အပိုင်း(၂၀)

5.6K 530 23
                                    

နေ့လည်စာ စားပြီးနောက် သူရိန့် ရင်ခွင်ထဲတွင် တေဇ ဝင်အိပ်နေသည်မှာ ညနေငါးနာရီ နီးပါးထိ ။ ရင်ခွင်ထဲမှ တေဇ မော့အကြည့် နှုတ်ခမ်းလေးကို စုချွန်ကာ ပါးဖောင်းဖောင်းလေးနှင့် သူရိန်က ချစ်စရာကောင်းအောင် အိပ်ပျော်နေသည်ဟု ကိုယ့်လူတို့ ထင်ပါသလား။ မထင်ကြပါနဲ့ ပါးစပ်ကြီးဟပြီး ဟောက်နေသောကြောင့် တေဇ လန့်နိုးလာရခြင်းပင် ။

အိပ်ရာခင်းနှင့် ခေါင်းအုံးတွင်လည်း သူရိန့် အာပုတ်ရည်တို့ စိုနေသည်မှာ ဟိုတစ်ကွက် ဒီတစ်ကွက် ။ သို့သော်ငြား ထိုအခြင်းအရာလေးကသာ သူရိန်မင်းမြတ်၏ ဆွဲဆောင်မှု တစ်မျိုး ဖြစ်နေသည် ။

တေဇထွန်းလည်း မျက်မှန်ကောက်တပ် စားပွဲပေါ်မှ Ph ယူကို အလျင်အမြန်ယူကာ နေရာအနေအထား ငါးမျိုးလောက်မှ သူရိန့်၏ sleeping beauty snap တို့ကို သိမ်းယူလိုက်၏ ။

သူရိန့်ကို ကြည့်ကာ ချစ်၍ မြတ်နိုး၍ပင် မဝသေး ၊ အိမ်ရှေ့မှ လူခေါ်bellသံက အဆက်မပြတ် မြည်လာသည် ။ bellသံကြောင့် သူရိန်လည်း လန့်နိုးလာပြီး ငုတ်တုတ်ထထိုင်ကာ ပါးပေါ်စီးကျနေသော သွားရည်များကို သုတ်ရင်း

"မောင် တံခါး သွားဖွင့်ပေးလိုက်အုန်း ။ ကိုယ် အိပ်ရာခင်းတွေ အဝတ်လျှော်စက်ထဲ ထည့်ပြီး ဆင်းလာခဲ့မယ် ''

"အိပ်ရာခင်း လျှော်ရလောက်အောင်ထိ မောင် ဘာမှ မလုပ်မိပါဘူးနော် ''ဆိုကာ နားနားကပ်၍ ခပ်တိုးတိုးနှင့် မေးတော့ သူရိန် မျက်နှာတစ်ခုလုံး နီရဲသွားပြီး

"မောင် မင်းရဲ့ ဦးနှောက်ဟာလေ အမြဲတမ်း မှောင်မိုက် နေတာပဲနော် ။ ခုနက သွားရည်တွေ ကျထားတာ လျှော်မလို့လေ''

တေဇ အော်ရယ်တော့ သူရိန်က မျက်စောင်း ထိုးသည်။

အိမ်ရှေ့ရှိ လူခေါ်bellကလည်း အဆက်မပြတ် မြည်နေသည်မို့ တေဇ မေတ္တာ လှမ်းပို့ရင်း အပြင်ကို ထွက်ရန် အလုပ် ph ringtoneက မြည်လာသည်။

"ဟဲ'' ဟဲလိုတောင် တေဇ ဆုံးအောင် မပြောလိုက်ရ။

"စောက်သူတောင်းစားကောင်ရေ ငါတို့ လင်မ ယားကို ဆင်းကြည့်ပါအုန်းဟ ။ ဒီလောက် bell တီးနေတာ ကြာရင် ငါတို့ လက်ညှိုးတွေ ပုတ်တော့မယ်''

အသက်တည်သရွေ့ (Unicode +Zawgyi) CompleteWhere stories live. Discover now