Extra - 14

3.8K 390 103
                                    

မနက်စောစော အိပ်ပျော်နေစဥ် ရိတ်သိမ်း ခန္တာကိုယ် လှုပ်နှိုးခံလိုက်ရ၍ မျက်လုံးကို အားယူပြီး အဖွင့်

"ရိတ် ... ဟို ကလေး ရောက်နေတယ် ''

"ဟင်.. ဘယ် ကလေးလဲ ''

"အမြွှာထဲက အကြီးကောင်လေးလေ ။ မျက်နှာလည်း မကောင်းဘူး ။ သွားတွေ့လိုက်အုန်း ''

" သူက ဒီအိမ်ကို ဘယ်လို သိသွားတာလဲ ''

" သိဘူးလေ ။ သွားတွေ့လိုက်အုန်း ။ သူလည်း အကြောင်း တစ်ခုခု ရှိလို့နေမှာပေါ့ ''

ကိုသော် မနက်စာ ပြင်နေစဥ် အိမ်ရှေ့မှ လူခေါ် ခေါင်းလောင်းသံကြား၍ အပြင်ထွက် ကြည့်တော့ အမြွှာကောင်လေး ။ မျက်နှာက ငိုထားသည်ကြောင့် ဖောင်းအစ်နေသလို ။ အဖေဖြစ်သူ ခေါ်သွားပြီးသည့်နောက် ဘာတွေဆက်ဖြစ်လဲ ကိုသော်တို့ မသိ ။ ကြားထဲ မတွေ့ဖြစ်ကြသည်မှာ တစ်လလောက် ကြာခဲ့ပြီ ။

" အကို.. ရိတ်သိမ်း ရှိလား ခင်ဗျ ''

" ရှိတယ် ညီလေး ။ ညက ဂိုက်သင်တာ နောက်ကျလို့ ခုထိ အိပ်နေတုန်းပဲ''

" ဟုတ် ။ အဲ့တာဆိုရင် ဒီ စာအုပ်လေး ပေးပေးပါလား ''

" သူငယ်ချင်းတွေ တွေ့သွားပြီး ကိုယ်တိုင်ပေးလေ ။ အကို သွားနှိုးပေးမယ် ။ လာ ညီလေး အထဲဝင် ''

ခြံတံခါး ဖွင့်ပေးကာ ကိုသော် ခေါ်လိုက်မှ မရဲတရဲလေးနှင့် အိမ်ထဲ ဝင်လိုက်လာသည် ။ မျက်မှန် အဝိုင်းနှင့် ဖြူဖြူသေးသေး ကောင်လေးကို ကြည့်ရသည်မှာ ဆယ်တန်းအရွယ်တုန်းက ကိုယ်ကိုယ်တိုင် ပြန်မြင်နေရသလို ။

အောက်ထပ်သို့ ရိတ်သိမ်း ရောက်ချိန်တွင် ဧည့်ခန်း၌ ကုတ်ချောင်းချောင်းလေး ထိုင်နေသော ကိုကိုဇော် ။ ရိတ်သိမ်း ပုခုံးကို လှမ်းရိုက်လိုက်ပြီး

" ဟေ့ရောင် ကိုဇော် ''

တစ်ခါတစ်ရံ ကိုကိုဇော်ဟု ခေါ်ပေမယ့် ရိတ်သိမ်း ပါးစပ်ထဲစွဲပြီး ခေါ်လေ့ခေါ်ထ ရှိသည်က ကိုဇော် ဟုပင် ။

" အာ့ ''

ပုခုံးနှင့် လက်မောင်းရိုး အဆက်ကို ဖိထားပြီး မျက်ရည် ဝေ့သီနေသော ကိုကိုဇော် ။

အသက်တည်သရွေ့ (Unicode +Zawgyi) CompleteHikayelerin yaşadığı yer. Şimdi keşfedin