အပိုင်း(၂၆)

4.8K 462 16
                                    

ကုတင်ပေါ်တွင် ပတ်တီး အဖွေးသားနှင့် မေ့မြောနေသော ဘရဏီ ။ မောင်းလာသည့် ကားက အချိန်မှီ ဘရိတ်အုပ်လိုက်နိုင်သော်လည်း မောင်းလာသည့် အရှိန်က မနည်းသဖြင့် ရသည့် ဒဏ်ရာက အပြည် ။ ဘရဏီ ကိုယ်တိုင်က ကားရှေ့ပြေးဝင်ခဲ့သည်ကြောင့် ကားသမားကို အမှုပိတ်ပေးလိုက်သည် ။

"တေဇထွန်းနဲ့ သော်ဇင်ထွန်း နင်တို့ ပြောကြစမ်း။
နင်တို့ညီမ ဒီအခြေအနေထိ ဖြစ်ရလောက်အောင်
သူဘာတွေများ ခံစားနေရလို့လဲ ''

ကိုကိုကြီးနှင့် တေဇ ရေငုံ နှုတ်ပိတ်သာ နေနေကြသည် ။ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ရင်း မားကို မည်ကဲ့သို့ ပြောပါလျှင် အစဥ်ပြေမည်လဲ စဥ်းစားမရ ။ အမှန်ဆို ကိုကိုကြီးက အကြောင်းအရင်း  ပိုသိသည့်သူ ။ သူက ဘာမှမပြောတော့ တေဇတွင် ပြောစရာ စကားမရှိ ။

"ဟဲ့ တေဇထွန်း နင်က နင့်ညီမနဲ့ ပိုနီးစပ်တာ။ပြောစမ်း နင့်ညီမ ဘာဖြစ်နေတာလဲ''

"ဟို..''

"ဟို..မနေနဲ့ ။ နင် သိတယ်မလား ပြော အခု ။ သူ့အကောင်နဲ့ ပက်သက်နေတယ်မလား။ ငါ့သမီးလေး တော်လှ တော်လှနဲ့ ။ ယောက်ျားတစ်ယောက် အတွက် ကားရှေ့ပြေးဝင်ရတယ်လို့''

မားလည်း ရင်ထဲရှိရာပြောပြီး လူနာကုတင်ဘေး စားပွဲပေါ်မှ ရေဘူးကိုယူပြီး ရေကို အဆက်မပြတ်မော့နေပြန်သည် ။

"ပြော..လို့ ။ နင်တို့ ငါ့ကို ပြောကြစမ်း။ ဘာဖြစ်တာလဲ ။ ဘရဏီ ဘာဖြစ်နေတာလဲလို့''

"ရဲရင့်ရဲ့ အရင်တုန်းက ရည်းစားဟောင်းက ရဲရင့်နဲ့ ဘရဏီကြား ဝင်ပြီး ခလောက်ဆန်နေတာ''

ကိုကိုကြီး ဝင်ပြောမှ မား ငြိမ်သွားသည် ။ တေဇလည်း ဘာမှ ဝင်မပြောပဲ ငြိမ် နားထောင်နေလိုက်သည်။

"ရဲရင့် ဆိုတာ ဘယ်သူ..အော် အင်း ဟိုအကောင်''

"ဟိုက ဘာကိစ္စ ဝင်ပြီး ခလောက်ဆန်နေတာလဲ ၊  ပြတ်ခဲ့ကြ ပြီးပြီမလား''

"အင်း..ပြတ်ခဲ့ပြီးပေမယ့် သူနဲ့ရဲရင့်က ကလေးရခဲ့တယ်ဆိုပြီး..''

"ဘာ ခ.. ခလေး''

"ရဲရင့်က သူ့ကလေးမဟုတ်ဘူး လို့ပြောတယ်။ ပြီး အဲ့မိန်းကလေးကို အသရေဖျက်မှုနဲ့ တရားစွဲ
ထားတော့ ဘရဏီ့ဆီ မဟုတ်တန်းတရားတွေပြောပြီး စိတ်ဒုက္ခပေးနေတာ''

အသက်တည်သရွေ့ (Unicode +Zawgyi) CompleteWhere stories live. Discover now