Extra - 6

4.1K 453 41
                                    

ဆေးရုံ ကုတင်ပေါ်တွင် ပတ်တီးအဖွေးသားနှင့် လဲနေသော ရိတ်သိမ်းကို ကြည့်ပြီး ကိုသော် စိတ်မကောင်း ။ ဖြစ်ခဲ့ပြီးမှ မတက်နိုင်တော့သည်မို့ ဖြစ်သမျှအကြောင်း အကောင်းသာမှတ်ပြီး ရိတ်သိမ်း သတိရလာမည့် အချိန်ကိုသာ ငုတ်တုတ် ထိုင်စောင့်ရတော့သည် ။ စိတ်ညစ်ညစ်နှင့် ကိုသော်ထိုင်နေစဥ် တေဇ ဆေးရုံခန်းထဲသို့ ဝင်လာပြီး မေးခွန်း တရစပ် ထုတ်တော့သည် ။

"ကိုကိုကြီး..ခုနလေးတင် အကောင်းကို ဘာတွေဘယ်လို ဖြစ်ကြတာလဲ ။ ကလေးချင်း ရန်ဖြစ်တာ ဒီလောက်ထိ လုပ်စရာ လိုကြလို့လား''

သူရိန်လည်း ရိတ်သိမ်း ခေါင်းမှ ပတ်တီးများကို ကြည့်ပြီး အံ့အားသင့် နေရသည် ။

"အင်း..ငါလည်း မသိဘူး ။ မင်းတို့ ပြန်သွားပြီး စန္ဒီက Phဆက်လို့ သွားတွေ့တာ ။ အဲတာ သူ့ကို ဘော်ဒါ ပြန်ပို့ပေးဆိုလို့ ငါလည်း ပို့ပေးခဲ့လိုက်တာ''

"ဟင်..ရိတ်သိမ်းက ကိုကိုကြီးကို ဘာမှမပြောဘူးလား''

"ဘာကို ပြောရမှာလဲ''

"သူက ကိုကိုကြီးကို ကြိုက်နေတာလေ ။ အဲ့တာမလို့ အစ်မစန္ဒီ အကြောင်းပြောတော့ သူစိတ်ဆိုးပြီး ထထွက်သွားတာ ကိုကိုကြီး မသိဘူးလား''

တေဇလည်း ဒူလွန်းသော ကိုကိုကြီးကို အသည်းယား နေရသည် ။

"သူက ကလေး မလို့ အနေနီးတဲ့ ငါ့အပေါ် စိတ်ယိုင်သွားတာ နေပါလိမ့်မယ်။ စန္ဒီဆိုတာ ဘယ်သူလဲလို့တော့ သူမေးသေးတယ် ။ ငါ မဖြေလိုက်တာ''

"ကိုကိုကြီးကလေ တကယ်ပဲ ။ ကလေးလို့ ပြောရ
အောင် အဲ့ကောင်လေး အသက်က ၁၇ ကျော်လို့
၁၈ ထဲပဲဝင်နေပြီ။ ပြီးတော့ မားက ပြန်ခေါ်နေတာတောင် ကိုကိုကြီး သူ့ကို မထားခဲ့နိုင်လို့ ပြန်မလာတာမလား''

တေဇက တွေးတွေးဆဆနဲ့ ပြောတော့ ကိုသော် ငြိမ်ကျသွားရသည် ။ တေဇ အမေးကို မည်ကဲ့သို့ ပြန်ဖြေရမည်လဲ စဥ်းစားမရ ။ မဟုတ်ဘူးလို့ မငြင်းချင် ။ ဟုတ်တယ်လို့ ဝန်ခံရန်လည်း အခက်သား။

"ဟို...ငါ သူတို့ ဘော်ဒါကို ခဏ သွားလိုက်အုန်းမယ်။ ဘာတွေ ဘယ်လိုဖြစ်ကြတာလဲ သိချင်လို့။
ရိတ်သိမ်းကို စိတ်ချမယ်နော်''

အသက်တည်သရွေ့ (Unicode +Zawgyi) CompleteWhere stories live. Discover now