Extra - 20

5.1K 382 55
                                    

တစ်ရက်ပြီး တစ်ရက်နှင့် ရိတ်သိမ်း စာမေးပွဲဖြေလာရသည်မှာ စာမေးပွဲ နောက်ဆုံးရက်သို့ ရောက်လာခဲ့သည် ။

" ရိတ်.. ကိုယ် ဒီနေ့ လာမကြိုနိုင်လောက်ဘူး ''

ကိုသော် ရိတ်သိမ်းကို အင်္ကျီ ကြယ်စိ တပ်ပေးရင်း ပြောတော့

" အင်းပါ ။ ကျွန်တော် နားလည်ပါတယ် ။ ကိုကြီး
အလုပ်ပြီးတာနဲ့ မဘရဏီဆီ သွားပြီး အားပေးလိုက်ပါ ''

" ရိတ်လည်း ဖြေခါနီးထိ စာတွေ အရမ်းဖိပြီး ကြည့်မနေနဲ့နော် ။ ကိုယ် စိတ်မပူချင်ဘူး ''

" ဟုတ်ပါပြီဗျာ ။ စိတ်မပူပါနဲ့ ။ စိတ်ဖြောင့်ဖြောင့်နဲ့သာ အလုပ်လုပ် ''

ကိုသော် စိတ်ချမ်းသာစေဖို့ရာ ရိတ်သိမ်း ဖြေပြီးနောက် နဖူးကို အနမ်းခြွေ လိုက်သည် ။

......

" မောင်... ရေ ။ မောင် ''

တေဇ မီးဖိုချောင်ထဲဝင်ပြီး မနက်စာ စပါဂတီ လုပ်နေစဥ် အပေါ်ထပ်မှ သူရိန့် အော်သံကို ကြားလိုက်ရသောကြောင့် အပေါ်ကို ပြေးတက်လာလိုက်သည် ။ အခန်းတံခါး ဖွင့်ဖွင့်ချင်း အမွှေးနံ့စူးစူး တစ်ခုက နှာခေါင်းထဲ တိုးဝင်လာပြီး

" မောင့်.... ''

သူရိန် မှန်တင်ခုံဘက်ကို လက်ညှိုး ထိုးပြ၍ တေဇ ကြည့်ပြီးပြီးချင်း သွေးဆောင့်တက်သွားသည်မို့ ဂုတ်ကြောကို လက်နှင့် ဖိလိုက်ရသည် ။ မစားရက် မသောက်ရက် စုဆောင်းပြီး ဝယ်ထားရသည့် ဆယ်သိန်းကျော်တန် CHANEL ရေမွှေးပုလင်းက တစ်စဆီ ။

" ဟာ.... ကုန်ပါပြီ ''

တေဇ မချိတင်ကဲ ရေရွတ်လိုက်စဥ် Leoက ကုတင်ပေါ် မျက်နှာငယ်နှင့် ။

" ဒါ ဘယ်သူခွဲလိုက်တာလဲ ''

တေဇ မျက်နှာကို တည်ထားပြီး အော်မှ leo ထငိုပြီး

" တား...လုပ်...တာ ''

" ဘာလို့ ဒီလို ခွဲပစ်လိုက်တာလဲ ။ ဒါ ဘယ်လောက် စျေးကြီးတယ်ထင်လဲ ဟမ် ''

" တား တမင် ခွဲတာ မဟုတ်ပါဘူး ''

" အဲ့တာဆို ဘယ်လို ဖြစ်တာလဲ ပြောစမ်း Leo ''

" ဟို.... တား ဒီနား ထိုင်ဆော့နေဒုန်း ပိုးဟပ်က တားဆီ ပြေးလာတာ ။ အဲ့တာနဲ့ နီးနီးနားနား မှန်တင်ခုံကဟာ ယူပေါက်လိုက်တာ ။ တားကို မဆူပါနဲ့ အီး... ။ ရိန်ရိန်ကလည်း ဖုံးဖိပေးမယ် မရှိဘူး ။ သူ့လူကို ခေါ်တိုင်တယ် ''

အသက်တည်သရွေ့ (Unicode +Zawgyi) CompleteWhere stories live. Discover now