အပိုင်း(၁)

43.4K 1.5K 98
                                    

( 🍾 Author Note: Role နဲ့ ပက်သက်လို့ Character နဲ့ပက်သက်လို့ sensitive ရှိရင် မဖတ်စေချင်ပါဘူးရှင့် ကျေးဇူးပါ ❤ )

မနက်စောစော နဝဒေးတံတားပေါ်တွင် လေ့ကျင့်ခန်းလုပ်ပြီးနောက် တေဇတစ်ယောက် အိမ်သို့ မြန်မြန် ပြန်လာခဲ့လိုက်သည် ။ ခြံထဲသို့ ဆိုင်ကယ်သွင်းနေစဥ် မတည့်အတူနေ ညီမတော်မှ

"ဟဲ့ ကိုကိုလေး ငါ့ကို ခရေပင်က ခရေညွန့် ၂၁ညွန့်လောက် မြန်မြန်ခူးပေးစမ်းပါဟယ်"

"နင်ဟာ ... တစ်နေ့တစ်နေ့ ချေလိုက်ရတဲ့ ယတြာ
ပြီးကိုမပြီးနိုင်ဘူး"

"မရှည်စမ်းပါနဲ့ဟယ် ခူးမှာဖြင့်ခူးပေး ဒီနေ့ ရှမ်းကောတစ်ပွဲပိုလုပ်ပေးမယ်"

" မစားဘူး ငါ့ကိုအငတ်များမှတ်နေလား ဟမ် အလုပ်ကို တစ်ခုပြီး တစ်ခုခိုင်း ပြီးရင် အစားနဲ့မျှားရအောင် ၊ ရှမ်းကောမစားဘူး နှစ်ပွဲစာ ပိုက်ဆံပေး''

"ဘာ ဘာပြောတယ် ပြန်ပြောစမ်း''

"နှစ်ပွဲစာ ပိုက်ဆံပဲပေးလို့ ''

" နှစ်ပွဲစာဆိုတော့  ၁၆၀၀၀တောင်လေ နင်ကလည်း အငယ်ကို မညှာမတာ ''

" အေး အဲ့တာဆို​​လည်း ရတယ်လေ ခရေညွန့်လည်း နင့်ဟာနင် တက်ခူး orderပို့ရင်လည်း ငါ့ကို လာမခေါ်နဲ့ ၊ ကိုယ့်အလုပ်ကိုယ်လုပ် '' ဟု ပြောပြီးနောက် တေဇ အိမ်ထဲသို့ ဝင်လာခဲ့လိုက်သည် ။ ဘာလဲ...လူကို သူ့အလုပ်တွေ တစ်ခုမကျန် ခိုင်းချင်ပြီး ဒီလောက်လေးကို လာကပ်စေးနည်းနေတယ် ။

ထိုစဥ် ချစ်တီးမ အနောက်မှ  ထပ်ကြပ်မကွာ လိုက်လာပြီး

"နေ... နေအုန်း ပေးမယ်ဟာ ... ပေးမယ် ခရေညွန့်လည်း ခူးပေး orderလည်း လိုက်ပို့ပေး''

"ဒီလိုလုပ်စမ်းပါ ချစ်တီးမရယ် ဘာပဲဖြစ်ဖြစ်
give & takeပဲလေ မဟုတ်ဘူးလား''

"အေး နင်အကြီးဖြစ်ပြီး ငါ့ဆီကပဲ အမြဲ ခေါင်းပုံဖြတ်နေလိုက်"

"နင် နှမြောရင်လဲ နှစ်ပွဲစာ မယူတော့ပါဘူး''

"ဟဲဟဲ ငါထင်ပါတယ် ငါ့အကိုက အသားမဲပေမယ့် စိတ်ထားလေးက ဖြူမယ်ဆိုတာကိုလေ ၊ ဟဲ..ဟဲ ချစ်ဖို့ကောင်းလိုက်တာ ငါ့အစ်ကိုက ''ဟု ဆိုကာ တေဇ ခေါင်းကို ပုတ်နေလိုက်သေးသည် ။ တေဇလည်း မိမိခေါင်းပေါ်မှ ညီမဖြစ်သူ၏ လက်ကို ပုတ်ချလိုက်ပြီး

အသက်တည်သရွေ့ (Unicode +Zawgyi) CompleteWhere stories live. Discover now