(U)Chapter (93)_အကိုကြီးရဲ့ ခန္ဓာကိုယ်ကို တကယ်ကြီးကို လွမ်းနေမိပြီ

17.5K 2.2K 99
                                    

Chapter (93)_အကိုကြီးရဲ့ ခန္ဓာကိုယ်ကို တကယ်ကြီးကို လွမ်းနေမိပြီ


ထိုနေ့လည်းကောင်းကင်က ကြည်လင်ပြီးနေရောင်က တောက်ပလို့ နေသည်။ ထိုနေ့နေ့လည် တရေးအိပ်ချိန်တွင်လည်း ရှုနင်က သူ့  အဘိုးအကြောင်း ထပ်မံ အိပ်မက်မက်ခဲ့သည်။ ညနေခင်းတွင် အဖိုးကိုလွမ်းလွမ်းနှင့် အဖိုး သေချာပြုစုစောင့်ရှောက်ခဲ့သည့် ထင်းရူးပင်နှင့် ပန်းပင်များရှိသည့် ဥယျာဉ်ထဲတွင် လမ်းလျှောက်နေစဉ် အဖိုးအကြောင်းကို တွေးနေသည်။ အဖိုးက ဒီ ထင်းရှုးပင်ကို အရမ်းသဘောကျပြီး ညနေတိုင်း ဥယျာဉ်ထဲတွင် နေလေ့ရှိသည်။

 ထင်းရှုးပင်နှင့်ပတ်သတ်သည့် ကဗျာများနှင့်အနုပညာလက်ရာများလည်း သူ့အခန်းထဲတွင် ခင်းကျင်းပြသထားသည်။ ရှုနင်သည် ထိုအတွေးများအားလုံးကို အဖိုးစောင့်ရှောက်ခဲ့သည့် သစ်ပင်များထံ ပြောပြနေပြီး သစ်ပင်ထိပ်ဖျားက သစ်ကိုင်းတွေပေါ်က နှင်းတွေကို ကြည့်နေသည်။
အဖြူနှင့်ပေါင်းစပ်ထားသော အစိမ်းသည် ကြည့်ရတာ အရမ်းကို ထူးခြားနေသည်။

"ရှုနင်!"

ချင်ယွိကျိုး၏အသံထွက်လာပေါ်ပြီး ရှုနင် ၏ခြေလှမ်းများရပ်တန့်သွားပြီး သူ့မျက်လုံးများထဲတွင် မှေးမှိန်သွားခဲ့သည်။

ရှုနင် သည်နောက်သို့လှည့်ကြည့်လိုက်တော့ ချင်ယွိကျိုးသည် သူမက နူတ်ခမ်းကို တင်းတင်းစေ့ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အမြန်လျှောက်တာတာကို တွေ့လိုက်ရသည်။

သူမ ငါ့ကို ရိုက်ချင်နေတာလား?

ရှုနင်၏ပါးစပ်တွင် အပြုံးတစ်ပွင့်ဖြစ်သွားပြီး သူ၏အကြည့်များက မထီမဲ့မြင်ဟန်ဖြင့် ပြောလိုက်သည်။

 "အမေ.... မြန်မြန်ပြန်သွားပါ၊ အဖေက ကျွန်တော်တို့ကို  မတွေ့စေချင်ဘူး"

" ဘာ"

ချင်ယွိကျိုး ပြောချင်သောစကားလုံးများက လည်ချောင်းထဲတွင် တစ်ဆို့နေပြီး ရင်ဘတ်တစ်ခုလုံး  အမျက်ဒေါသ ဖြင့် ပြည့်နေသည်။ အံ့သြလွန်းလို့ ဘာပြေရမှန်းမသိဖြစ်နေစဉ် ရှုနင်က သူမကို သဘောမပေါက်ရတန်ကော ဆိုသည့် သဘောဖြင့် စိတ်ပျက်ဟန်ကြည့်ကာ ပြောလိုက်သည်။

 "တစ်ယောက်ယောက်က အမေ ဒီကို လာနေတာကို တွေ့သွားလိမ့်မယ်။ နေရာတိုင်းမှာ အဖေ့လူတွေက စောင့်ကြည့်နေမှာပေါ့"

"ကောင်းပြီ..မင်း...ဂရုစိုက်ပါ၊ အမေက မင်းကို အရမ်းလွမ်းနေတယ် ...... "

"အရေးမပါတာတွေ မပြောပါနဲ့တော့...မြန်မြန် သွားပါတော့ "

ချင်ယွိကျိုးက ရှုနင်ကို တွေ့ဖို့ အခွင့်ရေးကို  သုံးရက်လုံးလုံးရှာဖွေခဲ့ရသည်။ ထိုနှစ်များအတွက် ၀ မ်းနည်းစရာနှင့် နာကျင်မှုများအကြောင်း၊ သူမ ရက်ပေါင်းများစွာ အထီးကျန်ကာ ညများစွာ တစ်ယေက်တည်း စကားပြောနေခဲ့ရကြောင်း ရှုနင်ကို ပြောပြပြီး သူမဘက်ပါအောင် ဆွယ်ဖို့ ပြင်ဆင်ခဲ့ပေမယ့် အခုတော့ တခွန်းတောင် မပြောလိုက်ရပဲ မောင်းထုတ်ခံလိုက်ရသည်။

 ဖြစ်နိုင်ရင် ချင်ယွိကျိုးက ဒီစောက်ကလေးကို ပါးရိုက်ပစ်လိုက်ချင်သငည်။

  နောက်ဆုံးတွင် ချင်ယွိကျိုး၏ မျက်နှာအမူယာက ပျက်လာခဲ့သည်။ သူမက ဒီသားကို လောလောဆယ် တွင် အတင်းအကျပ်လုပ်လို့ မရသေးပေ။ သူက ထွက်မသွားခင် ပြောစရာရှိတာကို ပြောချင်သေးပေမယ့် ရှုနင်က သူမ ဘာမှ မပြောရသေးခင် ပြတ်သားသည့် အသံ ကျယ်ကျယ်ဖြင့် သူမကို ခုလို မောင်းထုတ်မည်ဟု ထင်မထားမိပေ။

 စကားအပြန်အလှန်ပြောဆိုပြီးနောက် ချင်ယွိကျိုး မကျေမနပ်ဖြင့် နောက်တစ်ဖန်ပြန်ဆုတ်သွားသည်။

ရှုနင်သည် ခြံထဲတွင် သွေးပူအောင် ရွရွပြေးတာကို  ဆက်၍ ပြုလုပ်ခဲ့သည်။ အေးခဲသောနေ့ ဖြစ်၍ သူသည် အဝတ်ထူထူကို အထပ်ထပ်   ၀ တ်ဆင်ခဲ့ရသည်၊ သူ၏ဖုန်းမြည်သံ ပေါ်လာပြီးနောက် သူ၏မျက်နှာပေါ်၌ စိတ်ရင်းမှန်သော အပြုံးလေးပေါ် လာခဲ့သည်။

"အိမ်ဖော်တွေက မင်း အပြေးသွားကျင့်နေတယ်လို့ပြောခဲ့တယ်။ ဆောင်းတွင်းက အေးတယ်။မြန်မြန်ပြန်လာတော့။ မင်း အအေးပတ်လိမ့်မ်ယ"

 "တကယ်လို့ ကျွန်တော် အအေးပတ်ရင် အကိုကြီးက ကျွန်တော့်ကို ဂရုစိုက်ချိန်ရှိမှာမို့လား....   "

သူသည် အသက် (၁၆) နှစ်သာရှိသေးပေမယ့် အလိုလိုက်ခံရလို့ ပျက်စီးနေပြီ။ အကိုကြီးကို အမြဲချွဲနွဲ့ကာ ဆိုးချင်နေမိသည်။

ရှုနင်က အကိုကြီးရဲ့အသံကို ကြားတော့ စိတ်တွေပျံ့လွင့်နေသည်။ မကြာခင်  အကိုကြီးက အမေရိကားကို ထွက်ခွာသွားရတော့မည်။ အကိုကြီး မသွားခင်ရက်တွေက သူတို့ တပူးပူးကပ်ကပ်နေခဲ့ပြီး အရမ်းပျော်နေကြသည်။ ရှုဟိန်က သူ့အချစ်ကို ဝန်ခံခဲ့ပြီး ရှုနင်က ဘယ်လိုမှ မတုန့်ပြန်ခဲ့ပေမယ့်  သူတို့နှစ် ဦး ကြားရှိလေထုသည် ထူးဆန်းနေခဲ့သည်။

"မင်း အကိုကြီး အကြောင်းကို သိပါတယ်..နင်နင်ရာ... "

ဒါ အမှန်ပဲ၊ ငါ အကိုကြိး အကြောင်းကို သိတာပေါ့...။  မင်း ငါ့ကို ဂရုစိုက်မယ်ဆိုတာ သေချာတယ်။ ရှုနင်က ကောင်းကင်ကြီးကိုငေးရင်း အကိုကြီးအကြောင်းကို စဉ်းစားနေသည်။.

ရှုဟိန်..ငါ့ရဲ့ဟိန်ဟိန်လေးရေ...မင်းက ရွှေလင်ဗန်းနဲ့ အချင်းဆေးပြီးမွေးခဲ့လို့ အရမ်းထက်မြက်ပေမယ့် အချစ်နဲ့ပတ်သတ်ရင် မင်းရဲ့ အိုင်ကျူကို နည်းနည်းလေး သုံးပါတော့လား။ မင်းက အခုလို ပြောလိုက်တော့ ငါက တီတီတာတာ စကားလေးတွေကို ဘယ်လို ဆက်ပြောရတော့မှာလဲ...


ရှုဟိန်သည်အလွန်နူးညံ့သိမ်မွေ့စွာဖြင့် ဆက်ပြောခဲ့သည်။

" မင်း ငါ့ကိုမယုံဘူးဆိုရင် ဒီည အိမ်ကိုပြန်လာတဲ့အခါ  ကိတ်မုန့်တစ်လုံးယူလာမယ်။ ဖေဖေ  အအေးမိနေလို့  သူ့ကို ရုံးမှာ ငါ ကူညီနေရတယ်။ မင်းကို ငါ ဂရုစိုက်ချင်ပေမဲ့ မင်းရုံးကို မလာခဲ့ဘူးလေ ....... "


ရှုဟိန်က ရှည်လျားစွာရှင်းပြခဲ့သည်။ ဒါက နတ်ဘုရားကြိးရဲ့ အဓိက ပြောင်းလဲသွားတဲ့ အချက်ဖြစ်သည်။

 "ကောင်းပြီ၊ ဒါ ကျွနတော့် အမှားပါ၊ အကိုကြိး ပြန်လာတဲ့အခါ   တွေ့မယ်"

သူသည် ဖုန်းချလိုက်ပြီးမှ နောက် သူနောင်တ ရနေ ခဲ့သည်။

ဟား...

ရှုနင်က အကိုကြီးကို စိတ်မကောက်ပဲ ခွင့်လွှတ်သင့်သည်ဟု တွေးနေသည်။ ဒီလို အေးစက်တဲ့ဆောင်းရာသီမှာ စိတ်ကောက်ပြီး တခန်းစီအိပ်တာ အဆင်မပြေဘူးလေ။ လင်မယားတွေလို စကားများပေမယ့်လည်း တယောက်ကို တယောက်ခွင့်လွှတ်ပြီး ချစ်ရမယ် မဟုတ်လား။ ဘာပဲဖြစ်ဖြစ် တယောက်ကို တယောက် စိတ်ဆင်းရဲအောင် ညှင်းဆဲတာကိုရပ်သင့်ပြီ။  ဒီညနောက်တစ်ခါ အကိုကြီး အိပ်ရာပေါ်ပြန်တက်ရင် လက်ခံလိုက်ပါ့မယ်။

ဖုန်းမြည်သံထွက်လာတော့ ရှုနင်က ချက်ချင်း ဖုန်းကို ကိုင်လိုက်သည်။ ရှုဟိန်က ဖုန်းထဲကနေ သူ့ကို ဂရုတစိုက်ရှင်းပြနေခဲ့သည်။  သူ့စကားလုံးတွေကို ဂရုတစိုက်ရွေးချယ်လိုက်ပြီး ပြောနေလို့ ရှုနင်က အရမ်းသဘောကျသွားပြီး ရင်ထဲမှာ ပန်းတွေပွင့်နေတော့တယ်။

ရှုဟိန်နဲ့ရှုချိန်တို့က ညမှာ အိမ်ကို အတူတကွပြန်လာခဲ့ကြသည်။ ချင်ယွိကျိုးက ဧည့်ခန်းတွင်ရှိနေပြီး သူမ ချက်ချင်းထရပ်ပြီး သူတို့ကိုပြုံးကာ ကြိုလိုက်သည်။ ရှုဟိန်က ရှုချိန်ရဲ့လက်ကိုလွှတ်လိုက်ပြီး အပေါ်ထပ်ကို တက်သွားတယ်။ ညစာကို သူတို့တစ်တွေ သီးခြားစီစားခဲ့ကြသည်။ ရှုဟိန်က ရှုနင်နဲ့အတူတူ စားပြီး ရှုချိန်က ချင်ယွိကျိုးနှင့် အတူစားသည်။

ချင်ယွိကျိုးက  အခြေအနေများ မည်သို့ဖြစ်လာ မလဲဆိုပြီး စိုးရိမ်နေခဲ့သည်။ သူမ လိုချင်တဲ့အတိုင်း ဖြစ်လာပါ့မလားဆိုပြီး ရင်တွေပူနေသည်။
ဘာလို့လဲဆိုတော့ ...... ဒီဟာက သူတို့သဘောတူပြီး ကွာရှင်းတဲ့နေ့ဖြစ်သောကြောင့်ပင်...။

သူတို့နှစ်ယောက်ဟာ အပေါ်ထပ်တက်ပြီး စားသောက် ကာ ဝိုင်ကို အတူသောက်ခဲ့ကြပြီး တေးဂီတကိုဖွင့်ကာ အတူတွဲ ကခဲ့ကြသည်။ သူမသည် ရှုချိန်၏လက်များကို သူမရဲ့ခါးပေါ် ဆွဲတင်ပြီး သူ၏နူးညံ့သိမ်မွေ့သော အကြည့်ကို မြင်လိုက်စဉ် ချင်ယွိကျိုး သူ့အပေါ်ကို ကြွေကျလုနီးနီးဖြစ်သွားခဲ့သည်။

အခု သူမ လိုချင်သည့် အကျိုးအမြတ်ရလွဲရင် အချစ်ကော၊ အမုန်းကော မရှိတော့ဘူးမဟုတ်လား။  ကောင်းမွန်သောအချိန်ကာလများသည် တိုတောင်း လွန်းလှသည်။  ရှုချိန်က စာရွက်စာတမ်း များကို အိတ်ထဲ သေချာထည့် လိုက်သည်။ သူက ချင်ယွိကျိုး ကို ဘာမှမပြောသလို ပြောဖို့လည်း မလိုအပ်တော့ပေ။


ချင်ယွိကျိုးသည်စားပွဲပေါ်ရှိ စာအိတ်ကိုလျစ်လျူရှုပြီး အလှအပပစ္စည်းများဖြင့် သေချာလိမ်းခြယ်ကာ ရေမွှေးဆွတ်လိုက်သည်။ သူမ တကိုယ်လုံးက လှပကျော့ရှင်းလို့နေသည်။

 သူမခင်ပွန်းအား ယခင်အတိုင်း အိပ်ယာထက်တွင် လှဲရာတွင် ကူညီပေးပြီး  အိပ်ရာဝင်စေခဲ့သည်။ ချင်ယွိကျိုးက လိုတာ အကုန်လုပ်ပေးပြီးမှ သူမက စက္ကူအိတ်ကိုယူပြီး ပထမထပ်ရှိ သူမရဲ့ အခန်းသို့မသွားမီ ရှုချိန် နှစ်နှစ်ခြိုက်ခြိုက်  အိပ်ပျော်သွားမည်ကိုစောင့်ခဲ့သည်။ သူမက အချိန်ကြာမြင့်စွာ မနေခဲ့သဖြင့် သူမရဲ့အိပ်ခန်းက အတော်လေးမှောင်မဲနေသည်။ သူမသည် ပြတင်းပေါက်များကို ဖွင့်လိုက်သောအခါ လေအရှိန်ပြင်းစွာ တိုက်ခတ်လာပြီး သူမကိုတုန်လှုပ် လာစေခဲ့သည်။ သူမ ယခုအချိန်တွင် သူ့ကိုယ်ကို ဖက်ထားချင်ခဲ့သည်။

ချင်ယွိကျိုးသည် သူမအိတ်ကိုအေးဆေးစွာ မဖွင့်မီအချိန်ကြာမြင့်စွာ ဆိုဖာပေါ်တွင် ထိုင်နေခဲ့သည်။

ရှုချိန် သည်သာမန်လူတစ် ဦး မဟုတ်ပါ၊ ကွာရှင်းပြတ်စဲမှုများကို သူတို့လုပ်သကဲ့သို့ လုပ်ပါက မြို့အနှံ့အပြားရှိ မီဒီယာများ အားလုံး သိသွားဖို့ တစ်နာရီလောက်ပင်ကြာလိမ့်မည်မဟုတ်ပါ။ ရှုကောင်းက သူ့မြေးတွေကို မပတ်သတ်စေဖို့ လုပ်ခိုင်းခဲ့တာဆိုပေမယ့် ရှုချိန်က သူမရဲ့  ဂုဏ်သတင်းပျက်သွားတာကို မမြင်နိုင်ဘူး၊ ဒါကြောင့် သူတို့ဟာ အထူးနည်းနဲ့သာ တိတ်တဆိတ် ကွာရှင်းခဲ့သည်။

ချင်ယွိကျိုး၏မျက်လုံးထောင့်မှာ မျက်ရည်ဖြင့် စိုစွတ်နေပြီး သူမ အချိန်အနည်းငယ်အကြာ ငိုခဲ့ သည်။ သို့သော် သူမမျက်ရည်များက အခုထိ ကျနေဆဲဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ယောက်ျားက ငါ့ကိုချစ်နေတုန်းပဲ, ရှုနင်ရဲ့မျက်နှာပေါ်က အမူယာက အေးစက်နေတယ်။ ဒါပေမယ့်လေသံက နွေးထွေးနေတယ်။ သူက ငါ့ကို  ဂရုမစိုက်ဘူးဆိုရင် သူ့ကိုဒီလိုမျိုး ခက်ထန်တဲ့ စကားတွေကို ဘာကြောင့်ပြောနေခဲ့ ရတာလဲ။

ရှုယောင်းက အရမ်းငယ်လွန်းသဖြင့် အခုချိန်မှာ သူမက ရှုနင်ကိုသာ အားကိုးနိုင်တော့မည်။ ရှုဟိန်က  နင်နင်ပေါ်ကို ညီအရင်းလို ချစ်တယ်ဆိုတာက လေးနက်လွန်းနေတယ်။  ဒါကိုပြန်စဉ်းစားကြည့်ရင် ရှုနင်က သူမကို အန္တရာယ်ပြုချင်ရင် လွယ်လိမ့်မယ်။

ချင်ယွိကျိုးက သူမရဲ့အခြေနေကို စဉ်းစားရင်း ကြောက်လန့်တုန်လှုပ် နေမိတယ်၊ သူမ အရမ်းနာကျင်နေလို့ ကိုယ်ကို ဘောလုံးလေးလို ကွေးကွေးလေးနှင့် အိပ်ယာထက်မှာ လှဲလိုက်သည်။ သူမရဲ့ပုံက  သနားစရာကောင်းပြီး အကူအညီမဲ့နေပုံပေါ်နေသည်။

ဒုတိယထပ်ရှိ မာစတာအိပ်ခန်းထဲတွင် ရှုနင်က ရှုဟိန် ပြန်ရောက်ချိန်ကတည်းက ကားသံကို ကြားခဲ့ရသည်။ သူ့စိတ်ထဲ အတွေးဝင်လာသဖြင့် သူက အကိုကြီး အလွယ်တကူမမြင်အောင် ပုန်းအောင်း နေလိုက်ပြီး အကိုကြီး သူ့ကို လာရှာမည်ကို ရင်တဖိုဖိုနဲ့ စောင့်နေသည်။

ဗီရိုထဲမှာ မှောင်မိုက်နေသော်လည်း ရှုနင်၏လက်ထဲတွင် ဖုန်းမီးရဲ့အလင်းရောင် ရှိနေသည်။ သူဟာ အတွင်းကိုမကြည့်မိလို့ ဘာတွေရှိနေတယ်ဆိုတာ  သူ မသိခဲ့ဘူး၊ ဒါပေမယ့် အခုမြင်ရတာက တကယ့်ကိုထိတ်လန့်စရာပဲ။ ဗီရိုအတွင်း၌ လျှို့ဝှက်အခန်း ရှိနေပြီး ပါးစပ်ဖြင့် ဖွင့်ပြောလို့ မရတဲ့ အရာတွေ ရှိနေမည်ဟု ဘယ်သူ ထင်မှာတဲ့လဲ...

 သို့သော် ဒါတွေက ဖော်ပြရန် မသင့်တော်တာတော့ မဟုတ်ပါ။ ဒီထဲက အဝတ်အားလုံးက ရှုနင်  ဝတ်ဆင်ခဲ့သောအရာများဖြစ်သည်။ အဲဒါကို ဆွဲထုတ်လိုက်ပြီး အမြီးပါတဲ့ဘောင်းဘီများစွာ ထွက်လာပြီး ရှုနင်ရဲ့ပါးစပ်က တွန့်ကာ ရှက်သွားမိသည်။

ဒါက အကိုကြီးရဲ့သီးသန့် စုဆောင်းထားတဲ့အရာ တွေပေါ့....

ဒုတိယထပ်ရှိ အိပ်ခန်းကြီးထဲက ဗီရိုထဲတွင် ရှုနင်က သူ့ရှေ့က အရာများကို အာရုံစိုက်နေခဲ့သဖြင့် အပြင်တွင် အကိုကြီးရောက်လာခဲ့သည်ကို လုံးဝ သတိမထားမိ တော့ပေ။  ရှုဟိန်က ဗီရိုကိုဖွင့်သောအခါ နင်နင်၏ပါးပြင် နှစ်ဖက်စလုံး နီနေသည်။

အထူးသဖြင့် ရှုနင်က သူ့ဘယ်ဘက်လက်၌ ကြောင်နားရွက် တစ်စုံရှိပြီး သူက ထိုကြောင်နားရွက် ဆံကုတ်ကို ခေါင်းပေါ်တပ်ဆင်ကြည့်ရန် ကြိုးစားကြည့်နေသလို သူ၏ညာဘက်တွင် မြင်တာနဲ့ စိတ်ကို ထကြွစေလောက်သည့် အတွင်းခံဘောင်းဘီလေးတထည်ကို ကိုင်ထားခဲ့သည်။

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now