Chapter (65) _ အကိုကြီးရဲ့စီးပွားရေးကို ကျွန်တော် ကူညီပေးမယ်(Z+U)

17.7K 2.7K 37
                                    

Chapter (65) _ အကိုကြီးရဲ့စီးပွားရေးကို ကျွန်တော် ကူညီပေးမယ်(Z+U)

မျှော်လင့်ထားသလိုပဲ..အကိုကြီးက ငါ့ကို စိတ်ပူလို့ ဖုန်းဆက်လာတယ်။ သူ အရမ်းကောင်းတာပဲ....

"မင်း နေကောင်းရဲ့လား "

"အွန်း..ကောင်းတယ် "

ရှုနင်က ပျော်ရွှင်စွာဖြေလိုက်သည်။

"နေ့လည်စာ စားလို့ကောင်းရဲ့လား "

" ....... "

အကိုကြီးရဲ့အသံက ဘာကြောင့် ခါတိုင်းထက် အေးစက်နေရတာလဲ... ။ ရှုနင် ဘာဆက်ပြောရမှန်းမသိဖြစ်ကာ လျှာကိုက်မိသွားသည်။

" ငါမေးတာကို ဖြေစမ်း "

" ...... "

ဒီလေသံက အရမ်းကို လေးနက်ပြီး ရှုနင်ကို ဖိအားအများကြီးဖြစ်သဖြင့် ရှုနင် နူတ်ခမ်းကို ဖိကိုက်လိုက်မိသည်။ အကိုကြီးကို ဘာပြန်ဖြေရမှန်းမသိဖြစ်နေသည်။

" သူက အရမ်းကောင်းလို့လား "

" ....... "

ရှုနင်က အကိုကြီးရဲ့အဆက်စပ်မရှိ မေးလိုက်သည့် စကားကြောင့် ဆွံ့အကာ ဘာဖြေရမှန်းမသိဖြစ်နေစဉ် တဖက်က ဖုန်းချသွားခဲ့သည်။ ရှုဟိန်မေးလိုက်သည့် ပထမ မေးခွန်းကို ဘယ်လိုပြန်ဖြေရမှန်းမသိသောကြောင့် ငြိမ်နေမိခြင်းဖြစ်သည်။ မသိလျှင် သူကပဲ ရှုကျီရွှမ်းနဲ့ပေါင်းပြိး ရှုဟိန်ကို လုပ်ကြံသတ်ဖြတ်တော့မယ့်အတိုင်း လေသံက အေးစက်ကာ ကြောက်စရာကောင်းလွန်းလှသည်။

သူက ငါ ရှုကျီရွှမ်းနဲ့ပေါင်းပြီးသူ့ကိုလုပ်ကြံမယ်လို့တော့ မတွေးလောက်ပါဘူးနော်... ငါ အတွေးခေါ်တာ ဖြစ်မှာပါ။ သံသယကြီးတတ်တဲ့ အကိုကြီးရဲ့ စိတ်နေစိတ်ထားနဲ့ဆိုရင် သူ အဲ့လိုထင်လို့ကတော့ ငါ တကယ် သေပြီ။

အကိုကြီးမေးလိုက်တဲ့ စကားထဲမှာ နေ့လည်စာ စားလို့ကောင်းရဲ့လားဆိုတာ သူ ရှုကျီရွှမ်းနဲ့ နေ့လည်စာ အတူတူ စားတာကို ရည်ညွှန်းတာပဲဖြစ်မယ်။ သူ ဘာကြောင့် ရှုကျီရွှမ်းနဲ့ အတူ နေ့လည်စာ ထွက်စားရတာလဲ။ သူက သူ့အမေ ချင်ယွိကျိုးနဲ့ရှုကျီရွှမ်းတို့ ပူးပေါင်းကြံစည်ထားတာကို အကုန်သိအောင် လုပ်ပြီး အကိုကြီးကို ကာကွယ်ပေးချင်တာပဲရှိတာပါ...။

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now