တေဇ မနက် အိပ်ရာနိုးချိန်တွင်မတော့ သူရိန်က အိပ်နေဆဲ ။ အိမ်ကို မည်သို့ မည်ပုံ ပြန်ရောက်ပြီး ဘယ်လို အခြေအနေတွေ ဖြစ်ခဲ့မှန်း တေဇတစ်ယောက် memory ပြန်ခေါက်နေရသည်။ သတိရသော်ငြား ပုံရိပ်က ဝေဝေဝါးဝါး။
လမ်းမှာ ဆိုင်ကယ်နှစ်ခါ မှောက်တယ် ။တစ်လမ်းလုံး ဆိုင်ကယ်ကို ယိမ်းထိုးမောင်းလာပြီး လမ်းမှာ တွေ့သမျှ လူတိုင်း အဆဲခံလာရတယ် ။ အိမ်ရောက်တယ် ၊ ဆိုင်ကယ်ရပ်ရပ်ချင်း ထပ်မှောက်တယ်။ မားနဲ့ ကိုက ပြေးထူတယ် မားရေတိုက်တယ် ဆူတယ် ၊ ပြီးတော့ ကို့ကို အိမ်ပေါ်က နှင်ချတယ် ။ မားက ပါးရိုက်တယ် ။ ဟုတ်ပ ပါးကို စမ်းကြည့်မှ ခုထိ အီနေတုန်း ။ မားတော်တော် လက်သံပြောင်တာပဲ ။ အပေါ်ထပ်တက်လာတယ် ကိုက အကျီလဲပေးတယ် ပြီးတော့ ကို့ကို ...ဟမ်...ငါက ကို့ ကို.. ။ ဟိုက်.. သေရော..
အတွေးတို့အဆုံး အတူတူ ခြုံထားသော ဆောင်ကို လှန်ကြည့်လိုက်တော့
"Fuck သွားပြီ''
တေဇ ကုတင်ပေါ်က ခုန်ဆင်းပြီး သူရိန့် မျက်နှာကို သေချာကြည့်ကာ စိတ်ထဲကသာ တောင်းပန်လိုက်သည် ။ ပြီးနောက် ရေမြန်မြန် ဆင်းချိုးလိုက်သည် ။ ရေချိုးပြီး အခန်းထဲ ပြန်ရောက်ချိန်တွင် သူရိန်က နိုးနေသည် ။
အိပ်ရာပေါ်တွင် ခေါင်းအုံးလေး မှီပြီး ထိုင်နေပုံသည် သနားစဖွယ် ။ တေဇကို မြင်တော့ ကြောင်အမ်းအမ်း ဖြစ်သွားပြီး စက္ကန့်ပိုင်းလောက်အကြာ စောင်အောက်ထဲ ဝင်သွားသည်။ တေဇ သက်ပြင်း တစ်ချက်ချလိုက်ပြီး ကုတင်အစွန်းတွင် ဝင်ထိုင်လိုက်သည် ။ ပြီးနောက်
"ကို အိပ်ရာနိုးရင် ထတော့လေ ရေလေး ဘာလေး ချိုးပါလား''
"...''
သူရိန် ဘက်က စကားပြန် ထွက်မလာ။
"ကို ညကကိစ္စ ကျွန်တော် တောင်းပန်ပါတယ် ။ ဒီလိုကြီးတော့ မနေပါနဲ့''
"...''
"ကို.. ရေချိုးတော့လေ မနက်စာစားရအောင်''
"...''
"ကို.. စိတ်ဆိုးနေတာလား ရှက်နေတာလားဗျာ ''
"နှစ်ခုလုံးပဲ''
"ဟမ် ''
"ပြီးတော့ ငါမလှုပ်နိုင်ဘူး ကောင်စုတ်ရဲ့ ''
YOU ARE READING
အသက်တည်သရွေ့ (Unicode +Zawgyi) Complete
RomanceRole နဲ့ပက်သက်ပြီး sensitive ရှိ သူများကို မဖတ်စေချင်ပါ ❤❤