21.4K 3.6K 96
အဖေ.. မှားပြန်ပြီ..။
"ဘာဖြစ်သွားသေးလဲ.."
"........."
"အိုကေ.."
"အွန်း.."
"အခု ပျော်သွားပြီလား.."
"........."
"........."
"လိမ်လိမ်မာမာနေနော်.."
"........."
"........."
"ငါပြောတာ နားထောင်ပါ.."
"ကောင်းပြီ.."
"ဘာဖြစ်လို့လဲ.."
=======================
Chapter (47) – အစ်ကိုကြီး၏ ပထမဆုံးအနမ်းပိုင်ရှင် နင်နင် (Z+U)
ရှုနင်သည် ဆိုဖာပေါ်မတ်တပ်ရပ်ကာ ဖုန်းရှိရာ ကိုယ်ကိုငုံ့ကိုင်းကာ ပြောလိုက်သည်။
"အဖေ.. ခုကိစ္စမှာ ကျွန်တော်က မှားတာပါ.. အစ်ကိုကြီးနဲ့ ဘာမှမဆိုင်ပါဘူး.. ဟိုတစ်နေ့က လူငယ်စုဝေးပွဲမှာ ရှုကျီဟွေ့ကို ကျွန်တော်မခံချင်အောင်လုပ်ခဲ့မိလို့ နောက်တစ်နေ့ သူက ကျွန်တော့်ကိုနှောင့်ယှက်ဖို့ အိမ်ကိုလာခဲ့တယ်.. ကျွန်တော်က စာလုပ်နေလို့ မအားတာနဲ့ သူ့ကိုအဖော်လုပ်ပေးဖို့ ဟော်ရန့်ကို ခွင့်ပြုလိုက်မိတယ်.. ကျွန်တော်က ခုလို.. ခုလိုဖြစ်သွားဖို့ မမျှော်လင့်ထားမိဘူး.."
ဒီလိုပြောရာမှာ ရှုနင်က သူ့အမေချင်ယွိကျိုးဆီကရတဲ့ပညာကို ပါးပါးလေး ထုတ်သုံးလိုက်ခြင်းဖြစ်သည်။ ချင်ယွိကျိုးက မှန်ကန်တဲ့အချိန်မှာ အချိန်ကိုက်ရောက်လာတတ်ပြီး လုပ်သမျှက ထိရောက်နေတာဖြစ်သည်။ စမတ်ကျတဲ့လူဆိုတာ အတုံးလိုက်အတစ်လိုက် ပြောစရာမလိုဘဲ လိုအပ်သလောက်လေး ပြောလိုက်ရုံနဲ့ လိုချင်တဲ့ရလဒ် ထွက်သွားကြတယ်။ ရှုကျီဟွေ့က ခုမှ 12 နှစ်ပဲရှိသေးပေမယ့် 13 နှစ်အရွယ် ရှုနင်ကို စပ်စုလိုစိတ်နဲ့ အိမ်ထိလိုက်လာတယ်ဆိုတာ ပုံမှန်တော့မဟုတ်ဘူး။ ချမ်းသာသောအိမ်က မျိုးဆက်တွေက အရွယ်ရောက်တာမြန်ပြီး သူမ ခုလိုလုပ်တာက လူကြီးတွေအမြင်မှာ ဆိုးဝါးသောမိန်းကလေး ဖြစ်သွားစေသည်။
ရှုကျီဟွေ့ရဲ့အကျင့်စရိုက်က မကောင်းတဲ့အပြင် သူတို့ပင်မမိသားစုက မဟုတ်ပေ။ ရှုကောင်းက သူ့သားကို အရမ်းကာကွယ်တတ်သလို ရှုချိန်လည်း သူ့သားတွေကို ကာကွယ်လိုစိတ်ကြီးသူဖြစ်သည်။ ရှုနင်၏စကားကိုကြားတော့ ရှုချိန် စိတ်ပြေသွားပြီး ရှုဟိန်ကိုပြောလိုက်သည်။
"ရှောင်ဟိန်.. မနက်ပိုင်းစာလုပ်တာ ကောင်းပေမယ့် ညနေပိုင်းဆိုရင် နင်နင်ကို နားခိုင်းလိုက်တော့.. သူ့ခန္ဓာကိုယ်က ညနက်ထိစာလုပ်ဖို့ မသင့်တော်ဘူး.."
အဖေ.. မှားပြန်ပြီ..။
ရှုနင်က စိတ်ပူပြီး နဖူးမှာချွေးစို့လာပြီး သူ့အဖေကို လှမ်းပြောလိုက်သည်။
"အဖေ နားလည်မှုလွဲနေပြီ.. အစ်ကိုကြီးက ကျွန်တော့်ကို အသီးကျွေးနေတာ.. ဒီရက် ကျွန်တော် ညဘက် ခြံထဲမှာခြေခေါက်လဲတော့ အစ်ကိုကြီးကပဲ ကျွန်တော့်ကို တနေကုန် အဖော်လုပ်ပေးနေတာ.."
အဖေက သူ့ချစ်သားကြီးအတွက် ကိုယ်တိုင်ကျင်းတူးပေးနေတာ.. (_(:зゝ∠)_) ကျေးဇူးပြုပြီး အစ်ကိုကြီးမျက်နှာ မည်းမှောင်နေပြီလို့ မပြောပါနဲ့..
ရှုချိန်က မျက်မှောင်ကြုတ်သွားသည်။
"ဘာဖြစ်သွားသေးလဲ.."
"အွန်း.. ကျွန်တော် အခုကောင်းသွားပြီ.."
ရှုဟိန်က ရှုနင်ကိုပွေ့ချီကာ အောက်ကိုချလိုက်ပြီး ပြောလိုက်သည်။
"အဖေ.. မကြာခင် အိမ်ပြန်လာသင့်ပြီ.."
"........."
ရှုချိန်၏နှုတ်ခမ်းက တွန့်သွားသည်။ သူ့မေးခွန်းကို သားကြီးက ဘာကြောင့်မဖြေသေးတာလဲ။
"အဖေ.. ဘယ်အချိန် ပြန်လာမှာလဲ.."
ရှုနင်က သူ့အဖေနဲ့အစ်ကိုကြားမှာ ဆက်ဆံရေးဆိုးဝါးတာ မလိုချင်ပေ။
ချင်ယွိကျိုး၏ဗိုက်ထဲက ကလေးအခြေအနေက ကောင်းကောင်းမတည်ငြိမ်သေးတာကြောင့် ရှုချိန်က ရှုနင်ကိုမေ့နေမိသည်။ ရှုနင်က သူနှင့်ဝေးရာမှာ ကြီးခဲ့ရပြီး အခု ဒီကလေးက အိမ်ရောက်လာပေမယ့် သူ ကောင်းကောင်းဂရုမစိုက်ပေးနိုင်ခဲ့ပေ။ သူ့သားငယ်လေးက အဖေပျောက်လို့ ရှာနေပြီ။ သူ အိမ်ပြန်ပြီး သားငယ်ကိုအဖော်ပြုပေးမှဖြစ်မည်။ သူဘယ်လောက် အလုပ်ရှုပ်ပါစေ.. ဖုန်းတော့ ပုံမှန်ဆက်သင့်တယ်မလား။
"ကောင်းပြီ.. အဖေ့ပန်းသီးလေး.. အဖေ မနက်ဖြန်ပြန်လာမယ်.."
"အိုကေ.."
သားငယ်လေးက ရွှင်မြူးစွာပြန်ဖြေလိုက်သံကို ရှုချိန်ကြားလိုက်ရသည်။
ရှုဟိန်က ရှုနင်၏ နှင်းဆီရောင်မျက်နှာလေးကို အသာထိကာ နူးညံ့စွာပြောလိုက်သည်။
"အဖေက အလုပ်များတယ်.. ဆက်မနှောင့်ယှက်နဲ့တော့.."
"အွန်း.."
ရှုဟိန်နှင့် ရှုနင်ကြားက စကားကိုကြားတော့ ရှုချိန် စိတ်သက်သာရာရသွားပြီး သားကြီးကို နည်းနည်းမှာကြားကာ ဖုန်းချလိုက်သည်။
ထိုအချိန် ချင်ယွိကျိုးက ရေချိုးပြီးထွက်လာကာ တက်ကြွစွာမေးလိုက်သည်။
"ရှင် Tai ပန်းခြံကိစ္စ ပြီးသွားပြီလား.. အခု ပြင်သစ်ကို သွားလို့ရပြီလား.."
"အင်း.. အခြေခံအုတ်မြစ်ကတော့ ပြီးပြီ.. ကိုယ်တို့ အိမ်ပြန်ကြမယ်.. ကလေးတွေက ကိုယ်တို့ကို လွမ်းနေကြပြီ.."
ချင်ယွိကျိုးက ဆံပင်ကိုငုံ့ကာသုတ်ရင်း မျက်နှာပေါ်ကခံစားချက်ကို မမြင်အောင်ဖုံးကွယ်ကာ ပြောလိုက်သည်။
"ကျွန်မတို့ရောက်နေတာ ကြာနေပြီဆိုတော့ အိမ်ကိုပြန်သင့်နေပြီ.."
သူက ရှုအိမ်တော်ကိုဝင်လာကတည်းက ရှုကောင်းနှင့်ရှုဟိန်ကြောင့် တစ်ချိန်မှ စိတ်အေးလက်အေး မနေရပေ။ ဒါ့အပြင် ရှုဟိန်၏မိခင်ဘက်က မော့ဝ်မိသားစုကိုလည်း ထည့်သွင်းစဉ်းစားပြီး သူမက ဝံ့ကြွားစွာ လူသိရှင်ကြားမနေခဲ့ရပေ။ အခု သူမက ကိုယ်ဝန်ဆောင်ထားရတော့ သူ့ယောက်ျားအတွက် အဓိကလူဖြစ်သွားရစဉ် ပြင်သစ်ကို ဟန်းနီးမွန်းထွက်ဖို့ ပြင်ဆင်ထားပေမယ့် ရှုနင်က လွမ်းတယ်ဆိုသည်စကားကြောင့် အိမ်ပြန်ရတော့မည်။
ချင်ယွိကျိုး၏စိတ်ထဲမှာ သားကလွမ်းတယ်ဆိုလို့ ကျေနပ်စိတ်တစ်ဝက်၊ ပြင်သစ်မသွားရလို့ မကျေနပ်စိတ်တစ်ဝက် ခံစားရပြီး စိတ်ရှုပ်လာသည်။
တစ်ဖက်မှာတော့ ရှုနင်နှင့်ရှုဟိန်ကြားက ဆက်ဆံရေးက ပိုနွေးထွေးရင်းနှီးနေသည်။ ရှုနင်က သူ့အစ်ကိုကြီး လက်ကို သန့်ရှင်းပေးနေတာခံယူရင်း အနေအထားမှားယွင်းနေသလို ခံစားလိုက်ရသည်။ အစောပိုင်းက အဖေ့ကိုပြောဆိုနေစဉ် အစ်ကိုကြီး သယ်ချလာပြီး ပွေ့ချီထားစဉ် သတိမထားမိပေမယ့် အခု သူက အစ်ကိုကြီးပေါင်ပေါ်မှာ မျက်နှာချင်းဆိုင်ခွထိုင်ထားသလို ဖြစ်နေတာ သိလိုက်ရသည်။
ရှုဟိန်က လက်တစ်ဖက်နှင့် သူ့ကျောကိုထိန်းကိုင်ကာ လက်တစ်ဖက်က သူ့မျက်နှာကို အသာအယာထိကာ သူ့ကို နက်ရှိုင်းစွာစိုက်ကြည့်နေသည်။ ရှုနင်က အစ်ကိုကြီးနှင့်ဝေးရာကို ရုန်းဖို့ကြိုးစားစဉ် အစ်ကိုကြီးက မေးလိုက်သည်။
"အခု ပျော်သွားပြီလား.."
ရှုနင်က အစ်ကိုကြီး၏လေသံထဲက ဖိအားကို ခံစားလိုက်ရပြီး ရှုဟိန်မပျော်ဘူးဆိုတာ သိလိုက်ရသည်။ အစောပိုင်းက ချုပ်တည်းထားသမျှ ခုမှ ဒေါသထွက်လာတာများလား။ ရှုနင်က ထွက်ပြေးချင်ပေမယ့် အစ်ကိုကြီးက ထိန်းထားကာ သူ့နားရွက်နားကပ်ကာ ပြောလိုက်သည်။
"မင်း နောက်တစ်ခါ ခပ်ဆိုးဆိုးလုပ်ရင် အရိုက်ခံရမယ်.."
"........."
"ရွှီကျင်းက သူ့ညီ သူ့စကားကိုနားမထောင်ရင် တင်ပါးကို ဆော်ပလော်တီးတယ်တဲ့.. မင်းလည်း စကားနားမထောင်ရင် တင်ပါးကို အရိုက်ခံရမယ်.."
"........."
ဆူနေ.. သူက ဆူနေတာလား.. တင်ပါးကို ရိုက်မယ်တဲ့လား..
ရှုနင်၏နားရွက်က နီလာပြီး မြေကြီးက အက်ကွဲကြောင်းများရှိရင် ပြေးပုန်းလိုက်ချင်တော့သည်။
"လိမ်လိမ်မာမာနေနော်.."
နွေးထွေးသောတီးတိုးသံလေးက နားရွက်ကို တိုးဝှေ့နေချိန် လျှပ်စီးကြောင်းလေးတွေက ရှုနင်ကိုယ်ထဲ စီးဝင်သွားသလို ခံစားလိုက်ရပြီး သူ့ကိုယ်လေးက အားမရှိဘဲ ပျော့ကျလာသည်။ ရှုနင်က နာခံစွာဖြင့် အစ်ကိုကြီး၏ပုခုံးပေါ် မျက်နှာအပ်ကာ ရင်ဘတ်ကိုမှီကာ ထိုင်လိုက်သဖြင့် ရှုဟိန်က ကျေနပ်သွားပြီး ရှုနင်၏ကျောလေးကို အသာအယာပွတ်ပေးလိုက်သည်။
ရှုနင်၏စိတ်ထဲမှာ ခုလိုမျက်နှာချင်းဆိုင် အစ်ကိုကြီးကိုခွထိုင်ထားပြီး ကလေးငယ်လေးလိုထိုင်နေရလို့ အရှက်တကွဲခံစားနေရသည်။ ဒီနေ့ကစပြီး နို့နှစ်ခွက်သောက်ရမည်ဟု တွေးနေသည်။ အရပ်မြန်မြန်ရှည်လာမှ ခုလိုအရှက်တကွဲအနေအထားက လွတ်တော့မည်။ ဟော်ရန်က သူ့ထက်အရပ်ပိုရှည်တာတွေးမိတော့ ရှုနင်က သူ့အဖြစ်ကို ဝမ်းနည်းနေသည်။ ဘယ်လောက်တောင် ကံဆိုးလိုက်လဲ။
ရှုဟိန်က ရှုနင် ခုလို ပျော့ခွေနေလိုက်သောကြောင့် သူ့ညီလေး သူ့ကိုကြောက်သွားပြီလားဟု တွေးနေသည်။ ငါက သူ့ကို စလိုက်တာပါ..။ ကလေး ကြောက်သွားတာလား..
ရှုဟိန်က ရှုနင်၏အင်္ကျီထဲ လက်လျှိုဝင်ကာ ကျောကအသားလေးကို အသာအယာပွတ်သပ်ပေးကာ နှစ်သိမ့်လိုက်တော့ ရှုနင်က မသိမသာတုန်ယင်သွားပြီး နှုတ်ဖျားက ကြောင်ပေါက်လေးလို ညည်းသံတိုးတိုးလေး ထွက်လာသည်။ ရှုနင် ကြက်သီးလေးထလာသဖြင့် ရှုဟိန် ကျေနပ်စွာပြုံးကာ ညီလေး၏ကျောကို ဖွဖွပွတ်သပ်နှစ်သိမ့်ပေးနေသည်။
ရှုနင်က မျက်လုံးလေးမှေးစင်းကာ ပျင်းရိစွာပြောလိုက်သည်။
"ပြင်းပြင်းလေးကုတ်ပေး.. ကျွန်တော့်ပုခုံးကိုလည်း ကုတ်ပေး အစ်ကိုကြီး.."
ရှုဟိန်၏မျက်နှာထက်က အပြုံးက ပိုကျယ်ပြန့်လာပြီး ရှုနင်ညည်းသံလေး ပိုထွက်လာအောင် ပိုပိုပြီးပွတ်သပ်ပေးလိုက်သည်။
ရှုဟိန်က ရှုနင်၏တင်ပါးကနေ ပင့်မပြီး အိပ်ခန်းဆီကို လျှောက်လာခဲ့သည်။ ရှုနင်၏မျက်နှာက ခုလို သူ့ကိုချီမသွားတော့ သရဲမြင်သလို ခံစားလိုက်ရသည်။
အစ်ကို.. ဘာကြောင့် ကျွန်တော့်ကို ခုလိုပုံစံကြီးနဲ့ ပွေ့ချီလာရတာလဲ..
သူ့သားလိုသဘောထားပြီး ပွေ့ချီလာတာလား..
အရင်ဘဝတုန်းက ငါ့မှာ လေးစားမှုလေးရှိပေမယ့် ခုဘဝတော့ ငါက ဘယ်လိုဖြစ်နေပြီလဲ..။
ရှုဟိန်က သူ့ညီလေးကို ခွလျက်အနေအထားအတိုင်း ပွေ့ချီကာ ခါတိုင်းထက်အချိန်ဆွဲပြီး ဖြည်းညင်းစွာ အိပ်ခန်းကိုပြန်လာသည်။ ခုလိုပွေ့ချီတာက အလျားလိုက်သယ်တာထက် ပိုရင်းနှီးမှုရှိပြီး လူချင်းပိုရင်းနှီးနိုင်သောကြောင့် သဘောကျနေသည်။ သူတို့နှစ်ယောက်က တသားတည်းလိုခံစားရပြီး ပိုပြီးသက်တောင့်သက်သာရှိသည်။ သူ့ညီလေးက နူးညံ့သောကြောင့် ဒီညီလေးကို ဂရုတစိုက်ပျိုးထောင်ရမည်။ ဘယ်သူမှ သူ့ကို ထိခိုက်အောင်မလုပ်နိုင်ဖို့ ကာကွယ်ပေးရမည်။ ဒါကိုထုတ်မပြောပေမယ့် ရှုဟိန်ရင်ထဲ ခိုင်မာစွာဆုံးဖြတ်ထားလိုက်သည်။ ထိုစဉ် ရှုဟိန်က ရှုနင်၏နဖူးကို ညင်သာစွာနမ်းကာ ပြောလိုက်သည်။
"နောင်မှာ မင်း လူတစ်ယောက်ကို သဘောမကျရင် သည်းခံစရာမလိုဘူး.. တစ်ခါတည်း မောင်းထုတ်ပစ်လိုက်လို့ရတယ်.."
ရှုနင်က သူ့ IQ တွေပျောက်ဆုံးသွားသလို ခံစားရပြီး ဘာပြန်ပြောရမှန်းမသိ ကြောင်ငေးငေးလေးဖြစ်သွားသည်။
သူတို့ အိပ်ခန်းထဲရောက်တော့ ရှုဟိန်က ရေချိုးခန်းထဲ တစ်ခါတည်းခေါ်လာပြီး အိမ်သာအဖုံးပေါ်မှာ ရှုနင်ကိုထိုင်စေပြီး သူက အင်္ကျီလက်ကိုပင့်တင်ကာ ရေချိုးကန်ကို ရေစပ်နေတော့သည်။
ရှုနင်က ထိုင်နေရာကနေ ခြေထောက်ကိုယမ်းနေရင်း မျက်ရည်ကျချင်နေသည်။
ငါ့ရဲ့ရိုးသားမှုလေးတွေတော့ သွားပါပြီ.. သူက ငါ့ကို ရေထပ်ချိုးပေးမလို့လား.. ဒီကန်ထဲကရေတွေက ငါ့မျက်ရည်တွေနဲ့ ပြည့်နေသလိုပဲ..
"ဘာဖြစ်လို့လဲ.. မသက်မသာ ခံစားနေရတာလား.."
"........."
"ရှူးပေါက်ချင်လို့လား.."
ရှုဟိန်က ရှုနင်ကို ကူညီပေးပြီး ရှူပေါက်ဖို့ အပြင်ကိုရှောင်ထွက်သွားပေးခဲ့သည်။
ရှုနင်က စိတ်လျှော့လိုက်တော့သည်။ ကောင်းပြီ.. ကောင်လေးရေ.. ငါ့ကိုဆေးကြောဖို့ မင်းကို ခွင့်ပြုပေးလိုက်မယ်..။ ဒါပေမယ့် ယောက်ျားတစ်ယောက်မှာ မကြည့်သင့်တဲ့နေရာ ၃ခုရှိတယ်ကွ..။
ရေချိုးပြီးနောက် ရှုဟိန်က ဝေခွဲရခက်နေသည်။ ရှုနင်က နို့တစ်ခွက် ထပ်သောက်ချင်နေသည်။
"မင်း အိပ်ယာထဲ သေးပေါက်ချမိလိမ့်မယ်.."
"........."
"ငါပြောတာ နားထောင်ပါ.."
ငါ ကျရှုံးသွားတာလား..၊ မဖြစ်ဘူး.. ငါ မြန်မြန်အရပ်ရှည်ဖို့ နို့များများသောက်မှရမယ်..။ ရှုနင်က ထပ်ခါထပ်ခါတောင်းဆိုသဖြင့် ရှုဟိန်က သူ့ကိုစိုက်ကြည့်ကာ ပြောလိုက်သည်။
"ကောင်းပြီ.. မင်း အိပ်ယာထဲသေးပေါက်ချရင် နောင်မှာ ငါ့စကားနားထောင်ရမယ်.."
"ကောင်းပြီ.."
ဒါက ဘယ်လိုဟာသကြီးလဲ..။ အသက် ၃၀ အရွယ် ဦးလေးကြီးအတွက် အိပ်ယာထဲသေးပေါက်ချတာက တကယ့်ဟာသကြီးပဲ.. ဟီး.. ဟီး.. ဟီး..
နောက်တစ်နေ့မနက်စောစောမှာ ရှုနင်က အိပ်ယာကနိုးတော့ အမြန်ထကာ အိပ်ယာကိုကြည့်မိတော့ သူ့မျက်နှာ မည်းမှောင်သွားတော့သည်။ သူ့အိပ်ယာက စိုစွတ်နေပြီး သေးစီးကြောင်းက မြစ်တွေချောင်းတွေလို အိပ်ယာထက်မှာ စီးလို့နေသည်။
အမြီးရှည်ဝံပုလွေကြီးကဲ့သို့ ရှုဟိန်က အခုမှအိပ်ယာကနိုးလာသလို ဟန်ဆောင်ပြီး မေးလိုက်သည်။
"ဘာဖြစ်လို့လဲ.."
"ဘာ.. ဘာမှမဟုတ်ဘူး.. အစ်ကိုကြီး.. မင်္ဂလာနံနက်ခင်းပါ.."
ရှုနင်က ထိတ်လန့်သွားပြီး စောင်ဖြင့် သူ့အောက်ပိုင်းကို ဆွဲဖုံးလိုက်ပေမယ့် အစ်ကိုကြီး၏မျက်လုံးအောက်ဝယ် ချွေးပြန်လာအောင်လန့်နေသည်။
"စောစောထတော့လေ.. မထသေးဘူးလား.."
"ကျွန်တော် နည်းနည်းပင်ပန်းနေလို့ ခဏအိပ်ချင်သေးတယ်.."
ဒီအချိန်က သူ့တစ်ဘဝလုံး၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေသောကြောင့် ရှုနင်က သေးပေါက်ချတာကို ဖုံးဖိဖို့ အသေအကြေ ကြိုးစားနေသည်။ ဒါပေမယ့် အစ်ကိုကြီး၏ ဗို့အားပြင်းအကြည့်အောက်မှာ ရှုနင်က ခေါင်းငုံ့ကာ မျက်နှာသစ်ဖို့ ထွက်သွားရတော့သည်။ ရှုနင်က အိပ်ယာခင်းအမည်းကို တစ်ချက်ကြည့်ကာ သူ့သေးကွက်က မသိသာတာတွေ့ရတော့ သက်ပြင်းချမိသည်။
ရှုနင်က သူ့အခန်းထဲကိုသွားတော့မှ အိမ်ဖော်များရောက်လာပြီး အိပ်ယာခင်းနှင့်စောင်ကို ချက်ချင်းလာလဲကာ အမြန်ယူဆောင်သွားကြသည်။ ရှုနင်က သူ့အစ်ကိုကြီးထွက်သွားမှ အိပ်ယာခင်းကိုယူလျှော်ပေးမည်ဟု တွေးနေသည်။
ရှုဟိန်က သွားတိုက်ရင်း ရှုနင်က နို့ထပ်သောက်ချင်တာ ခွင့်မပြုသင့်ဘူးဟု တွေးနေသည်။ အာဟာရပညာရှင်က တွက်ချက်ပေးထားသည့် ပမာဏအတိုင်းပဲ သူ့ကိုတိုက်သင့်သည်။ ညက သူအလိုလိုက်မိလို့ ညီလေးက အိပ်ယာထဲသေးပေါက်ချကာ စိတ်မသက်မသာ ဖြစ်သွားရလေပြီ။ ဒါကြောင့် ညကျရင် စတော်ဘယ်ရီကိတ်တစ်ခု ဝယ်လာပေးသင့်သည်ဟု တွေးနေသည်။
ရှုဟိန်က မနက်စာကို ရှုနင်နဲ့အတူစားသောက်ပြီး ညီလေးကို ငါးအရိုးနွှင်ပေးနေသည်။ ညက ညီလေးကို မသက်မသာဖြစ်အောင်လုပ်မိလို့ စိတ်မကောင်းသဖြင့် ညင်သာစွာဖက်ကာ ပြောလိုက်သည်။
"မနေ့က မင်းရဲ့အဖြေလွှာတွေ စစ်ကြည့်ပြီးပြီ.. ဒါကြောင့် အစ်ကိုကြီး မင်းကို အထက်တန်းပထမနှစ် တက်ခွင့်ပြုလိုက်ပြီ.."
ရှုနင် အရမ်းပျော်သွားတာကိုကြည့်ပြီး ရှုဟိန်က သူ့ညီလေးနှင့် တညီတည်းဖြစ်အောင် ကိုယ်ကိုငုံ့ကိုင်းကာ ဘယ်ဘက်ပါးကို လက်ညှိုးထိုးပြလိုက်သည်။ ရှုနင်က ပျော်ရွှင်စွာနမ်းလိုက်သည်။ ရှုဟိန်က ညာဘက်ပါးကို ထပ်ထိုးပြတော့ အသံမြည်အောင် နမ်းလိုက်ပြန်သည်။ ရှုဟိန်၏မျက်ဝန်းများက နက်မှောင်လာပြီး ပိုလိုချင်လာသည်။ သူ့နှုတ်ခမ်းကို လက်ညှိုးထိုးပြမည်လုပ်ပြီးမှ 13 နှစ်အရွယ်ဆိုတာ သိတတ်စပြုလာပြီဖြစ်သောကြောင့် သူ့ညီ သူ့ကို သံသယဝင်သွားမည်စိုးသဖြင့် မေးစေ့ကိုပဲ လက်ညှိုးထိုးပြလိုက်ရသည်။
ရှုနင်က ဘာညာမစဉ်းစားဘဲ အပျော်လွန်ကာ မေးစေ့ကိုနမ်းလိုက်စဉ် ရှုဟိန်က အနေအထားနည်းနည်းရွှေ့လိုက်တော့ ရှုနင်က ရှုဟိန်၏နှုတ်ခမ်းကို ကွက်တိနမ်းလိုက်မိတော့သည်။ ရှုနင်က အနောက်ကို လျှင်မြန်စွာဆုတ်လိုက်ပေမယ့် အရမ်းကိုတုန်လှုပ်နေသည်။
သွားပြီ.. ငါတော့ အမှားကြီးတစ်ခု လုပ်မိသွားပြီ.. ဒါက အစ်ကိုကြီးရဲ့ ပထမဆုံးအနမ်းဦးဖြစ်နိုင်တယ်..
ရှုဟိန်က မျက်ခုံးကိုပင့်ကာ ရှုနင်ကိုမေးလိုက်သည်။
"ဒါက မင်းရဲ့ ပထမဆုံးအနမ်းလား.."
ပုံမှန်ဆိုရင် ယောက်ျားလေးတွေက မာနဖြင့် ဝန်မခံကြပေမယ့် ရှုနင်က ခေါင်းညိတ်ပြရုံသာ တတ်နိုင်တော့သည်။ ငါ့ရဲ့အနမ်းဦးလေး...... ငါ့ရဲ့အနာဂတ်ရည်းစားကို ငါဘယ်လိုမျက်နှာပြရတော့မှာလဲ..။ ငါ့ရဲ့အနာဂတ်ရည်းစားက ရှုဟိန်ရဲ့တစ်ဝက်လောက် သန်မာရင် ငါကျေနပ်ပါပြီ..။
"မင်း ဘာအကြောင်း စဉ်းစားနေတာလဲ.."
"အင်.. ဒါ အစ်ကိုကြီးရဲ့ ပထမဆုံးအနမ်းလား.."
ရှုနင်က သတိဝင်လာပြီး အစ်ကိုကြီးကို ထစ်ငေါ့စွာမေးလိုက်သည်။
"ဟုတ်တယ်.. မင်း တာဝန်ယူပေးမှာလား.."
ရှုဟိန်က ပြုံးကာ တောက်ပစွာမေးလိုက်သည်။
=======================
ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now