အပိုင်း(၂၃)

4.7K 488 12
                                    

ရေချိုးပြီးနောက် တစ်ညလုံး ထမင်းမစားပဲ စိတ်ကောက်တော် မူနေသော ကိုယ်တော်ချောကို တေဇ ချော့ရသေး၏ ။

"ကို''

"ခုချိန် အဲ့လိုအကြည့် အဲ့လို အခေါ်တွေနဲ့ ငါ့ကို လာမချွဲနဲ့ ၊ ငါ စိတ်ဆိုးချင်နေသေးတယ်''

"ဟမ်''

"ဟုတ်တယ်.. ကိုယ် စိတ်ဆိုးချင်သေးတယ် ။ ကိုယ့်ကို အဲ့လို puppy eyeနဲ့ လာမကြည့်နဲ့ တေဇ ။ ​ကိုယ် မင်းကို ကြာကြာ စိတ်ကောက်နိုင်မှာ မဟုတ်ဘူး''

" ဟော.... ''

"မောင့်ကို ကိုယ် ဘာပြောထားလဲ။ marking ပေးရင် လည်ပင်းတို့ လူမြင်ရတဲ့ နေရာတို့ကို ခွင့်ပြုတယ် ပြောလား။ မပြောဘူးလား''

"ခွင့်မပြုဘူး ပြောထားတယ်''

"အဲ့တာဆို မောင် မှန်လား မှားလား''

" ဟာဗျာ.. ကလေးကိုဆူနေတာလား။ မောင့်ကို ဆူနေတာလား''

"မေးတာပဲဖြေ တေဇထွန်း''

မဖြေ၍ မရတော့ ။ လေသံက မာစပြုနေသည်မို့ တေဇမှာ တုန်တုန်ရီရီနှင့် ဖြေရသေး၏ ။

"မောင် မှားပါတယ်''

"မှားတာ ဝန်ခံတယ်နော်''

"အင်း ... ဝန်ခံတယ်လို့''

"ကိုယ်တိုင် မှားမှန်းလည်း သိတယ် ။ ဝန်လည်း ဝန်ခံတယ် ဆိုတော့..''

"အပြစ်မပေးနဲ့တော့''

"မရဘူး အပြစ်ရှိတဲ့သူတော့ အပြစ်ပေးရမှာပဲ''

"အဲ့တာဆို ပြော။ ဘာအပြစ်ပေးမှာလဲ''

" အချိုတည်းခွင့် တစ်လ ပိတ်တယ်''

"ဟာ.... တစ်လကြီးတောင်''

"အေးလေ ကိုယ်က နှစ်လပိတ်မယ် ပြောထားတယ်လေ ။ ခုက အပြစ် ဝန်ခံလို့ တစ်လလျော့ပေးတာ''

ပြောသည့်အတိုင်း လုပ်တက်သော သူရိန့်ကို တေဇ အထွန့်မတက်ရဲ ။ အထွန့်တက်ပါက ပေးလာမည့် အပြစ်သာ တိုးပေးမည်ကို သိသောကြောင့် တေဇ ငြိမ်နေလိုက်ရသည် ။

နာရီဝက်မျှအကြာ တေဇ ဆေးလိပ်သောက်ရန် ဆေးလိပ်ဘူးနှင့် မီးခြစ် ကိုင်ပြီး ပြတင်းပေါက်မှ  မှန်တံခါးကို ဆွဲအဖွင့် အိမ်ရှေ့ ခရေပင်အောက်တွင် ရန်ဖြစ်နေသော လူနှစ်ယောက်ကိုတွေ့လိုက်ရသည် ။

အသက်တည်သရွေ့ (Unicode +Zawgyi) CompleteWhere stories live. Discover now