Extra - 18

3.7K 395 51
                                    

ရွှေဆံတော်ဘုရားတွင် ကိုကိုဇော့်အတွက် ကုသိုလ်လုပ်ရန် ရိတ်သိမ်း လာသည်ကို တစ်မိသားစုလုံး ပါလာသည် ။ မား ၊ ဘရဏီတို့ မိသားစု ၊ တေဇနှင့် သူရိန် အပြင် မပါမဖြစ်သည့် ကိုသော်ပါ လိုက်ခဲ့သည် ။

" ဟဲ့ ကိုကိုလေး.. နင်ပြောတော့ ငါ့သားကို နင်ထိန်းမယ်ဆို ''

လှေကားပေါ် တက်ရင်းနှင့် ဘရဏီက လှမ်းအော်သည် ။ လှေကားထိပ်နားတွင် သူရိန့်ကို ဓာတ်ပုံရိုက်နေရင်းမှ တေဇလည်း အောက်ကျို့မခံ ပြန်အော်သည် ။

" အေးလေ ။ ဘာလို့လဲ ''

" ဘာမှမလဲဘူး... ဘာမှမလဲဘူး ။ နင် ထိန်းမယ်ဆိုလို့ အန်တီမိတောင် ခေါ်လာတာ မဟုတ်ဘူး ။ ခုကျ ကြည့်အုန်း.. ငါ့ယောက်ျားပဲ တစ်ချိန်လုံး ချီနေရတယ် ''

" ငါ ထိန်းပေးမယ်ပဲ ပြောတာလေ ။ ချီပေးမယ် ပြောမိလို့လား ''

ဘရဏီ့ကို အနောက်လှည့် ပြောရင်း သူရိန့်ဘက်ကိုပြန်လှည့်ကာ

" ဟုတ်တယ်... အဲ့လိုလေး ။ အဲ့လိုလေးပဲနေ perfect.. ''

ဘုရားတွင် Elevator ရှိသော်ငြား တစ်မိသားစုလုံးက လူကြားထဲ တိုးဝှေ့ပြီး မနေတက်သောကြောင့် လှေကားနှင့် တက်ကြခြင်းပင် ။

တက်ကြွတဲ့ ကြက်ဖ နှစ်ကောင် ဖြစ်သည့် သူရိန်နှင့် တေဇက ရောက်လေရာ ဓာတ်ပုံရိုက်သည် ။ ရဲရင့်က ၂နှစ်သားအရွယ် leo လေးကို ချီကာ ဟောဟဲ ဆိုက်နေပြီး မားကိုတော့ ကိုသော် တစ်ဖက် ဘရဏီ တစ်ဖက် တွဲပြီး တက်လာကြသည် ။

ရိတ်သိမ်းက မိသားစုနှင့် ​ခပ်လှမ်းလှမ်းမှ ခွာလိုက်သည် ။ အလှူ မလုပ်ရသေးသည်မို့ ကလေးနှင့် မိသားစုနား သိပ်မကပ် ။ ဘုရားပေါ် ရောက်ရောက်ချင်း လက်ထဲတွင် ကိုင်ထားသော ပိုက်ဆံတစ်သောင်းကို ကိုကိုဇော့် အမည်နှင့် ရွှေသင်္ကန်း လှူပြီး တနင်္လာထောင့်တွင် ဘုရားရှိခိုး အမျှဝေပေးဖြစ်သည် ။

" ကိုရဲရင့်.. ကလေး ကျွန်တော့်ကို ပေးလေ ။ ညောင်းနေမှာပေါ့ ''

" ရပါတယ်ကွာ ။ မင်းဟာမင်း လုပ်စရာရှိတာလုပ် ''

" ကျွန်တော် လှူလည်း ပြီးပြီ ဘုရားရှိခိုး အမျှဝေလို့လည်း ပြီးပြီဗျ ။ စိတ်မပူပါနဲ့ ''

အသက်တည်သရွေ့ (Unicode +Zawgyi) CompleteWhere stories live. Discover now