပန္ရင္ ကၽြန္ေတာ္ ျပန္လို႔မျဖစ္ဘူး.."

ဒါမွန္တယ္.. တကယ္လို႔ ငါတို႔သားအမိျပန္သြားရင္ ႐ႈခ်ိန္က သူ႔သားႀကီးကို ခ်က္ခ်င္းအနားေခၚၿပီး အေရးႀကီးပုဂၢိဳလ္ေတြနဲ႔ မိတ္ဆက္ေပးလိမ့္မည္။ ေဟာ္ရန္ႏွင့္ ႐ႈဟိန္ ရင္းႏွီးသြားၿပီး အခြင့္ေကာင္းရသြားမွာကို ခ်င္ယြိက်ိဳး လံုးဝလက္မခံႏိုင္ေပ။ ခ်င္ယြိက်ိဳးက သူမသားကို စိတ္ပူဟန္ၾကည့္ကာ ညင္သာစြာေျပာလိုက္သည္။

"ဒါဆို ေကာင္းၿပီေလ.. သားက အေမႀကိဳးစားေပးသမွ်ကို သေဘာေပါက္တယ္ဆိုေတာ့ အေမလုပ္တာ အလကားမျဖစ္ေတာ့ဘူးေပါ့.. သား တကယ္လို႔ ေတာင့္မခံႏိုင္ေတာ့ရင္ စားပြဲထိုးကိုလႊတ္ၿပီး အေမ့ကိုေခၚခိုင္းလိုက္ေနာ္.. ၾကားလား.."

"အြန္း.."

"ေတာ္တယ္.. သားရဲ့ခႏၶာကိုယ္ကို သား တန္ဖိုးထားရမယ္.. အရမ္းႀကီးေတာင့္မခံနဲ႔ ၾကားလား.. သားအေဖကို အေမ တစ္ေယာက္တည္းပစ္ထားလို႔မရဘူး၊ သြားကူၿပီး ဧည့္သည္ေတြကို စကားေျပာလိုက္ဦးမယ္.. ေနာက္တစ္နာရီေလာက္ေတာ့ ခဏသည္းခံလိုက္ဦးေနာ္ သားေလး.."

ခ်င္ယြိက်ိဳးက ႐ႈနင္၏လက္ကို ဖ်စ္ညွစ္ကာ မွာၾကားၿပီး လင္ေတာ္ေမာင္ရွိရာကို ေက်ာ့ရွင္းစြာထြက္သြားေတာ့သည္။ ခ်င္ယြိက်ိဳးက က်က္သေရရွိသည့္ ၾကင္နာသိမ္ေမြ႕ေသာအၿပံဳးကို ဆင္ျမန္းကာ သူေဌးကေတာ္မ်ားၾကား ေရာက္လာသည္။ သူေဌးကေတာ္မ်ားက ေလဆာေရာင္ျခည္လိုအၾကည့္မ်ားျဖင့္ စုန္႔စုန္႔ေလးပူေနေသာ ခ်င္ယြိက်ိဳး၏ဝမ္းဗိုက္ကို အကဲခတ္လိုက္ၾကသည္။ ခ်င္ယြိက်ိဳး၏စကဒ္က အရမ္းမက်ပ္သည့္အျပင္ ၾကည့္ရတာ ေဖာင္းေနသလိုပဲ..။ ဒါ.. ဧကႏၱ...။

အကဲခတ္ေသာအၾကည့္မ်ားႏွင့္ သူမတို႔က ဖြင့္ဟေမးလိုက္သည္။

"မစၥ႐ႈ.. ရွင္..."

ခ်င္ယြိက်ိဳးက ရွက္ၿပံဳးေလးႏွင့္ သူမဝမ္းဗိုက္ကို အသာေလးထိကာ ေတာက္ပစြာေျပာလိုက္သည္။

"ေလးလရွိေနပါၿပီ.."

"အို.. ဘုရားေရ.."

"ဂုဏ္ယူပါတယ္.."

"ကံေကာင္းလိုက္တာ.. ရွင္ ဒီထက္မ်ားမ်ား ဂ႐ုစိုက္ေပါ့ရွင္.."

သူေဌးကေတာ္မ်ား၏ ဂုဏ္ျပဳစကားမ်ားက စိတ္ရင္းကလာတာမဟုတ္ေပမယ့္ ခ်င္ယြိက်ိဳး ေပ်ာ္ေနသည္။

႐ႈေယာင္ေရ.. သားေလး ၾကားရဲ့လား.. ေမေမ့ရဲ့ ကံေကာင္းတဲ့သားေလး.. မင္းကမွ ေမေမ့သားအစစ္ပဲ..။ မင္းရွိေနလို႔ ေမေမ့အဆင့္အတန္းက တက္လာတာ သိရဲ့လား..။ မင္းေမြးလာရင္ မင္းအေဖနဲ႔ အဖိုးက မင္းကို အေမြဆက္ခံသူလို ေသခ်ာခ်စ္ၿပီး ပ်ိဳးေထာင္ေပးၾကလိမ့္မယ္..။ ဘယ္သူမွ အေမ့ကို မေစာ္ကားရဲၾကေတာ့ဘူး သားေလးရဲ့..။

႐ႈနင္နဲ႔႐ႈေယာင္က သူမသားေတြဆိုေပမယ့္ ႐ႈနင္က တကယ့္ကိုေပ်ာ့ညံ့ၿပီး အသံုးမက်ေပ။

ဝရံတာတြင္ ႐ႈနင္က ေလညွင္းခံရင္း ႐ႈဟိန္က ဘယ္ကေနေပၚလာမွန္းမသိ ေနာက္ကေရာက္လာၿပီး သူ၏ရွည္သြယ္ကာ သန္မာေသာလက္တစ္စံုျဖင့္ ႐ႈနင္၏ေဘးႏွစ္ဖက္ ဝရံတာလက္ရန္းကို ေထာက္ကာ ႐ႈနင္ကို လက္ေမာင္းၾကားထဲ ခ်ဳပ္ထားလိုက္သည္။ ႐ႈနင္၏ေနာက္ေက်ာႏွင့္ ႐ႈဟိန္၏ရင္ဘတ္တို႔က ကပ္ေနၿပီး တစ္ဦးအပူေငြ႕ကို တစ္ဦး ရလို႔ေနသည္။ ရင္းႏွီးေသာ ကိုယ္သင္းနံ႔၊ ရင္းႏွီးေသာ အထိအေတြ႕၊ ရင္းႏွီးေသာ ခံစားခ်က္...

႐ႈနင္က အစ္ကိုႀကီး၏ရင္ခြင္ထဲ မွီလိုက္ၿပီး လံုၿခံဳေႏြးေထြးေသာခံစားခ်က္က တစ္ကိုယ္လံုးကို လႊမ္းၿခံဳသြားေတာ့သည္။ ေမာပန္းေနသည္တုိ႔ေပ်ာက္ကြယ္သြားၿပီး သူ႔မွာ ငိုက္ျမည္းခ်င္လာေတာ့သည္။ အစ္ကိုႀကီးဆီက ထုတ္လႊတ္ေသာအေငြ႕အသက္က သူ႔ကိုလံုၿခံဳမႈေပးႏိုင္ေသာေၾကာင့္ သူ စိတ္ခ်လက္ခ်ျဖစ္ကာ ခုလိုျဖစ္သည္ကို ႐ႈနင္ ေကာင္းစြာသေဘာေပါက္သည္။ သူတို႔ႏွစ္ဦးက စကားမေျပာဘဲ ၿငိမ္ၿပီး ပူးကပ္ကာ ရပ္ေနၾကသည္။ ႐ႈနင္က လေရာင္ကို စြဲလန္းစြာေငးစုိက္ၾကည့္ေနသလို ႐ႈဟိန္က ႐ႈနင္ကို စြဲလန္းစြာ ငံု႔ၾကည့္ေနမိသည္။

တကယ္ေတာ့ အစ္ကိုႀကီး သူ႔ေဘးကိုေရာက္မလာခင္က ဝရံတာမွာရပ္ၿပီး သူ႔အေမ၏ပရိယာယ္မ်ားသည့္အေၾကာင္းကို ႐ႈနင္ စဥ္းစားေနမိသည္။ ခ်င္ယြိက်ိဳး သူ႔ကိုေျပာသည့္စကားမ်ားက ျပည့္စံုလွၿပီး သားကိုအရမ္းခ်စ္၊ အရမ္းဂ႐ုစုိက္သည့္ မိခင္တစ္ေယာက္ပံုရိပ္ကို ေဖာ္က်ဴးႏိုင္ခဲ့သည္။ ဒါေၾကာင့္ အရင္ဘဝတုန္းက ႐ႈနင္က သူ႔အေမ၏ေမတၱာကိုယံုၾကည္ကာ မ်က္စိစံုမွိတ္ၿပီး သူ႔အေမခိုင္းသမွ် အားလံုးလုပ္ေပးခဲ့သည္။ ေထာင္ထဲဝင္ရစဥ္ကပင္ မ်က္ႏွာတစ္ခ်က္မွမပ်က္ဘဲ သူပိုင္ဆိုင္သမွ်ကို အေမနဲ႔ညီေလးကို ေပးခဲ့သည္။ သူေသခါနီးမွ သူ႔အေမက သူ႔ကိုအသံုးခ်ကာ ေထာင္ထဲပစ္ထည့္ခဲ့သည္ကို သိခဲ့ရသည္။ တစ္ဘဝလံုး သူယံုခဲ့ေသာမိခင္ေမတၱာက သူ႔ကိုေသတြင္းပို႔ဖို႔ စနစ္တက် လိမ္ညာခဲ့တာေတြခ်ည္းျဖစ္သည္။

တကယ္ဆို အေမရင္းတစ္ေယာက္အေနနဲ႔ အေမက သူ႔အသက္ေသေအာင္ေတာ့ မလုပ္သင့္ဘူးမဟုတ္လား။ တျခားသူက လုပ္တယ္ဆို ထားပါေတာ့.. အခုေတာ့ သူ႔အေမရင္းက သူ႔ကို ေသတြင္းပို႔ခဲ့တာတဲ့လား..။

ဒီဘဝမွာေတာ့ ခ်င္ယြိက်ိဳးက ခ်စ္ခင္ၾကင္နာေၾကာင္း ဘယ္ေလာက္ေျပာေျပာ ႐ႈနင္အတြက္ ဟာသစကားလိုပဲ ခံစားရသည္။ သူမ၏ဂ႐ုစိုက္မႈအားလံုးက စနစ္တက် တြက္ခ်က္ထားတာျဖစ္သည္။ သူမအတြက္ အက်ိဳးေဆာင္ေပးဖို႔၊ လမ္းခင္းေပးဖို႔၊ သူမ၏ေအာင္ျမင္မႈအတြက္ ေလွကားထစ္အျဖစ္ အသံုးေတာ္ခံေပးဖို႔ သူမက တြက္ခ်က္ၿပီး ဂ႐ုစိုက္ေပးခဲ့သည္။ ဒါလည္းေကာင္းတာပါပဲေလ..။

႐ႈေယာင္ကိုသာ ကိုယ္ဝန္မရွိခဲ့လွ်င္ ႐ႈခ်ိန္ႏွင့္သူမ၏ဆက္ဆံေရးက တိုးတက္လာမည္မဟုတ္ေပ။ ဒါဆိုလွ်င္ ေတာရြာမွာပစ္ထားခဲ့သည့္ ႐ႈနင္ဆိုသည့္သူကို ခ်င္ယြိက်ိဳးက လွည့္ၾကည့္မွာမဟုတ္သလို သူ႔ဘဝကလည္း ဟိုးေအာက္ေျခ ေက်းလက္ေတာရြာမွာပဲ ႀကီးျပင္းလာရမည္။ ခ်င္ယြိက်ိဳး၏ႏွလံုးသားက ေငြကလြဲၿပီး ဘာကိုမွအေလးမထားသည့္ ေမတၱာတရားကင္းမဲ့ေသာလူ ျဖစ္ေနတာၾကာၿပီ။ သူမက ကယ္တင္လို႔မရေအာင္ကို ပ်က္စီးလို႔ေနၿပီ။

အခုက July ျဖစ္ၿပီး ရာသီဥတုက မပူလြန္း၊ မေအးလြန္းဘဲ ေနလို႔ေကာင္းလွသည္။ ဒါေပမယ့္ အျပင္ဘက္မွာ တုိက္သည့္ေလက နည္းနည္းေအးျမေနသည္။ လူေတြေျပာသည့္ ေအးခ်မ္းမႈဆိုတာ ဒါကိုဆိုလိုတာထင္ပါရဲ့..။

႐ႈဟိန္က ဒီလို ႐ႈနင္ကိုေထြးေပြ႕ထားရင္း ေပ်ာ္ရႊင္ၾကည္ႏူးေနစဥ္ ႐ႈခ်ိန္ဆီက စာဝင္လာသည္။ နာရီဝက္ေတာင္ၾကာသြားၿပီပဲ။ ႐ႈဟိန္၏မ်က္ဝန္းမ်ားက အလိုမက်ရိပ္တို႔ ယွက္သန္းသြားသည္။

"သြားဖို႔အခ်ိန္က်ၿပီ.."

"အြန္း.."

"ဗိုက္နာေနတုန္းပဲလား.."

"ဗိုက္နာတာ တမင္ဆင္ေျခေပးလိုက္တာပါ.. အေမ့နားမွာ မေနခ်င္လို႔ ေျပာလိုက္တာ.. အေမ့နားမွာေနရတာ စိတ္႐ႈပ္ဖို႔ေကာင္းတယ္.."

တကယ္လို႔ ႐ႈနင္သာ တကယ္တစ္ခုခုျဖစ္ရင္ ႐ႈဟိန္က ခုလိုေအးေဆးစြာ ရွိေနမည္မဟုတ္ေပ။

"မင္း ပင္ပန္းေနၿပီလား.. အစ္ကိုႀကီး မင္းကို ေပြ႕သြားေပးရမလား.."

အစ္ကိုႀကီးက ဒီည ထူးထူးျခားျခား ႏူးညံ့လို႔ေနပါလား..

႐ႈနင္က ေမာ့အၾကည့္၊ ႐ႈဟိန္က ငံု႔အၾကည့္ တိုက္ဆိုင္သြားၿပီး ႐ႈဟိန္၏ေမးေစ့ႏွင့္ ႐ႈနင္၏နဖူးတုိ႔ ထိသြားခဲ့သည္။ ႐ႈဟိန္၏ကိုယ္က ေတာင့္ခနဲျဖစ္သြားသည္။ ႐ႈနင္၏ေက်ာႏွင့္ သူ႔ရင္ဘတ္က ထိကပ္ေနၿပီး ၾကားက ကြာဟမႈပင္မရွိေပ။

"ဘာျဖစ္လို႔လဲ.."

႐ႈဟိန္က ႏူးညံ့စြာၾကည့္ကာ ေမးလိုက္သည္။ ႐ႈနင္က ခါတိုင္းကဲ့သို႔ ၾကည့္ေကာင္းကာ ေအးေဆးတည္ၿငိမ္ေသာအစ္ကိုႀကီးကိုၾကည့္ကာ ေျဖလိုက္သည္။

"ဟင့္အင္း.. ဘာမွမဟုတ္ဘူး.. သြားၾကစို႔ေလ.."

႐ႈဟိန္က ႐ႈနင္၏လက္ေလးကိုဆြဲကာ ဝရံတာက်ယ္ႀကီးမွ ခန္းမႀကီးထဲဝင္ခဲ့သည္။ ညီေလးရဲ့လက္ေတြက ဘယ္ေလာက္ေတာင္ေသးငယ္ၿပီး ဘယ္ေလာက္ေတာင္ေပါ့လိုက္သလဲ..။ ႏူးညံ့လွၿပီး အ႐ိုးမပါသလိုေတာင္ ထင္ရသည္။ ႐ႈနင္၏လက္ေလးကို ဆုပ္ကိုင္တြဲထားရလို႔ ႐ႈဟိန္ ေက်နပ္ၿပီး ပီတိျဖာေနမိစဥ္ ႐ႈနင္က လက္တြဲျဖဳတ္လိုက္ၿပီး လူခ်င္းခပ္ခြာခြာေနလိုက္သည္။ သူ႔ကိုလည္းမၾကည့္သလိုျဖင့္ ခန္းမထဲဝင္သြားေတာ့ ႐ႈဟိန္၏မ်က္လံုးက အလိုမက်ရိပ္တို႔ ထင္ဟပ္လာသည္။

႐ႈနင္ႏွင့္သူ၏ ရင္းႏွီးေသာဆက္ဆံေရးရွိသည္ကို ဘယ္သူမွမသိေအာင္ ယခုလိုေနေနက်ျဖစ္ေပမယ့္ ခုတစ္ခါေတာ့ ႐ႈဟိန္ စိတ္အေႏွာင့္အယွက္ျဖစ္ေနသည္။ ႐ႈနင္၏လက္ေလးကို တြဲမထားရေတာ့ ႐ႈဟိန္ စိတ္မခ်မ္းမသာျဖစ္ေနမိသည္။

႐ႈခ်ိန္က သူ႔ကေလးႏွစ္ေယာက္လံုးကို မေတြ႕သလို ခ်င္ယြိက်ိဳးကိုလည္း မေတြ႕ဘူးဆိုလို႔ ႐ႈခ်ိန္က သားႀကီးဆီစာပို႔လိုက္ၿပီး မၾကာခင္ ႐ႈနင္ကို အရင္ေတြ႕လိုက္ရသည္။ ေနာက္က နည္းနည္းခြာၿပီး ႐ႈဟိန္လာေနသည္ကိုလည္း ေတြ႕လိုက္ရသည္။

သားႀကီးအတြက္ေတာ့ ႐ႈခ်ိန္ စိတ္မပူေပ။ ႐ႈခ်ိန္က ႐ႈနင္၏လက္ကိုဆြဲကာ ဗိုက္နာသက္သာသြားၿပီလားဆိုတာ ေမးလိုက္သည္။ ခ်င္ယြိက်ိဳးက ႐ႈနင္အတြက္ စိတ္ပူစြာလာေျပာကတည္းက ႐ႈခ်ိန္က သားငယ္ေလးအတြက္ စိတ္ပူေနသည္။ စီးပြားေရးကိစၥ ေျပာလက္စျဖစ္လို႔သာ ခ်က္ခ်င္းေရာက္မလာႏိုင္တာျဖစ္သည္။ သူ႔ဇနီးက သားျဖစ္သူကို ဂ႐ုစိုက္သည့္အတြက္ သူတကယ္ေက်နပ္မိသည္။ ဒါေၾကာင့္ စီးပြားေရးကိစၥ စကားစျပတ္ေတာ့ သူအိမ္ျပန္ၿပီး သားေလးကို မ်ားမ်ားဂ႐ုစိုက္ေပးဖို႔ ဆံုးျဖတ္လိုက္သည္။

ခ်င္ယြိက်ိဳးက ခင္ပြန္းဆီက သားအတြက္စိတ္ပူစြာေမးျမန္းသည္ကိုၾကားေတာ့ ဂုဏ္ယူဝံ့ၾကြားလိုက္မိသည္။ ႐ႈဟိန္ငယ္စဥ္က ခုလိုမ်ိဳး ၾကင္နာယုယျခင္းမခံရဘူးဟု သူမ ၾကားထားဖူးသည္။ အခုေတာ့ ႐ႈနင္ ေနမေကာင္းဘူးလို႔ၾကားတာႏွင့္ ႐ႈခ်ိန္က နည္းနည္းမွမေနႏိုင္ဘဲ စိုးရိမ္ေနသည္။ အံ့ၾသစရာေကာင္းလိုက္တာ.. အားလံုးက သူမရဲ့ထိန္းခ်ဳပ္မႈေအာက္ကို အလိုလိုေရာက္ေနပါလား..။

႐ႈခ်ိန္တုိ႔လင္မယားက ႐ႈနင္ေဘးမွာ ဝန္းရံေနၿပီး ႐ႈဟိန္က ေနာက္မွာရပ္ေနသည္။ သူတို႔က ဥကၠ႒ေပါင္းမ်ားစြာကို ႏႈတ္ဆက္ကာ အိမ္ျပန္လာၾကသည္။

ကားထဲမွာ ခ်င္ယြိက်ိဳးက စကားမေျပာဘဲ အေျခအေနကို အကဲခတ္ေနသည္။ ႐ႈခ်ိန္က ႐ႈနင္ကို စကားေျပာေနၿပီး ႐ႈဟိန္က ျပတင္းေပါက္ကေန အျပင္ကိုၾကည့္ေနသည္။ အိမ္ေရာက္ေတာ့ မိသားစုဆရာဝန္က ႀကိဳေရာက္ကာ ႐ႈနင္ကို စစ္ေဆးေပးသည္။ ႐ႈနင္က အစားမ်ားၿပီး အစာမေၾကတာျဖစ္ေၾကာင္း ေျပာသံၾကားေတာ့ ခ်င္ယြိက်ိဳး ဆြံ႕အသြားမိသည္။

႐ႈခ်ိန္က စိတ္သက္သာရာရသြားၿပီး စတုတၳထပ္ကိုတက္ကာ ႐ႈေကာင္းကို ေျမကြက္ကိစၥ သြားေျပာလိုက္သည္။ ၿပီးေတာ့ ႐ႈဟိန္ကိုေခၚကာ စီးပြားေရးကိစၥ စကားေျပာသည္။ ခ်င္ယြိက်ိဳးက သူမအေနအထားကို သိသျဖင့္ စာဖတ္ခန္းထဲမသြားဘဲ အိမ္ေဖာ္ကို အသီးပြဲသာ ပို႔ခိုင္းလိုက္သည္။

႐ႈနင္က ေတာင့္မခံႏုိင္ေတာ့ဘဲ ေရခ်ိဳးကာ ညအိပ္ဝတ္စံုလဲလိုက္ၿပီး စာၾကည့္ခန္းထဲ လာခဲ့သည္။

အစ္ကိုႀကီးက ဒီမွာလည္းမရွိဘူး၊ အိပ္ခန္းထဲလည္းမရွိဘူး။ အစ္ကိုႀကီးက စတုတၳထပ္မွာ အဖိုးကို သြားၾကည့္ေနတာထင္တယ္။ အရမ္းအိပ္ခ်င္ေနၿပီ.. ေတာင့္မခံႏိုင္ေတာ့ဘူး..။

႐ႈနင္က သမ္းၿပီး အိပ္ခန္းထဲထိသြားဖို႔ ပ်င္းလာလို႔ စာဖတ္ခန္းထဲကဆိုဖာေပၚမွာ လွဲရင္း အိပ္ေပ်ာ္သြားေတာ့သည္။ သူအိပ္ေပ်ာ္သြားလည္း အစ္ကိုႀကီးက သယ္သြားေပးမည္ကို သိေနသည္။

႐ႈဟိန္က စကားစျပတ္ေတာ့ ေအာက္ထပ္ကို အျမန္ဆင္းလာခဲ့သည္။ ႐ႈနင္က စာဖတ္ခန္းထဲက ဆိုဖာေပၚမွာ အိပ္ေပ်ာ္ႏွင့္ေနၿပီး သူ႔ပံုစံေလးက အရသာရွိသည့္ ေခ်ာကလက္ေလးႏွင့္ပင္ တူေနေသးသည္။

႐ႈဟိန္က ႐ႈနင္၏အက်ႌလက္ကို ပင့္ၾကည့္လိုက္ေတာ့ ယခင္ညက သူကိုက္ထားသည့္အရာမ်ား မွိန္ေဖ်ာ့ေနသည္ကို ေတြ႕လိုက္သည္။ ဒီကိုက္ရာေတြကိုၾကည့္ၿပီး ႐ႈနင္ေလးကို သနားလာမိသည္။ သူက ႐ႈနင္ကိုေပြ႕ကာ သူ႔အိပ္ခန္းထဲသယ္လာခဲ့သည္။ ႐ႈနင္ေလးက ခ်င္ယြိက်ိဳးေၾကာင့္ သူ႔ကိုခပ္ခြာခြာေနရသည္။ ဒီမိန္းမကို သူ ရွင္းပစ္လိုက္ရမလား..။

႐ႈဟိန္က ထိုသုိ႔စိတ္ရွိတိုင္း မလုပ္ႏိုင္ေသာေၾကာင့္ အဖိုးဘယ္လိုခံစားေနရသည္ကို နားလည္သြားသည္။ ထိုမိန္းမက ဘယ္ေလာက္ေကာက္က်စ္ၿပီး ေလာဘႀကီးသည္ကို သိေပမယ့္ ႐ႈနင္ႏွင့္႐ႈေယာင္၏ မိခင္ျဖစ္သည္။

႐ႈေယာင္..။ သူကေရာ.. ႐ႈနင္လို ခ်စ္စရာေကာင္းပါ့မလား..။

ခ်စ္စရာေကာင္းေလာက္မွာပါ..။ ႏွစ္ေယာက္လံုးက ေမြးစားအေဖရဲ့ ကေလးေတြပဲမဟုတ္လား..။

သူ႔ရင္ခြင္ထဲက ေႏြးေထြးေသာကိုယ္ေလးေၾကာင့္ ႐ႈဟိန္၏မ်က္ေမွာင္က တြန္႔ေနရာမွ ေျပသြားသည္။ သူက ႐ႈနင္၏ေမးေစ့ခၽြန္ခၽြန္ေလးကို လက္ညိႈးႏွင့္အသာအယာပြတ္သပ္ကာ မ်က္ႏွာေသးေသးေလးကို ေငးၾကည့္ေနမိသည္။ ႐ႈနင္၏ေက်ာေလးကိုပြတ္ရင္း အသားပါးလ်လွသျဖင့္ သူဒီေလာက္ဂ႐ုစိုက္လ်က္ ဘာေၾကာင့္ ဖြံ႕ထြားမလာသလဲဆိုတာ ေတြးေနသည္။ ၾကည့္ရတာ သူဒီထက္ ဂ႐ုစိုက္ေပးသင့္ၿပီထင္သည္။ ႐ႈဟိန္က ႐ႈနင္၏ဆံပင္ေလးမ်ားကို ပြတ္လိုက္သည္။ ဆံပင္ေလးမ်ားက ေပ်ာ့ေပ်ာင္းကာ ေမႊးပ်ံ႕လို႔ေနသည္။

တကယ္လို႔ ႐ႈေယာင္က ႐ႈနင္လိုခ်စ္စရာေကာင္းၿပီး ႏူးညံ့ေပ်ာ့ေျပာင္းတယ္ဆိုရင္ေတာင္ ႐ႈနင္ေနရာမွာ သူ ဘယ္ေတာ့မွ ႐ႈေယာင္ကို အစားထိုးမည္မဟုတ္ေပ။

႐ႈနင္က သင့္ေတာ္ေသာအခ်ိန္မွာ ကြက္တိ သူ႔ဘဝထဲ တိုးဝင္လာခဲ့ႏိုင္သျဖင့္ ဒါက သူတို႔ႏွစ္ေယာက္ၾကားက ကံၾကမၼာပဲျဖစ္သည္။ ဒီလိုကံတရားမ်ိဳးက တျခားလူနဲ႔ ဘယ္ေတာ့မွ တစ္ထပ္တည္းမတူညီႏိုင္ပါ။ ကံတရားဆိုတာ မိုးေကာင္းကင္က တြဲစပ္သတ္မွတ္ေပးထားၿပီးသားျဖစ္သည္။ ဒါကို ႐ႈဟိန္ ရွင္းရွင္းလင္းလင္း သေဘာေပါက္ထားသည္။ သူက ေနာက္ထပ္ကေလးတစ္ေယာက္ကို ေစာင့္ေရွာက္ေပးဖို႔ စိတ္မဝင္စားေပ။ ႐ႈဟိန္က ႐ႈနင္ကို တင္းေနေအာင္ဖက္လိုက္သည္။ သူတို႔ႏွစ္ေယာက္က လိုက္ဖက္ကာ ျပည့္စံုေနၿပီးသားျဖစ္သည္။ ထူးဆန္းေသာခံစားခ်က္က ရင္ခြင္တစ္ခုလံုး ပ်ံ႕သြားေတာ့ ႐ႈဟိန္က အသက္ျပင္းျပင္း႐ွဴလိုက္ၿပီး သူ႔အေတြးမ်ားထဲ ေမြ႕ေလ်ာ္လို႔ေနသည္။

ေနာက္ ၅ရက္ၾကာေတာ့ ႐ႈခ်ိန္ႏွင့္ခ်င္ယြိက်ိဳးက ႐ႈနင္ကိုေခၚကာ ခ်င္ယြိဖူဆီ သြားလည္ေပးခဲ့သည္။ ႐ိုးသားေသာခ်င္ယြိဖူက စားပြဲႏွင့္အျပည့္ ဟင္းမ်ားခ်က္ထားသျဖင့္ တစ္အိမ္လံုး ဟင္းန႔ံတို႔ေမႊးႀကိဳင္ေနသည္။ အားလံုးက သူႀကိဳက္တဲ့ဟင္းေတြခ်ည္းျဖစ္လို႔ ႐ႈနင္က အရမ္းေပ်ာ္သြားသည္။

ဦးေလးက အေကာင္းဆံုးပဲ..။

ခ်င္ယြိက်ိဳး၏မ်က္ေမွာင္က မသိမသာတြန္႔သြားသည္။ ထိုဟင္းမ်ားက ရြာဟင္း၊ ေဒသစာေတြျဖစ္ၿပီး တစ္အိမ္လံုး ဟင္းနံ႔နံေစာ္ေနပံုက Villa တစ္လံုးႏွင့္မလိုက္ဖက္ေအာင္ ျဖစ္ေနသည္။

႐ႈခ်ိန္က စီးပြားေရးကိုဂ႐ုစိုက္သလို မိသားစုကိုလည္း အေလးထားကာ စဥ္းစားေပးသည္။ ဒါေၾကာင့္ သူတို႔ ၁၁ နာရီခြဲေရာက္ခ်ိန္မွာ ဟင္း ၈မ်ိဳးက စားပြဲေပၚေရာက္ေနတာၾကည့္ကတည္းက ခ်င္ယြိဖူက မိုးမလင္းခင္ကတည္းက ထခ်က္ထားမွန္း သိလိုက္သည္။ ႐ႈနင္က မ်က္လံုးေပါက္ေလးမ်ား ပိတ္က်သြားေအာင္ ၿပံဳးလိုက္ၿပီး ဦးေလးကို ဆိုဖာေပၚအတင္းဆြဲထိုင္ေစၿပီး ပင္ပင္ပန္းပန္းခ်က္ျပဳတ္ေပးေသာ ဦးေလးကို ေက်းဇူးတင္စြာႏွင့္ ပုခံုးကိုႏွိပ္ေပးလိုက္သည္။ ခ်င္ယြိက်ိဳးက မ်က္ႏွာခ်င္းဆိုင္ဆုိဖာမွာထိုင္ေနၿပီး ဒီျမင္ကြင္းကို စိတ္ဓာတ္က်စြာၾကည့္လိုက္သည္။ မင္းရဲ့အေဖက ေရွ႕မွာထိုင္ေနတာေတြ႕လ်က္ တျခားလူကို ႏွိပ္ေပးေနရသလား ငတံုးေလးရဲ့..။

႐ႈခ်ိန္က ခ်င္ယြိက်ိဳးငွဲ႔ေပးေသာ ေရကိုေသာက္ေနရင္း ဦးေလးျဖစ္သူကို ႏွိပ္ေပးေနေသာ ႐ႈနင္ကိုၾကည့္ကာ မနာလိုစိတ္ေလးဝင္လာသည္။ ႐ႈနင္က သူ႔ကို ယခုကဲ့သို႔ စိတ္လြတ္ကိုယ္လြတ္ၿပံဳးရယ္ကာ စကားေျပာေလ့မရွိသလို သူ႔ဦးေလး၏လည္ပင္းကို တင္းတင္းဖက္ကာ ေပ်ာ္ရႊင္ေနေသာပံုလည္း မေနဖူးေပ။ ႐ႈနင္က သူ႔ဦးေလးကိုအရမ္းခ်စ္ၿပီး တရင္းတႏွီးရွိသည့္ျမင္ကြင္းက ႐ႈခ်ိန္ကို တကယ့္ကိုမနာလိုျဖစ္ေစသည္။ သူလည္း သူ႔သားႏွင့္ ခုလိုတရင္းတႏွီး ေနခ်င္သည္။ သူ႔ကိုႏွိပ္ေပးကာ ခုလိုေပြ႕ဖက္တာလည္း ခံခ်င္သည္။ ဒါေပမယ့္ သူက ဒီလိုလိုခ်င္ေၾကာင္း ဖြင့္မေျပာႏိုင္ဘဲ မနာလိုမႈကိုသာ ခံစားေနရသည္။ သူခုလိုျဖစ္ေနသည္ကို ဘယ္သူမွ သတိမထားလိုက္မိေပ။

ဒီအိမ္မွာ ႐ႈနင္က အေတာ္ေလး စားလိုက္ေသးသည္။ ခ်င္ယြိဖူက သိပ္မစားသလို ေယာက္ဖႏွင့္အစ္မကို စကားမေျပာဝံ့ဘဲ ႐ႈနင္ အားပါးတရစားသည္ကိုသာ ၿပံဳးၾကည့္ေနမိသည္။ သူ႔တူေလးက အရမ္းခ်စ္ဖို႔ေကာင္းသည္။ အစာစားတာ ရွဥ့္ေလးႏွင့္တူေသာေၾကာင့္ ခ်င္ယြိဖူက မေနႏိုင္ဘဲ ႐ႈနင္၏ေခါင္းေလးကို ဖြဖြပြတ္ေပးေနမိသည္။

ဘယ္ေလာက္ေတာင္ ရင္းႏွီးလိုက္ၾကသလဲ..။

႐ႈခ်ိန္က ေနာက္ထပ္ မနာလိုျဖစ္လာျပန္သည္။ ေန႔လည္စာစားၿပီးေတာ့ သူတို႔ ဘာမွလုပ္စရာမရွိေတာ့ေပ။ ခ်င္ယြိဖူက သူတို႔ကို ဧည့္ခန္းမွာပဲထိုင္ေနေစၿပီး သူက ေဆးေၾကာကာ တစ္ေယာက္တည္းလုပ္ေနျပန္သည္။ ဧည့္ခန္းထဲလာၿပီး စကားစျမည္ေတာင္ မေျပာေသာေၾကာင့္ ခ်င္ယြိက်ိဳးက သူမေမာင္ကို အရမ္းစိတ္ပ်က္ေနသည္။

႐ႈနင္က ဒုတိယထပ္မွာ ေလွ်ာက္ၾကည့္ေနသည္။ ဒီမွာ အိပ္ခန္းက်ယ္တစ္ခန္းႏွင့္ အေသး ၂ခန္း၊ ဧည့္ခန္းတစ္ခန္းပါၿပီး ေရခ်ိဳးခန္း၊ အိမ္သာ ၂ခန္းပါဝင္သည္။ ေအာက္ထပ္ၿခံထဲမွာ ပန္းပင္မ်ားစိုက္ထားၿပီး ကားပါကင္ေနရာက အလြတ္ျဖစ္သည္။ ဦးေလးေတာ့ မၾကာခင္ ကားေမာင္းလိုင္စင္ယူသင့္ၿပီဟု ေတြးေနသည္။ ခ်င္ယြိဖူက ပန္းကန္ေဆးၿပီးေတာ့ သစ္သီးခြဲကာ ေယာက္ဖတို႔ကိုေကၽြးၿပီး ႐ႈနင္ရွိရာ အေပၚထပ္ကို လိုက္လာသည္။

၃ရက္တစ္ႀကိမ္ ဦးေလးႏွင့္ဖုန္းေျပာတာ မဆိုးဘူးဟု ေတြးေနသည္။ ဦးေလးက အရင္ဘဝကထက္စာရင္ အေတာ္ေလး ေျပာရဲဆိုရဲရွိလာေလၿပီ။ ႐ႈနင္က ဦးေလးကို ေက်နပ္စြာၾကည့္ကာ ေျပာလိုက္သည္။

"ဦးေလး.. အားလံုးကေတာ့ မဆိုးပါဘူး.. ဒါေပမယ့္ တစ္ခုလိုေနတယ္.."

"ဘာလိုေနလို႔လဲ.."

"အေဒၚေလ.."

"အာ.. အဓိပၸါယ္မရွိတာ ေလွ်ာက္မေျပာနဲ႔.."

ခ်င္ယြိဖူ၏မ်က္ႏွာက ခ်က္ခ်င္းနီလာၿပီး စကားမ်ားထစ္အကုန္သည္။

အိုး.. တစ္ခုခုေတာ့ ရွိေနၿပီထင္တယ္..

႐ႈနင္က ေရွ႕တိုးကာ ခပ္တည္တည္ႏွင့္ေမးလိုက္သည္။

"ဦးေလး.. ကြယ္ဝွက္ထားလည္း အလကားပဲ.. ႐ိုး႐ိုးသားသား ဝန္ခံလိုက္ေပေတာ့.."

"ငါ.. ငါ.. သစ္သီးသြားခြဲလိုက္ဦးမယ္.."

ထြက္ေျပးသြားေသာဦးေလးကိုၾကည့္ၿပီး အလုပ္ကတစ္ေယာက္ေယာက္က ဦးေလးကို မိန္းကေလးနဲ႔မိတ္ဆက္ေပးတာျဖစ္မည္ဟု ေတြးမိသည္။ ေမွ်ာ့လို ႀကီးေဒၚႏွစ္ေယာက္သာမရွိရင္ ဦးေလးရဲ့ဘဝလည္း သားသမီးေတြနဲ႔ စည္ပင္သာယာေနေလာက္ေလၿပီ။

ပထမ ႐ႈနင္က ဒီမွာတစ္ပတ္ေလာက္ေနရဖို႔ စိတ္ကူးထားေပမယ့္ ဦးေလးက သူဘယ္ေတာ့အိမ္ျပန္မလဲလို႔ေမးေတာ့ တစ္စံုတစ္ခု ထိန္ခ်န္ထားသည္ကို ရိပ္မိလိုက္သည္။ ဒါေၾကာင့္ ဦးေလးအိမ္ေရာက္ၿပီး တတိယမနက္ခင္းမွာ ႐ႈနင္က ဖိုမင္(အလုပ္ၾကပ္) ဦးေလးဆီကိုဖုန္းေခၚကာ ဦးေလးအေၾကာင္း ေမးလိုက္သည္။

ခ်င္ယြိဖူက Villa တစ္လံုးမွာ ေနထိုင္ေနေၾကာင္း ရြာကအစ္မႏွစ္ေယာက္က ၾကားေတာ့ သူတို႔က ေနာက္ထပ္ပရိယာယ္တစ္မ်ိဳး လုပ္လာျပန္သည္။ ခ်င္ယြိဖူလို စိတ္ထားေကာင္းေသာသူက ဆင္းရဲဒုကၡေရာက္ခ်ိန္ သူ႔ကိုပစ္ထားေသာ အစ္မမ်ားကို အျပစ္မတင္ေပမယ့္ သူအဆင္ေျပခ်ိန္မွာ လ်စ္လွ်ဴ႐ႈရဖို႔ကို လိပ္ျပာမလံုျဖစ္ေနသည္။ ဘယ္လိုလုပ္ၿပီး ဆင္းရဲက်ပ္တည္းေသာ အစ္မႏွစ္ေယာက္ကို လ်စ္လွ်ဴ႐ႈႏိုင္မွာလဲ..။ အဲ့ဒီလိုလုပ္ရင္ အရမ္းကို အရွက္တရားကင္းမဲ့သည္ဟု ဦးေလးက ေသခ်ာေပါက္ေတြးေပလိမ့္မည္။

႐ႈနင္ ေျပာစရာစကား မရွိေတာ့ေပ။

ထိုည ဦးေလးက အလုပ္ကေန ေနာက္က်ၿပီးမွျပန္လာခဲ့သည္။ ဦးေလးမ်က္ႏွာေပၚက လက္သည္းရာကိုေတြ႕ေတာ့ ႐ႈနင္ ေဒါသထြက္လာခဲ့သည္။ ဖိုမင္က စီးကရက္ခဲရင္း အိမ္ထဲဝင္လာကာ ေျပာျပလိုက္သည္။

"ဟိုမိန္းမႏွစ္ေယာက္က တကယ့္ကို အရွက္မရွိတဲ့သူေတြပဲ.. သူတုိ႔က လူစိတ္ကိုမရွိၾကဘူး.."

႐ႈနင္က ခ်င္ယြိက်ီနဲ႔ ခ်င္ယြိလန္၏ကေလးသံုးေယာက္ လိုက္လာတာေတြ႕ေတာ့ မ်က္လံုးအစံု က်ဥ္းေျမာင္းသြားခဲ့သည္။ ဒါက ဘယ္လိုေတြျဖစ္လာတာလဲ။

========================

Chapter (31) – "ရှုနင်နေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးဘူး.."

ဘုရားရေ.. ငါ ဒါကို ဘယ်လိုဆက်လုပ်ရမှာပါလိမ့်..

ချင်ယွိကျိုး၏နှလုံးသားက စိတ်ပျက်ခြင်းတို့ ပြည့်လျှံလာသည်။ ဒီ ရှုနင်ဆိုတဲ့ကလေးက ကောင်းကွက်ထက် ပြဿနာပိုရှာပါလား.. ငါ့ဘေးမှာနေရင် ကောင်းပါလျက်နဲ့ အခုတော့...။

ချင်ယွိကျိုးသည် ဒေါသထွက်လာပေမယ့် လူမြင်ကွင်းမှာ သူဌေးကတော်ဆိုသည့် သူမ၏ပုံရိပ် ပျက်သွားမည်စိုးသောကြောင့် စိတ်ကို အတတ်နိုင်ဆုံးလျှော့ကာ ရှုနင်ကိုပြောလိုက်သည်။

"သား.. ဗိုက်နာနေတာလား.. ခဏလောက်အောင့်လိုက်ပါဦးကွယ်.. ဒီနေ့က အရေးကြီးတဲ့နေ့လေ.. တစ်မြို့လုံးက အရေးကြီးတဲ့လူတွေအားလုံး ဒီမှာစုဝေးနေကြတာ.. မင်းက အရည်အချင်းရှိတဲ့ ရှုအိမ်တော်ကသားဆိုတာ လူတွေသတိထားမိအောင် လုပ်ပြရမယ်လေ.. မင်းနဲ့ပတ်သက်ပြီး အကောင်းမြင်လာအောင်၊ သူတို့စိတ်ထဲစွဲသွားအောင် ကြိုးစားရမယ်လေ.. ဒါတွေက သားရဲ့အနာဂတ် တိုးတက်ဖို့ အခြေခံအုတ်မြစ်တွေဖြစ်လို့ အရမ်းအရေးကြီးတယ်.. အမေက သားကို ဂရုမစိုက်လို့မဟုတ်ပါဘူးကွယ်.. အမေလုပ်သမျှက သားကောင်းဖို့အတွက်ချည်းပါပဲ.."

"ကောင်းပါပြီ.."

ရှုနင်က မျက်မှောင်တွန့်ကာ စိတ်ကိုတင်းပြီး ဖြေလိုက်သည်။ သူ့ပုံစံက တကယ့်ကို မသက်မသာဖြစ်နေပုံရသည်။

ချင်ယွိကျိုးက ရှုနင်ကိုတွဲထူလိုက်စဉ် ရှုနင်က ချက်ချင်းပြန်ထိုင်ချလိုက်ပြီး သူ့နှုတ်ခမ်းက ဖြူရော်နေသည်။ ကြည့်ရတာ ဒီကလေးက တကယ်နေမကောင်းဖြစ်နေတာထင်တယ်..။ ငါတို့ အိမ်ကို စောပြန်ရတော့မှာလား..။ ဒီကနေထွက်သွားရင် အခွင့်ကောင်းတွေ လက်လွှတ်ရတော့မယ်။

ချင်ယွိကျိုး၏ခေါင်းထဲ တွက်ချက်လို့နေသည်။ ရှုအိမ်တော်မှာ သူ့သားက သူ့ထက်အဆင့်ပိုမြင့်သည်။ ယောက္ခမကြီးရှုကောင်းက ရှုနင်ကို ဂရုစိုက်သောကြောင့် သူတို့ဆက်နေလို့ ရှုနင်တစ်ခုခုဖြစ်သွားလျှင်......။ သူတို့ ဒီမှာ ဆက်နေလို့မဖြစ်ရင်တော့ နည်းနည်း ဆူဆူညံညံလေး လုပ်လိုက်မှဖြစ်မည်။

"အသည်းလေး.. အမေ မင်းအဖေကိုလိုက်ရှာပြီး လာကြည့်ခိုင်းလိုက်မယ်လေနော်.. ခဏစောင့်ဦး.."

ထင်ထားသည့်အတိုင်း ချင်ယွိကျိုးက အဖေ့ဆီကမျက်နှာသာရဖို့ သူ့ကိုအသုံးချဖို့ ကြိုးစားနေပြီ။

"ဟင့်အင်း.. အဖေ့ကိုသွားမခေါ်ပါနဲ့.. အဖေက မြေကိစ္စနဲ့ အရေးကြီးတဲ့သူတွေနဲ့ ဆွေးနွေးနေကြတာ.. ကျွန်တော့်ကြောင့် သူ့ကို သွားမနှောင့်ယှက်ပါနဲ့.."

"ဒါပေမယ့်..."

"ကျွန်တော်သက်သာသွားမှာပါ.. ခဏနေရင် ဟော်ရန်က ကျွန်တော့်ကိုလာရှာလိမ့်မယ်.. အခွင့်ကောင်းတွေ ဆုံးရှုံးလို့မဖြစ်ဘူး အမေ.. ပြီးတော့ ဒီမှာ ရှုဟိန်ရှိနေတယ်လေ.. သူမပြန်ရင် ကျွန်တော် ပြန်လို့မဖြစ်ဘူး.."

ဒါမှန်တယ်.. တကယ်လို့ ငါတို့သားအမိပြန်သွားရင် ရှုချိန်က သူ့သားကြီးကို ချက်ချင်းအနားခေါ်ပြီး အရေးကြီးပုဂ္ဂိုလ်တွေနဲ့ မိတ်ဆက်ပေးလိမ့်မည်။ ဟော်ရန်နှင့် ရှုဟိန် ရင်းနှီးသွားပြီး အခွင့်ကောင်းရသွားမှာကို ချင်ယွိကျိုး လုံးဝလက်မခံနိုင်ပေ။ ချင်ယွိကျိုးက သူမသားကို စိတ်ပူဟန်ကြည့်ကာ ညင်သာစွာပြောလိုက်သည်။

"ဒါဆို ကောင်းပြီလေ.. သားက အမေကြိုးစားပေးသမျှကို သဘောပေါက်တယ်ဆိုတော့ အမေလုပ်တာ အလကားမဖြစ်တော့ဘူးပေါ့.. သား တကယ်လို့ တောင့်မခံနိုင်တော့ရင် စားပွဲထိုးကိုလွှတ်ပြီး အမေ့ကိုခေါ်ခိုင်းလိုက်နော်.. ကြားလား.."

"အွန်း.."

"တော်တယ်.. သားရဲ့ခန္ဓာကိုယ်ကို သား တန်ဖိုးထားရမယ်.. အရမ်းကြီးတောင့်မခံနဲ့ ကြားလား.. သားအဖေကို အမေ တစ်ယောက်တည်းပစ်ထားလို့မရဘူး၊ သွားကူပြီး ဧည့်သည်တွေကို စကားပြောလိုက်ဦးမယ်.. နောက်တစ်နာရီလောက်တော့ ခဏသည်းခံလိုက်ဦးနော် သားလေး.."

ချင်ယွိကျိုးက ရှုနင်၏လက်ကို ဖျစ်ညှစ်ကာ မှာကြားပြီး လင်တော်မောင်ရှိရာကို ကျော့ရှင်းစွာထွက်သွားတော့သည်။ ချင်ယွိကျိုးက ကျက်သရေရှိသည့် ကြင်နာသိမ်မွေ့သောအပြုံးကို ဆင်မြန်းကာ သူဌေးကတော်များကြား ရောက်လာသည်။ သူဌေးကတော်များက လေဆာရောင်ခြည်လိုအကြည့်များဖြင့် စုန့်စုန့်လေးပူနေသော ချင်ယွိကျိုး၏ဝမ်းဗိုက်ကို အကဲခတ်လိုက်ကြသည်။ ချင်ယွိကျိုး၏စကဒ်က အရမ်းမကျပ်သည့်အပြင် ကြည့်ရတာ ဖောင်းနေသလိုပဲ..။ ဒါ.. ဧကန္တ...။

အကဲခတ်သောအကြည့်များနှင့် သူမတို့က ဖွင့်ဟမေးလိုက်သည်။

"မစ္စရှု.. ရှင်..."

ချင်ယွိကျိုးက ရှက်ပြုံးလေးနှင့် သူမဝမ်းဗိုက်ကို အသာလေးထိကာ တောက်ပစွာပြောလိုက်သည်။

"လေးလရှိနေပါပြီ.."

"အို.. ဘုရားရေ.."

"ဂုဏ်ယူပါတယ်.."

"ကံကောင်းလိုက်တာ.. ရှင် ဒီထက်များများ ဂရုစိုက်ပေါ့ရှင်.."

သူဌေးကတော်များ၏ ဂုဏ်ပြုစကားများက စိတ်ရင်းကလာတာမဟုတ်ပေမယ့် ချင်ယွိကျိုး ပျော်နေသည်။

ရှုယောင်ရေ.. သားလေး ကြားရဲ့လား.. မေမေ့ရဲ့ ကံကောင်းတဲ့သားလေး.. မင်းကမှ မေမေ့သားအစစ်ပဲ..။ မင်းရှိနေလို့ မေမေ့အဆင့်အတန်းက တက်လာတာ သိရဲ့လား..။ မင်းမွေးလာရင် မင်းအဖေနဲ့ အဖိုးက မင်းကို အမွေဆက်ခံသူလို သေချာချစ်ပြီး ပျိုးထောင်ပေးကြလိမ့်မယ်..။ ဘယ်သူမှ အမေ့ကို မစော်ကားရဲကြတော့ဘူး သားလေးရဲ့..။

ရှုနင်နဲ့ရှုယောင်က သူမသားတွေဆိုပေမယ့် ရှုနင်က တကယ့်ကိုပျော့ညံ့ပြီး အသုံးမကျပေ။

ဝရံတာတွင် ရှုနင်က လေညှင်းခံရင်း ရှုဟိန်က ဘယ်ကနေပေါ်လာမှန်းမသိ နောက်ကရောက်လာပြီး သူ၏ရှည်သွယ်ကာ သန်မာသောလက်တစ်စုံဖြင့် ရှုနင်၏ဘေးနှစ်ဖက် ဝရံတာလက်ရန်းကို ထောက်ကာ ရှုနင်ကို လက်မောင်းကြားထဲ ချုပ်ထားလိုက်သည်။ ရှုနင်၏နောက်ကျောနှင့် ရှုဟိန်၏ရင်ဘတ်တို့က ကပ်နေပြီး တစ်ဦးအပူငွေ့ကို တစ်ဦး ရလို့နေသည်။ ရင်းနှီးသော ကိုယ်သင်းနံ့၊ ရင်းနှီးသော အထိအတွေ့၊ ရင်းနှီးသော ခံစားချက်...

ရှုနင်က အစ်ကိုကြီး၏ရင်ခွင်ထဲ မှီလိုက်ပြီး လုံခြုံနွေးထွေးသောခံစားချက်က တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတော့သည်။ မောပန်းနေသည်တို့ပျောက်ကွယ်သွားပြီး သူ့မှာ ငိုက်မြည်းချင်လာတော့သည်။ အစ်ကိုကြီးဆီက ထုတ်လွှတ်သောအငွေ့အသက်က သူ့ကိုလုံခြုံမှုပေးနိုင်သောကြောင့် သူ စိတ်ချလက်ချဖြစ်ကာ ခုလိုဖြစ်သည်ကို ရှုနင် ကောင်းစွာသဘောပေါက်သည်။ သူတို့နှစ်ဦးက စကားမပြောဘဲ ငြိမ်ပြီး ပူးကပ်ကာ ရပ်နေကြသည်။ ရှုနင်က လရောင်ကို စွဲလန်းစွာငေးစိုက်ကြည့်နေသလို ရှုဟိန်က ရှုနင်ကို စွဲလန်းစွာ ငုံ့ကြည့်နေမိသည်။

တကယ်တော့ အစ်ကိုကြီး သူ့ဘေးကိုရောက်မလာခင်က ဝရံတာမှာရပ်ပြီး သူ့အမေ၏ပရိယာယ်များသည့်အကြောင်းကို ရှုနင် စဉ်းစားနေမိသည်။ ချင်ယွိကျိုး သူ့ကိုပြောသည့်စကားများက ပြည့်စုံလှပြီး သားကိုအရမ်းချစ်၊ အရမ်းဂရုစိုက်သည့် မိခင်တစ်ယောက်ပုံရိပ်ကို ဖော်ကျူးနိုင်ခဲ့သည်။ ဒါကြောင့် အရင်ဘဝတုန်းက ရှုနင်က သူ့အမေ၏မေတ္တာကိုယုံကြည်ကာ မျက်စိစုံမှိတ်ပြီး သူ့အမေခိုင်းသမျှ အားလုံးလုပ်ပေးခဲ့သည်။ ထောင်ထဲဝင်ရစဉ်ကပင် မျက်နှာတစ်ချက်မှမပျက်ဘဲ သူပိုင်ဆိုင်သမျှကို အမေနဲ့ညီလေးကို ပေးခဲ့သည်။ သူသေခါနီးမှ သူ့အမေက သူ့ကိုအသုံးချကာ ထောင်ထဲပစ်ထည့်ခဲ့သည်ကို သိခဲ့ရသည်။ တစ်ဘဝလုံး သူယုံခဲ့သောမိခင်မေတ္တာက သူ့ကိုသေတွင်းပို့ဖို့ စနစ်တကျ လိမ်ညာခဲ့တာတွေချည်းဖြစ်သည်။

တကယ်ဆို အမေရင်းတစ်ယောက်အနေနဲ့ အမေက သူ့အသက်သေအောင်တော့ မလုပ်သင့်ဘူးမဟုတ်လား။ တခြားသူက လုပ်တယ်ဆို ထားပါတော့.. အခုတော့ သူ့အမေရင်းက သူ့ကို သေတွင်းပို့ခဲ့တာတဲ့လား..။

ဒီဘဝမှာတော့ ချင်ယွိကျိုးက ချစ်ခင်ကြင်နာကြောင်း ဘယ်လောက်ပြောပြော ရှုနင်အတွက် ဟာသစကားလိုပဲ ခံစားရသည်။ သူမ၏ဂရုစိုက်မှုအားလုံးက စနစ်တကျ တွက်ချက်ထားတာဖြစ်သည်။ သူမအတွက် အကျိုးဆောင်ပေးဖို့၊ လမ်းခင်းပေးဖို့၊ သူမ၏အောင်မြင်မှုအတွက် လှေကားထစ်အဖြစ် အသုံးတော်ခံပေးဖို့ သူမက တွက်ချက်ပြီး ဂရုစိုက်ပေးခဲ့သည်။ ဒါလည်းကောင်းတာပါပဲလေ..။

ရှုယောင်ကိုသာ ကိုယ်ဝန်မရှိခဲ့လျှင် ရှုချိန်နှင့်သူမ၏ဆက်ဆံရေးက တိုးတက်လာမည်မဟုတ်ပေ။ ဒါဆိုလျှင် တောရွာမှာပစ်ထားခဲ့သည့် ရှုနင်ဆိုသည့်သူကို ချင်ယွိကျိုးက လှည့်ကြည့်မှာမဟုတ်သလို သူ့ဘဝကလည်း ဟိုးအောက်ခြေ ကျေးလက်တောရွာမှာပဲ ကြီးပြင်းလာရမည်။ ချင်ယွိကျိုး၏နှလုံးသားက ငွေကလွဲပြီး ဘာကိုမှအလေးမထားသည့် မေတ္တာတရားကင်းမဲ့သောလူ ဖြစ်နေတာကြာပြီ။ သူမက ကယ်တင်လို့မရအောင်ကို ပျက်စီးလို့နေပြီ။

အခုက July ဖြစ်ပြီး ရာသီဥတုက မပူလွန်း၊ မအေးလွန်းဘဲ နေလို့ကောင်းလှသည်။ ဒါပေမယ့် အပြင်ဘက်မှာ တိုက်သည့်လေက နည်းနည်းအေးမြနေသည်။ လူတွေပြောသည့် အေးချမ်းမှုဆိုတာ ဒါကိုဆိုလိုတာထင်ပါရဲ့..။

ရှုဟိန်က ဒီလို ရှုနင်ကိုထွေးပွေ့ထားရင်း ပျော်ရွှင်ကြည်နူးနေစဉ် ရှုချိန်ဆီက စာဝင်လာသည်။ နာရီဝက်တောင်ကြာသွားပြီပဲ။ ရှုဟိန်၏မျက်ဝန်းများက အလိုမကျရိပ်တို့ ယှက်သန်းသွားသည်။

"သွားဖို့အချိန်ကျပြီ.."

"အွန်း.."

"ဗိုက်နာနေတုန်းပဲလား.."

"ဗိုက်နာတာ တမင်ဆင်ခြေပေးလိုက်တာပါ.. အမေ့နားမှာ မနေချင်လို့ ပြောလိုက်တာ.. အမေ့နားမှာနေရတာ စိတ်ရှုပ်ဖို့ကောင်းတယ်.."

တကယ်လို့ ရှုနင်သာ တကယ်တစ်ခုခုဖြစ်ရင် ရှုဟိန်က ခုလိုအေးဆေးစွာ ရှိနေမည်မဟုတ်ပေ။

"မင်း ပင်ပန်းနေပြီလား.. အစ်ကိုကြီး မင်းကို ပွေ့သွားပေးရမလား.."

အစ်ကိုကြီးက ဒီည ထူးထူးခြားခြား နူးညံ့လို့နေပါလား..

ရှုနင်က မော့အကြည့်၊ ရှုဟိန်က ငုံ့အကြည့် တိုက်ဆိုင်သွားပြီး ရှုဟိန်၏မေးစေ့နှင့် ရှုနင်၏နဖူးတို့ ထိသွားခဲ့သည်။ ရှုဟိန်၏ကိုယ်က တောင့်ခနဲဖြစ်သွားသည်။ ရှုနင်၏ကျောနှင့် သူ့ရင်ဘတ်က ထိကပ်နေပြီး ကြားက ကွာဟမှုပင်မရှိပေ။

"ဘာဖြစ်လို့လဲ.."

ရှုဟိန်က နူးညံ့စွာကြည့်ကာ မေးလိုက်သည်။ ရှုနင်က ခါတိုင်းကဲ့သို့ ကြည့်ကောင်းကာ အေးဆေးတည်ငြိမ်သောအစ်ကိုကြီးကိုကြည့်ကာ ဖြေလိုက်သည်။

"ဟင့်အင်း.. ဘာမှမဟုတ်ဘူး.. သွားကြစို့လေ.."

ရှုဟိန်က ရှုနင်၏လက်လေးကိုဆွဲကာ ဝရံတာကျယ်ကြီးမှ ခန်းမကြီးထဲဝင်ခဲ့သည်။ ညီလေးရဲ့လက်တွေက ဘယ်လောက်တောင်သေးငယ်ပြီး ဘယ်လောက်တောင်ပေါ့လိုက်သလဲ..။ နူးညံ့လှပြီး အရိုးမပါသလိုတောင် ထင်ရသည်။ ရှုနင်၏လက်လေးကို ဆုပ်ကိုင်တွဲထားရလို့ ရှုဟိန် ကျေနပ်ပြီး ပီတိဖြာနေမိစဉ် ရှုနင်က လက်တွဲဖြုတ်လိုက်ပြီး လူချင်းခပ်ခွာခွာနေလိုက်သည်။ သူ့ကိုလည်းမကြည့်သလိုဖြင့် ခန်းမထဲဝင်သွားတော့ ရှုဟိန်၏မျက်လုံးက အလိုမကျရိပ်တို့ ထင်ဟပ်လာသည်။

ရှုနင်နှင့်သူ၏ ရင်းနှီးသောဆက်ဆံရေးရှိသည်ကို ဘယ်သူမှမသိအောင် ယခုလိုနေနေကျဖြစ်ပေမယ့် ခုတစ်ခါတော့ ရှုဟိန် စိတ်အနှောင့်အယှက်ဖြစ်နေသည်။ ရှုနင်၏လက်လေးကို တွဲမထားရတော့ ရှုဟိန် စိတ်မချမ်းမသာဖြစ်နေမိသည်။

ရှုချိန်က သူ့ကလေးနှစ်ယောက်လုံးကို မတွေ့သလို ချင်ယွိကျိုးကိုလည်း မတွေ့ဘူးဆိုလို့ ရှုချိန်က သားကြီးဆီစာပို့လိုက်ပြီး မကြာခင် ရှုနင်ကို အရင်တွေ့လိုက်ရသည်။ နောက်က နည်းနည်းခွာပြီး ရှုဟိန်လာနေသည်ကိုလည်း တွေ့လိုက်ရသည်။

သားကြီးအတွက်တော့ ရှုချိန် စိတ်မပူပေ။ ရှုချိန်က ရှုနင်၏လက်ကိုဆွဲကာ ဗိုက်နာသက်သာသွားပြီလားဆိုတာ မေးလိုက်သည်။ ချင်ယွိကျိုးက ရှုနင်အတွက် စိတ်ပူစွာလာပြောကတည်းက ရှုချိန်က သားငယ်လေးအတွက် စိတ်ပူနေသည်။ စီးပွားရေးကိစ္စ ပြောလက်စဖြစ်လို့သာ ချက်ချင်းရောက်မလာနိုင်တာဖြစ်သည်။ သူ့ဇနီးက သားဖြစ်သူကို ဂရုစိုက်သည့်အတွက် သူတကယ်ကျေနပ်မိသည်။ ဒါကြောင့် စီးပွားရေးကိစ္စ စကားစပြတ်တော့ သူအိမ်ပြန်ပြီး သားလေးကို များများဂရုစိုက်ပေးဖို့ ဆုံးဖြတ်လိုက်သည်။

ချင်ယွိကျိုးက ခင်ပွန်းဆီက သားအတွက်စိတ်ပူစွာမေးမြန်းသည်ကိုကြားတော့ ဂုဏ်ယူဝံ့ကြွားလိုက်မိသည်။ ရှုဟိန်ငယ်စဉ်က ခုလိုမျိုး ကြင်နာယုယခြင်းမခံရဘူးဟု သူမ ကြားထားဖူးသည်။ အခုတော့ ရှုနင် နေမကောင်းဘူးလို့ကြားတာနှင့် ရှုချိန်က နည်းနည်းမှမနေနိုင်ဘဲ စိုးရိမ်နေသည်။ အံ့သြစရာကောင်းလိုက်တာ.. အားလုံးက သူမရဲ့ထိန်းချုပ်မှုအောက်ကို အလိုလိုရောက်နေပါလား..။

ရှုချိန်တို့လင်မယားက ရှုနင်ဘေးမှာ ဝန်းရံနေပြီး ရှုဟိန်က နောက်မှာရပ်နေသည်။ သူတို့က ဥက္ကဋ္ဌပေါင်းများစွာကို နှုတ်ဆက်ကာ အိမ်ပြန်လာကြသည်။

ကားထဲမှာ ချင်ယွိကျိုးက စကားမပြောဘဲ အခြေအနေကို အကဲခတ်နေသည်။ ရှုချိန်က ရှုနင်ကို စကားပြောနေပြီး ရှုဟိန်က ပြတင်းပေါက်ကနေ အပြင်ကိုကြည့်နေသည်။ အိမ်ရောက်တော့ မိသားစုဆရာဝန်က ကြိုရောက်ကာ ရှုနင်ကို စစ်ဆေးပေးသည်။ ရှုနင်က အစားများပြီး အစာမကြေတာဖြစ်ကြောင်း ပြောသံကြားတော့ ချင်ယွိကျိုး ဆွံ့အသွားမိသည်။

ရှုချိန်က စိတ်သက်သာရာရသွားပြီး စတုတ္ထထပ်ကိုတက်ကာ ရှုကောင်းကို မြေကွက်ကိစ္စ သွားပြောလိုက်သည်။ ပြီးတော့ ရှုဟိန်ကိုခေါ်ကာ စီးပွားရေးကိစ္စ စကားပြောသည်။ ချင်ယွိကျိုးက သူမအနေအထားကို သိသဖြင့် စာဖတ်ခန်းထဲမသွားဘဲ အိမ်ဖော်ကို အသီးပွဲသာ ပို့ခိုင်းလိုက်သည်။

ရှုနင်က တောင့်မခံနိုင်တော့ဘဲ ရေချိုးကာ ညအိပ်ဝတ်စုံလဲလိုက်ပြီး စာကြည့်ခန်းထဲ လာခဲ့သည်။

အစ်ကိုကြီးက ဒီမှာလည်းမရှိဘူး၊ အိပ်ခန်းထဲလည်းမရှိဘူး။ အစ်ကိုကြီးက စတုတ္ထထပ်မှာ အဖိုးကို သွားကြည့်နေတာထင်တယ်။ အရမ်းအိပ်ချင်နေပြီ.. တောင့်မခံနိုင်တော့ဘူး..။

ရှုနင်က သမ်းပြီး အိပ်ခန်းထဲထိသွားဖို့ ပျင်းလာလို့ စာဖတ်ခန်းထဲကဆိုဖာပေါ်မှာ လှဲရင်း အိပ်ပျော်သွားတော့သည်။ သူအိပ်ပျော်သွားလည်း အစ်ကိုကြီးက သယ်သွားပေးမည်ကို သိနေသည်။

ရှုဟိန်က စကားစပြတ်တော့ အောက်ထပ်ကို အမြန်ဆင်းလာခဲ့သည်။ ရှုနင်က စာဖတ်ခန်းထဲက ဆိုဖာပေါ်မှာ အိပ်ပျော်နှင့်နေပြီး သူ့ပုံစံလေးက အရသာရှိသည့် ချောကလက်လေးနှင့်ပင် တူနေသေးသည်။

ရှုဟိန်က ရှုနင်၏အင်္ကျီလက်ကို ပင့်ကြည့်လိုက်တော့ ယခင်ညက သူကိုက်ထားသည့်အရာများ မှိန်ဖျော့နေသည်ကို တွေ့လိုက်သည်။ ဒီကိုက်ရာတွေကိုကြည့်ပြီး ရှုနင်လေးကို သနားလာမိသည်။ သူက ရှုနင်ကိုပွေ့ကာ သူ့အိပ်ခန်းထဲသယ်လာခဲ့သည်။ ရှုနင်လေးက ချင်ယွိကျိုးကြောင့် သူ့ကိုခပ်ခွာခွာနေရသည်။ ဒီမိန်းမကို သူ ရှင်းပစ်လိုက်ရမလား..။

ရှုဟိန်က ထိုသို့စိတ်ရှိတိုင်း မလုပ်နိုင်သောကြောင့် အဖိုးဘယ်လိုခံစားနေရသည်ကို နားလည်သွားသည်။ ထိုမိန်းမက ဘယ်လောက်ကောက်ကျစ်ပြီး လောဘကြီးသည်ကို သိပေမယ့် ရှုနင်နှင့်ရှုယောင်၏ မိခင်ဖြစ်သည်။

ရှုယောင်..။ သူကရော.. ရှုနင်လို ချစ်စရာကောင်းပါ့မလား..။

ချစ်စရာကောင်းလောက်မှာပါ..။ နှစ်ယောက်လုံးက မွေးစားအဖေရဲ့ ကလေးတွေပဲမဟုတ်လား..။

သူ့ရင်ခွင်ထဲက နွေးထွေးသောကိုယ်လေးကြောင့် ရှုဟိန်၏မျက်မှောင်က တွန့်နေရာမှ ပြေသွားသည်။ သူက ရှုနင်၏မေးစေ့ချွန်ချွန်လေးကို လက်ညှိုးနှင့်အသာအယာပွတ်သပ်ကာ မျက်နှာသေးသေးလေးကို ငေးကြည့်နေမိသည်။ ရှုနင်၏ကျောလေးကိုပွတ်ရင်း အသားပါးလျလှသဖြင့် သူဒီလောက်ဂရုစိုက်လျက် ဘာကြောင့် ဖွံ့ထွားမလာသလဲဆိုတာ တွေးနေသည်။ ကြည့်ရတာ သူဒီထက် ဂရုစိုက်ပေးသင့်ပြီထင်သည်။ ရှုဟိန်က ရှုနင်၏ဆံပင်လေးများကို ပွတ်လိုက်သည်။ ဆံပင်လေးများက ပျော့ပျောင်းကာ မွှေးပျံ့လို့နေသည်။

တကယ်လို့ ရှုယောင်က ရှုနင်လိုချစ်စရာကောင်းပြီး နူးညံ့ပျော့ပြောင်းတယ်ဆိုရင်တောင် ရှုနင်နေရာမှာ သူ ဘယ်တော့မှ ရှုယောင်ကို အစားထိုးမည်မဟုတ်ပေ။

ရှုနင်က သင့်တော်သောအချိန်မှာ ကွက်တိ သူ့ဘဝထဲ တိုးဝင်လာခဲ့နိုင်သဖြင့် ဒါက သူတို့နှစ်ယောက်ကြားက ကံကြမ္မာပဲဖြစ်သည်။ ဒီလိုကံတရားမျိုးက တခြားလူနဲ့ ဘယ်တော့မှ တစ်ထပ်တည်းမတူညီနိုင်ပါ။ ကံတရားဆိုတာ မိုးကောင်းကင်က တွဲစပ်သတ်မှတ်ပေးထားပြီးသားဖြစ်သည်။ ဒါကို ရှုဟိန် ရှင်းရှင်းလင်းလင်း သဘောပေါက်ထားသည်။ သူက နောက်ထပ်ကလေးတစ်ယောက်ကို စောင့်ရှောက်ပေးဖို့ စိတ်မဝင်စားပေ။ ရှုဟိန်က ရှုနင်ကို တင်းနေအောင်ဖက်လိုက်သည်။ သူတို့နှစ်ယောက်က လိုက်ဖက်ကာ ပြည့်စုံနေပြီးသားဖြစ်သည်။ ထူးဆန်းသောခံစားချက်က ရင်ခွင်တစ်ခုလုံး ပျံ့သွားတော့ ရှုဟိန်က အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့အတွေးများထဲ မွေ့လျော်လို့နေသည်။

နောက် ၅ရက်ကြာတော့ ရှုချိန်နှင့်ချင်ယွိကျိုးက ရှုနင်ကိုခေါ်ကာ ချင်ယွိဖူဆီ သွားလည်ပေးခဲ့သည်။ ရိုးသားသောချင်ယွိဖူက စားပွဲနှင့်အပြည့် ဟင်းများချက်ထားသဖြင့် တစ်အိမ်လုံး ဟင်းနံ့တို့မွှေးကြိုင်နေသည်။ အားလုံးက သူကြိုက်တဲ့ဟင်းတွေချည်းဖြစ်လို့ ရှုနင်က အရမ်းပျော်သွားသည်။

ဦးလေးက အကောင်းဆုံးပဲ..။

ချင်ယွိကျိုး၏မျက်မှောင်က မသိမသာတွန့်သွားသည်။ ထိုဟင်းများက ရွာဟင်း၊ ဒေသစာတွေဖြစ်ပြီး တစ်အိမ်လုံး ဟင်းနံ့နံစော်နေပုံက Villa တစ်လုံးနှင့်မလိုက်ဖက်အောင် ဖြစ်နေသည်။

ရှုချိန်က စီးပွားရေးကိုဂရုစိုက်သလို မိသားစုကိုလည်း အလေးထားကာ စဉ်းစားပေးသည်။ ဒါကြောင့် သူတို့ ၁၁ နာရီခွဲရောက်ချိန်မှာ ဟင်း ၈မျိုးက စားပွဲပေါ်ရောက်နေတာကြည့်ကတည်းက ချင်ယွိဖူက မိုးမလင်းခင်ကတည်းက ထချက်ထားမှန်း သိလိုက်သည်။ ရှုနင်က မျက်လုံးပေါက်လေးများ ပိတ်ကျသွားအောင် ပြုံးလိုက်ပြီး ဦးလေးကို ဆိုဖာပေါ်အတင်းဆွဲထိုင်စေပြီး ပင်ပင်ပန်းပန်းချက်ပြုတ်ပေးသော ဦးလေးကို ကျေးဇူးတင်စွာနှင့် ပုခုံးကိုနှိပ်ပေးလိုက်သည်။ ချင်ယွိကျိုးက မျက်နှာချင်းဆိုင်ဆိုဖာမှာထိုင်နေပြီး ဒီမြင်ကွင်းကို စိတ်ဓာတ်ကျစွာကြည့်လိုက်သည်။ မင်းရဲ့အဖေက ရှေ့မှာထိုင်နေတာတွေ့လျက် တခြားလူကို နှိပ်ပေးနေရသလား ငတုံးလေးရဲ့..။

ရှုချိန်က ချင်ယွိကျိုးငှဲ့ပေးသော ရေကိုသောက်နေရင်း ဦးလေးဖြစ်သူကို နှိပ်ပေးနေသော ရှုနင်ကိုကြည့်ကာ မနာလိုစိတ်လေးဝင်လာသည်။ ရှုနင်က သူ့ကို ယခုကဲ့သို့ စိတ်လွတ်ကိုယ်လွတ်ပြုံးရယ်ကာ စကားပြောလေ့မရှိသလို သူ့ဦးလေး၏လည်ပင်းကို တင်းတင်းဖက်ကာ ပျော်ရွှင်နေသောပုံလည်း မနေဖူးပေ။ ရှုနင်က သူ့ဦးလေးကိုအရမ်းချစ်ပြီး တရင်းတနှီးရှိသည့်မြင်ကွင်းက ရှုချိန်ကို တကယ့်ကိုမနာလိုဖြစ်စေသည်။ သူလည်း သူ့သားနှင့် ခုလိုတရင်းတနှီး နေချင်သည်။ သူ့ကိုနှိပ်ပေးကာ ခုလိုပွေ့ဖက်တာလည်း ခံချင်သည်။ ဒါပေမယ့် သူက ဒီလိုလိုချင်ကြောင်း ဖွင့်မပြောနိုင်ဘဲ မနာလိုမှုကိုသာ ခံစားနေရသည်။ သူခုလိုဖြစ်နေသည်ကို ဘယ်သူမှ သတိမထားလိုက်မိပေ။

ဒီအိမ်မှာ ရှုနင်က အတော်လေး စားလိုက်သေးသည်။ ချင်ယွိဖူက သိပ်မစားသလို ယောက်ဖနှင့်အစ်မကို စကားမပြောဝံ့ဘဲ ရှုနင် အားပါးတရစားသည်ကိုသာ ပြုံးကြည့်နေမိသည်။ သူ့တူလေးက အရမ်းချစ်ဖို့ကောင်းသည်။ အစာစားတာ ရှဉ့်လေးနှင့်တူသောကြောင့် ချင်ယွိဖူက မနေနိုင်ဘဲ ရှုနင်၏ခေါင်းလေးကို ဖွဖွပွတ်ပေးနေမိသည်။

ဘယ်လောက်တောင် ရင်းနှီးလိုက်ကြသလဲ..။

ရှုချိန်က နောက်ထပ် မနာလိုဖြစ်လာပြန်သည်။ နေ့လည်စာစားပြီးတော့ သူတို့ ဘာမှလုပ်စရာမရှိတော့ပေ။ ချင်ယွိဖူက သူတို့ကို ဧည့်ခန်းမှာပဲထိုင်နေစေပြီး သူက ဆေးကြောကာ တစ်ယောက်တည်းလုပ်နေပြန်သည်။ ဧည့်ခန်းထဲလာပြီး စကားစမြည်တောင် မပြောသောကြောင့် ချင်ယွိကျိုးက သူမမောင်ကို အရမ်းစိတ်ပျက်နေသည်။

ရှုနင်က ဒုတိယထပ်မှာ လျှောက်ကြည့်နေသည်။ ဒီမှာ အိပ်ခန်းကျယ်တစ်ခန်းနှင့် အသေး ၂ခန်း၊ ဧည့်ခန်းတစ်ခန်းပါပြီး ရေချိုးခန်း၊ အိမ်သာ ၂ခန်းပါဝင်သည်။ အောက်ထပ်ခြံထဲမှာ ပန်းပင်များစိုက်ထားပြီး ကားပါကင်နေရာက အလွတ်ဖြစ်သည်။ ဦးလေးတော့ မကြာခင် ကားမောင်းလိုင်စင်ယူသင့်ပြီဟု တွေးနေသည်။ ချင်ယွိဖူက ပန်းကန်ဆေးပြီးတော့ သစ်သီးခွဲကာ ယောက်ဖတို့ကိုကျွေးပြီး ရှုနင်ရှိရာ အပေါ်ထပ်ကို လိုက်လာသည်။

၃ရက်တစ်ကြိမ် ဦးလေးနှင့်ဖုန်းပြောတာ မဆိုးဘူးဟု တွေးနေသည်။ ဦးလေးက အရင်ဘဝကထက်စာရင် အတော်လေး ပြောရဲဆိုရဲရှိလာလေပြီ။ ရှုနင်က ဦးလေးကို ကျေနပ်စွာကြည့်ကာ ပြောလိုက်သည်။

"ဦးလေး.. အားလုံးကတော့ မဆိုးပါဘူး.. ဒါပေမယ့် တစ်ခုလိုနေတယ်.."

"ဘာလိုနေလို့လဲ.."

"အဒေါ်လေ.."

"အာ.. အဓိပ္ပါယ်မရှိတာ လျှောက်မပြောနဲ့.."

ချင်ယွိဖူ၏မျက်နှာက ချက်ချင်းနီလာပြီး စကားများထစ်အကုန်သည်။

အိုး.. တစ်ခုခုတော့ ရှိနေပြီထင်တယ်..

ရှုနင်က ရှေ့တိုးကာ ခပ်တည်တည်နှင့်မေးလိုက်သည်။

"ဦးလေး.. ကွယ်ဝှက်ထားလည်း အလကားပဲ.. ရိုးရိုးသားသား ဝန်ခံလိုက်ပေတော့.."

"ငါ.. ငါ.. သစ်သီးသွားခွဲလိုက်ဦးမယ်.."

ထွက်ပြေးသွားသောဦးလေးကိုကြည့်ပြီး အလုပ်ကတစ်ယောက်ယောက်က ဦးလေးကို မိန်းကလေးနဲ့မိတ်ဆက်ပေးတာဖြစ်မည်ဟု တွေးမိသည်။ မျှော့လို ကြီးဒေါ်နှစ်ယောက်သာမရှိရင် ဦးလေးရဲ့ဘဝလည်း သားသမီးတွေနဲ့ စည်ပင်သာယာနေလောက်လေပြီ။

ပထမ ရှုနင်က ဒီမှာတစ်ပတ်လောက်နေရဖို့ စိတ်ကူးထားပေမယ့် ဦးလေးက သူဘယ်တော့အိမ်ပြန်မလဲလို့မေးတော့ တစ်စုံတစ်ခု ထိန်ချန်ထားသည်ကို ရိပ်မိလိုက်သည်။ ဒါကြောင့် ဦးလေးအိမ်ရောက်ပြီး တတိယမနက်ခင်းမှာ ရှုနင်က ဖိုမင်(အလုပ်ကြပ်) ဦးလေးဆီကိုဖုန်းခေါ်ကာ ဦးလေးအကြောင်း မေးလိုက်သည်။

ချင်ယွိဖူက Villa တစ်လုံးမှာ နေထိုင်နေကြောင်း ရွာကအစ်မနှစ်ယောက်က ကြားတော့ သူတို့က နောက်ထပ်ပရိယာယ်တစ်မျိုး လုပ်လာပြန်သည်။ ချင်ယွိဖူလို စိတ်ထားကောင်းသောသူက ဆင်းရဲဒုက္ခရောက်ချိန် သူ့ကိုပစ်ထားသော အစ်မများကို အပြစ်မတင်ပေမယ့် သူအဆင်ပြေချိန်မှာ လျစ်လျှူရှုရဖို့ကို လိပ်ပြာမလုံဖြစ်နေသည်။ ဘယ်လိုလုပ်ပြီး ဆင်းရဲကျပ်တည်းသော အစ်မနှစ်ယောက်ကို လျစ်လျှူရှုနိုင်မှာလဲ..။ အဲ့ဒီလိုလုပ်ရင် အရမ်းကို အရှက်တရားကင်းမဲ့သည်ဟု ဦးလေးက သေချာပေါက်တွေးပေလိမ့်မည်။

ရှုနင် ပြောစရာစကား မရှိတော့ပေ။

ထိုည ဦးလေးက အလုပ်ကနေ နောက်ကျပြီးမှပြန်လာခဲ့သည်။ ဦးလေးမျက်နှာပေါ်က လက်သည်းရာကိုတွေ့တော့ ရှုနင် ဒေါသထွက်လာခဲ့သည်။ ဖိုမင်က စီးကရက်ခဲရင်း အိမ်ထဲဝင်လာကာ ပြောပြလိုက်သည်။

"ဟိုမိန်းမနှစ်ယောက်က တကယ့်ကို အရှက်မရှိတဲ့သူတွေပဲ.. သူတို့က လူစိတ်ကိုမရှိကြဘူး.."

ရှုနင်က ချင်ယွိကျီနဲ့ ချင်ယွိလန်၏ကလေးသုံးယောက် လိုက်လာတာတွေ့တော့ မျက်လုံးအစုံ ကျဉ်းမြောင်းသွားခဲ့သည်။ ဒါက ဘယ်လိုတွေဖြစ်လာတာလဲ။

========================


ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးUnde poveștirile trăiesc. Descoperă acum