အပိုင်း(၂၈)

4.7K 491 22
                                    

တေဇနှင့် ဘရဏီ ပစ္စည်းများ သိမ်းဆည်းရင်း ဆေးရုံစားရိတ် သွားရှင်းနေသော သူရိန်နှင့် မားကို စောင့်နေရသည် ။

"နင့်အကောင်က နင်ဆေးရုံဆင်းတာတောင် မလာဘူးလား ''

တေဇ နည်းနည်းပါးပါး စကားတောက်ကြည့်ချိန်တွင် ဘရဏီက လျင်မြန်စွာ ဖြေရှင်းသည် ။

"ဒီနေ့က ရုံးချိန်းရှိလို့လေ ။ သူလည်း လာချင်ပါတယ်တဲ့ ၊ ငါ့ကို phလှမ်းဆက်ပါတယ် ''

"နင် သူ့ကို ယူမှာ သေချာပြီလား''

"ဟယ်..နင့် စကားကြီးကလည်း ။ ဘယ်လိုကြီးလဲ ။ ယူမှာ သေချာလို့ပေါ့ဟဲ့။ မနက်ဖြန် သဘက်ခါဆိုပဲ ဖိတ်စာတွေ လိုက်ဝေတော့မှာကို'' ပြောရင်းနှင် ဆူအောင့်ကာ ဆွဲခြင်းထဲသို့ တွေ့ရာပစ္စည်းများ ကောက်ထည့်နေပြန်သည် ။

"စိတ်ဆိုးသွားတာလား ။ ငါက ငါ့ညီမ ယောက်ျား
တကယ်ယူတော့မယ်ဆိုတော့ နှမြောသွားလို့ပါ''

တေဇ စကားလျော့ပြောတော့ ဘရဏီက နားလည်စွာ ဆိုလာသည် ။

"ငါ သိပါတယ် နင် သူ့ကို မယုံနိုင်သေးဘူးမို့လား ။ လူပဲလေ.. ကိုကိုလေးရယ် အမှားတော့ ဘယ်ကင်းပါ့မလဲ ။ ငါလည်း တော်ရုံဆို ဘယ်ခွင့်လွှတ်ချင်ပါ့မလဲ ။ ငါ နင့်ကို ပြောသင့်လား မပြောသင့်လား မသိပေမယ့် ငါသူ့ကို အရမ်းချစ်မိသွားတာ ကိုကိုလေး ''

"ငါ နားလည်ပေးလို့ရပါတယ်.. ဘရဏီ ။ ဒါပေ
မယ့်...''

တေဇ ပြောသာ ပြောပြလိုက်ချင်သည် ။ သို့သော်ငြား ပါးစပ်က ပြောမထွက်ခဲ့ ။

"နင် ပြောချင်တာ ငါသိပါတယ်။ သူနဲ့ ကိုကိုကြီးတို့ ကိစ္စကို ငါကလွယ်လွယ် ယုံပေးနေတယ် ထင်နေတာလား''

တေဇ အံ့အားသင့်နေချိန် ဘရဏီက မျက်ရည်ဝေ့သီရင်းမှ ပြုံးပြလာသည် ။

အသဲမာတာလား ။ အသဲနုတာလား ဘရဏီရယ်..

"ဟို..အဲ့တာလည်း နင် သူ့ကို ခွင့်လွှတ်ပေးနိုင်တာပဲလား''

"အင်း...ဘယ်လိုပြောရမလဲ ။ ခွင့်မလွှတ်ချင်ဘူး
ဒါပေမယ့် လွှတ်လည်း လွှတ်မချရက်ဘူး ။ ငါ သူ့ကို လွှတ်ချလိုက်ခဲ့ရင် ကိုကိုကြီးက သူ့ကို လက်ခံမယ်လို့ နင်ထင်လား ။ ငါလည်း လက်လွှတ်ပြီး ကိုကိုကြီးကပါ လက်မခံရင် သူ ဒီ့ထပ် ပိုဆိုးသွားမှာ ။ ပြီးတော့..ပြီးတော့ ညက ကိစ္စတွေ ငါ အကုန် သိ​နေတယ် ။ လုပ်သင့်လား မလုပ်သင့်လား ငါမသိပေမယ့် ကိုကိုကြီးphမှာ ငါ recorder အသေးလေး တပ်ထားတယ်''

အသက်တည်သရွေ့ (Unicode +Zawgyi) CompleteWhere stories live. Discover now