Chapter (96)_🔞pa pa pa pa pa pa pa

36.8K 3K 305
                                    


Chapter (96)_🔞pa pa pa pa pa pa pa

"အဖေ ~အဖေ ဘာလုပ်နေလဲ! "

အကိုကြီးကို အဖေဆူမှာကို ရှုနင်က စိုးရိမ်နေသည်။ ဒါကြောင့် တတ်နိုင်သလောက် အချိန်ဆွဲရန်  နည်းလမ်းတစ်ခုစဉ်းစားမိသွားတယ်။

ရှုချိန်သည်စိတ်တိုဒေါသထွက်သော်လည်း သူ၏မျက်နှာပေါ်တွင်အနည်းငယ်မျှသာပြသခဲ့ပြီး ရှုနင် ကိုလှည့်ကြည့်ခဲ့သည်။

"မင်းက ငယ်သေးတယ်။ လူကြီးတွေကြား ဝင်မပါနဲ့.. ဟုတ်ပြီလား။ လိမ်မာပါကွာ...  "

ရှုနင်က ဖုန်းခေါ်နေသည့် သူ့အဖေ လက်ကို အတင်းဆွဲကာ ပြောလိုက်သည်။

 " အဖေ.. အကိုကြီး အိမ်ပြန်လာတော့မယ်လေ။ ညစာစားပြီးတဲ့အထိ စောင့်လို့ မရဘူးလား။ သူများကို အစားသောက်ပျက်အောင် မလုပ်ချင်ပါနဲ့...  !"

"ဒါပေါ့။ သားပဲ အစားသောက်ပျက်မှာ။ သူကတော့ အစားသောက်ပျက်မှာ မဟုတ်ဘူး   "

" အဖေ~"
 
"ဘာလဲ... သားက မင်းအကိုကြီးကို ဆူမှာကို မလုပ်စေချင်တာလား   "

" အစ်ကိုက ဘယ်လိုလူလဲဆိုတာ ကျွန်တော် ကောင်းကောင်းသိတယ်၊ သူက ဘာလုပ်နေတယ် ဆိုတာ ကောင်းကောင်းသိတဲ့ လူပါ။ တကယ်လို့ အကိုကြီး အလုပ်ဖြုတ်လိုက်ရင် အဲ့လူတွေက တကယ်ကို အမှားတခုခု လုပ်ထားပြီး အလုပ်ဖြုတ် သင့်တဲ့လူဆိုတာ ကျွန်တော် ယုံကြည်တယ်။  အဖေ၊ အစ်ကို အလုပ်ဖြုတ်လိုက်တဲ့လူတွေက အဖေ့ကို နည်းနည်းမှ အမှားမလုပ်ခဲ့ဘူးဆိုရင် ကျွန်တော့် မျက်လုံးကို တည့်တည့်ကြည့်ပြီး ပြောလိုက်ပါ.... "

ရှုချိန် သည်တိတ်ဆိတ်သွားပြီး ရှုနင် လောင်းကြေးထပ်လိုက်တာ မှန်သွားသည်။

 နောက်ဆုံးတွင် သူ၏အတိတ်ဘဝ၏ အမှတ်ရစရာများသည် အလကားတော့ မ ဖြစ်ပေ။ _(:зゝ∠)_

" အဖေ ~ စိတ်မဆိုးပါနဲ့၊ အရာအားလုံးကို အနှေးနဲ့အမြန်ဖြေရှင်းရမှာပဲလေ။ "

" မင်း နားမလည်ပါဘူး။ သူတို့တွေက ကုမ္ပဏီထဲက လူဟောင်းတွေပါ၊ သူတို့ ငယ်ငယ်တုန်းကလည်း အရမ်းကြိုးစားခဲ့တယ်၊ အခုမှသာ လောဘတက်ပြီး အမှားလုပ်ခဲ့မိတာပါကွာ။ အခုလို အစုလိုက်အပြုံလိုက် အလုပ်ဖြုတ်လိုက်ရင်  တခြားသူတွေရဲ့ ယုံကြည်မှု ပျောက်ဆုံးသွားစေနိုင်တယ်လေ၊ တကယ်ဆိုရင် တယောက်ချင်း ကို ဖြည်းဖြည်းချင်းပဲ ဖြုတ်လိုက်သင့် တယ်။ တကယ်တော့ ဒီ  ကုမ္ပဏီကို မင်းကို ညီအစ်ကို ဆီကို အဖေ မ မလွှဲပြောင်းခင် တဖြည်းဖြည်း မကောင်းတဲ့သူတွေကို ရှင်းပစ်တာကို လုပ်ပေး မလို့ပါပဲ။ အခုတော့ ဟိန်ဟိန်က ရာထူးကြီးကို ရလိုက်တာနဲ့ တခြားလူကို တန်းပြီး အလုပ်ဖြုတ် လိုက်တယ် ဆိုတော့ နောင်မှာ ဒီ  ကုမ္ပဏီကို ဆက်ထိန်း ထားနိုင်ပါဦးမလား။ နင်နင်....   မင်း လုပ်ငန်းကြီးကို လုပ်မယ်ဆိုရင် သူတစ်ပါးရဲ့ ခံစားချက်တွေ ကိုသတိပြုမိဖို့ အရမ်းအရေးကြီး  တယ်။"

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now